Monday, November 18, 2013

လူလည်ကျချက် ..

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင်သွားပြီး မျက်နှာပေါ်က
အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက်  သုံးပစ်လိုက်ရပေမဲ့ အင်မတန်
အကျိုးထူးတဲ့ ရလာဒ်ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်သေး
တယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
 

“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။

နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို
အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။

ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။

စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက်အချို့ 

 
Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင်
အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များ ကတော့ အောက် ပါ အတိုင်း ဖြစ်ပါတယ် -
 
၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ် သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။
 

အမျိုးသားတို့ အထင်ကြီး၊သဘောကျအောင် မမတို့အတွက် ဆောင်ရန် ၁၃ ချက်

 
ဒီနည်းလမ်းတွေအတိုင်းသာ ကျင့်သုံးသွားရင် အမျိုးသားတို့ရဲ့ အထင်ကြီး၊လေးစား၊ သဘောကျခြင်း
ခံရမယ်လို့ ညွန်းထားပါတယ်။ အနောက်တိုင်းက ကျန်းမာရေးနဲ့ Life style ဝဘ်ဆိုဒ်တစ်ခုက ဖော်ပြ

ထားတာဖြစ်ပါတယ်။ အမျိုးသမီးများ အနေနဲ့ အမျိုးသားတို့ အထင်ကြီး ခံရရန် ကျင့်ကြံရမယ့် နည်း လမ်း ၁၃ ချက်ဆိုပြီး ဖော်ပြထား ပါတယ်။ ဒီတော့ မြန်မာ့ယာဉ်ကျေးမှုနဲ့ ကိုက်ညီအောင် မြန်မာအမျိုး သမီး များအတွက် ယခုလို အနီးစပ်ဆုံး ဘာသာပြန်မျှဝေ ပေးလိုက်ပါတယ်။

ဗုဒ္ဓဝါဒ ဆိုတာ

ဗုဒ္ဓဝါဒ ဟာ
  • မြင့်မြတ်တဲ့ အယူဝါဒဖြစ်ပါတယ်။
  • ငြိမ်းချမ်းတဲ့ ယုံကြည်မှုဖြစ်ပါတယ်။
  • ယဉ်ကျေးသိမ်မွေ့ခြင်းကို လမ်းညွှန်ပေးပါတယ်။
  • လူလူချင်းလေးစားတဲ့ သဘောထားကို မွေးမြူပေးပါတယ်။
  • မိမိကောင်းကျိုးကို အခုဘဝနဲ့ သံသရာ အတွက် အားကိုးတတ်ဖို့သင်ကြားပေးပါတယ်။
  • အကုသိုလ်တရားကို ရှောင်ရှားဖို့ တားမြစ်ပါတယ်။
  • ခွင့်လွှတ်ခြင်းကို ကိုယ်စားပြုပါတယ်။
  • စာနာခြင်းကို လေ့ကျင့်ပေးပါတယ်။
ဗုဒ္ဓကို ကြည်ညိုသူ
ဗုဒ္ဓဝါဒကိုယုံကြည်သူ
မည်သူမဆို
ဘာသာတရားရဲ့ အထက်ဖော်ပြပါ အနှစ်သာရများကို
လက်တွေ့ကျကျ နှလုံးသွင်းမှသာ
ကျင့်ကြံလိုက်နာမှသာ
ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပါလိမ့်မယ်။


ဘုရားက သင်ကြားပို့ချသွားတဲ့
အနှစ်သာရများကို( တရားတော်များကို )
ချိုးဖျက်သူ
ဆန့်ကျင်သူ
မည်သူမဆို
သာသနာတော်ကို ညစ်နွမ်းစေသူ
အယူလွဲသူ
ယုတ်ညံ့သူအဖြစ်ရောက်ရှိနိုင်တာကြောင့်
သရဏဂုဏ် တရားပျက်ရုံမက
အပယ်ငရဲသို့ လားနိုင်တာကြောင့်
မမေ့မလျော့ မပေါ့ကြစေလိုပါကြောင်း၊


မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ မြင့်မြတ်မှုကို
မိမိရဲ့ မြင့်မြတ်သော ပြောဆိုပြုမူနေထိုင်မှုနဲ့
ပြသရန် လုံးဝ တာဝန်ရှိပါကြောင်း
ဘာသာသာသနာကို လက်တွေ့ ရိုသေလေးစား တန်ဖိုးထားနိုင်ကြရန် အတွက်
မေတ္တာရှေ့ထားလျက် လေးစားစွာ
တောင်းပန်ပါကြောင်း ခင်ဗျာ။ ။


