Wednesday, January 29, 2014

မြန်မာ ဗီဒီယို ဇာတ်လမ်း အသစ်

ⒶⓊⓃⒼ's photo.
တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသဖြင့် ပေတိပေစုတ် ထွက်လာသော "သီဟတင်စိုး"တစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက်၍ ဂျင်ကလိ လာဝယ်လေရာ မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။ ထိုစဉ် ပေတိပေကြောင်နှင့် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။

ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် ကုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော "ဟိန်းဝေယံ" ဆင်းချလာလေသည်။ ဆင်းဆင်းလာချင်း နေကာမျက်မှန်ကို ချွတ်ကာ အလိုမကျသလို ပုံစံဖြင့် ကားပတ်လည်ကို သေသေချာချာ ကြည့်၏။ ကားနောက်ခန်းမှ သူ၏ အမြဲတမ်း သူငယ်ချင်းများ ဖြစ်ကြကုန်သော" ဇော်ဇော်အောင်နှင့်" ဇင်မျိုး" တို့မှာ ပြာပြာသလဲ ဖြစ်ကာ ဆင်းလာကြပြန်လေလျှင် တောသားကြီး" သီဟတင်စိုး" မှာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။" ဟိန်းဝေယံ" မှ တောက်တစ်ချက်ခေါက်ကာ နေကာမျက်မှန် ပြန်တပ်ပြီး ကားပေါ် ပြန်တက်သွားသည်။