စာမဖတ်လျှင် အနာဂါတ်ဆုံးရှုံးမည်

ကျွန်တော်ငယ်ငယ်က ကုန်းကောက်စရာမရှိအောင်ဆင်းရဲတယ်။ လမ်းဘေးမှာ တဲနဲ့နေရတယ်။ ၁၉၇၀ ခုနှစ်တွေတုန်းက ကျွန်တော့ မွေးရပ်မြေ ဧရာဝတီတိုင်းရေကြည်မြို့လေးမှာ ငွေ နှစ်ရာရှိရင် ကိုယ်ပိုင် အိမ်နဲ့ ခြံနဲ့ နေလို့ရတယ်။ တစ်မြို့လုံးမှာ လမ်းဘေးကျူးကျော်တဲ့ဆိုတာ ကျွန်တော်တို့ မိသားစု နေတဲ့ တဲအိမ်ကလေးတစ်လုံးပဲ ရှိတယ်။ ကျွန်တော်ဘယ်လောက်ဆင်းရဲခဲ့သလဲ မှန်းကြည့်လို့ရလောက်ပြီ။

ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း



 တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ၂၇ နှစ် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့်
 တွေ့ဆုံမေးမြန်း ဖြစ်သည်များကို ထုတ်နုတ် ဖော်ပြလိုက်ရပါသည်။

Voice : ထောင်ထဲမှာ ဘယ်လောက် နေခဲ့ရလဲဗျ။

UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။

Voice : လွတ်မယ်ဆိုတာ ကြိုသိပါ သလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။

UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။ ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။

Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေး ပြန်လုပ်မှာလား။

UANW : မလုပ်သေးပါဘူး။ အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။

Voice : နိုင်ငံရေးလုပ်ဖို့ ရှိပါသလား၊ ပါတီတစ်ခုထောင်ဖို့ ရှိပါသလား၊ လွှတ်တော် ထဲကိုဝင်ဖို့ ရှိပါသလား။

UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။ ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲ
            ကိုဝင်မှ နိုင်ငံရေး မဟုတ်ပါဘူး။ အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။

Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။

UANW : အမျိုးသားနိုင်ငံရေးပါ။ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင်
            လုပ်တာမျိုးတွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေးနဲ့ ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့
            ဘက်က ပြည်သူ အပေါ်မှာ ကူညီပေးနိုင်တဲ့ နိုင်ငံရေးကို ပြောတာပါ။

Voice : တစ်သီးပုဂ္ဂလ အနေနဲ့ နိုင်ငံရေးလုပ်လို့ ရတယ်လို့ ဆိုလိုတာလား။

UANW : မဟုတ်ပါဘူး။ အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့
            လူတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး
            အကျိုးကျေးဇူး ရလာရင်တော့ လုပ်မှာပါ။ ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်
            ဖွယ်ရှိတော့ ဝင်ပါစရာ မလိုသေးပါဘူး။

Voice : နိုင်ငံတော် ပုန်ကန်မှု လုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။ အဲဒါ တကယ် လုပ်ခဲ့တာလား၊
           အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။

UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။ အဲဒီကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။

Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။

UANW : ဘာမှ မမြင်ပါဘူး၊ နာကြည်းတဲ့ ခံစားချက်လည်း ဘာမှ မရှိဘူး။ ဒါပေမဲ့ မမြင်ဘူးဆိုတာ
            အစိုးရကြောင့် ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။ အစိုးရကို ချုပ်ကိုင်ထားတဲ့
            လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ
            ဆိုတော့ အစိုးရကို ဘယ်လိုမှ မမြင်ပါဘူး။ နောက်ပြီး အစိုးရသာ မကောင်းခဲ့ရင် ကျွန်တော့်
             အဘိုးတောင် အပြင်မှာ နေရမှာ မဟုတ်ဘူး။ အစိုးရ သဘောထား ကောင်းခဲ့တာကြောင့်
             အဘိုးဟာ သာမန်လူတစ်ယောက် လိုပဲ အပြင်မှာ နောက်ဆုံး ထွက်သက်အထိ မြန်မာနိုင်ငံသား
             တစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။

Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ အချိန်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ချိပ်ပိတ် ခံခဲ့ရပါသလဲ။

UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။
             ကိုယ်ကိုယ်တိုင် မှန်မှ သူများကို မှန်မှန်ပြောလို့ ရမှာပါ။ နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့
             နိုင်ငံတွေက ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့ အချိန်မှာ
             စာရင်းအင်းနဲ့ နိုင်ငံတော်နဲ့ ပါတီကို ပြန်အပ်ခဲ့ရတာလေ။ နာရီ ဘယ်နှလုံး၊ ကော်ဇော
             ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။ ကျွန်တော် ပြောနေတာကို မယုံရင်
             အခု သက်ရှိထင်ရှား ရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ
             ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။ တပ်မှူး၊ တပ်မမှူး အဖြစ် တာဝန်
             ထမ်းဆောင်ခဲ့တဲ့ သူတွေလေ၊ သူတို့တွေ တာဝန်ကျရာမှာ ကျွန်တော်တို့က မိသားစု
             အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။ အိမ်တစ်လုံး ပေးပါဆိုပြီး တောင်းခဲ့တာ မရှိဘူး။
             သူတို့ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။သူတို့တွေထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး
             မောင်အေးတို့၊ ဗိုလ်ချုပ်ကြီး ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။ ကားတို့၊ နိုင်ငံခြား
             ပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့ ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊
             သူတို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

Voice : ပြည်သူတွေကြားမှာ မိသားစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါတယ်။

UANW : ပြည်သူတွေကိုတော့ ပြောစရာ မလိုပါဘူး။ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင်
            သတင်းလွှင့်တဲ့ သူတွေ ရှိတယ်။ သူတို့က မိသားစုကို မလိုမုန်းထား ရှိခဲ့ကြတာလေ။
            ရေးကြီးခွင်ကျယ် ပြောနေစရာ မလိုဘူး။ ဘယ်နိုင်ငံမှာမဆို ဒီလိုအဆင့် အတန်းနဲ့ နေခဲ့ရတဲ့
            မိသားစုကို ကြိုက်တဲ့ သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိမှာပဲ။

Voice : ရေးကြီးခွင်ကျယ် ပြောစရာ မလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။

UANW : အရေးတယူလုပ်ပြီး ရှင်းစရာ မလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ
             ယုံကြည်လို့ပါ။ သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အလေးမထားပါဘူး။

Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။

UANW : အခု အစိုးရ လက်ထက်မှာ အပေါင်း လက္ခဏာတွေကို တွေ့ရလို့ ဝမ်းသာပါတယ်။ သို့သော်
            စနစ်ပြောင်း ခေတ်ပြောင်းလို့ တိုးတက်လာတာလား၊ လူ ပြောင်းသွားတာကြောင့် တိုးတက်
            လာတာလား ဆိုတာ စဉ်းစားကြည့် ဖို့လိုမယ်။ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ဒီစနစ်ကိုကြိုက်လို့
            ဝမ်းသာအားရ ပူးပေါင်းလာတဲ့သူ မရှိပါဘူး။ အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့
            ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်အစိုးရမို့လို့ မကောင်းဘူး၊
             တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို လက်မခံဘူး။

Voice : ဘာလို့ လက်မခံတာလဲ။

UANW : အခု တာဝန် ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ရင်
            တိုင်းပြည် ပိုပြီးတော့ တိုးတက်မယ်လို့ ယူဆလို့ပါ။ ဝန်ကြီးချုပ် ဆိုတော့ အဲဒီအချိန်က
           အခြေခံဥပဒေ မရှိဘူး။ အခြေခံဥပဒေရဲ့ ထိန်းချုပ်ခြင်းကို မခံရဘူးလေ။ သူ အခုအချိန်ထက်
           ကောင်းအောင် လုပ်လို့ရတယ်။ အခုက ဘာပဲ လုပ်ချင်လုပ်ချင် အခြေခံဥပဒေက ထိန်းချုပ်ထား
            တာ ဆိုတော့ ဘာမှ လုပ်လို့မရဘူး။ ခေတ်စနစ်ထက်စာရင် တိုင်းပြည် အုပ်ချုပ်တဲ့သူ
           ပြောင်းသွားလို့ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွားတာပါ။

Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။

UANW : အဲလိုပြောလို့ မရပါဘူး။ လူနဲ့ စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။ တိုင်းပြည် စပြီး
             ထူထောင်ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ သမ္မတ ကောင်းကောင်း လိုအပ်တာပါ။

ဟိန်းသွင်ထက်
The Voice Weekly

သက်ညှာတော်မူပါ......

https://www.facebook.com/photo.php?fbid=477673625683680&set=a.441512739299769.1073741828.441510405966669&type=1&theater

Facebook မှာ လော့ကျနေတာကို ရအောင်ဖွင့်နည်း

ယခုပြန်လည်မျှဝေပေးမှာကတော့FacebookမှာLockကျနေတာများထဲက အများဆုံးLockကျတဲ့
Phone numberထည့်ဖို့ခက်ခဲနေတဲ့မြန်မာပြည်က သူတွေအတွက်ပါ။နိုင်ငံခြားမှာရှိသူတွေကတော့ ဖုန်းနံပါတ်ထည့်တဲ့နေရာမှာအားလုံးအဆင်ပြေကြပါတယ်။ 

Facebookကများသောအားဖြင့်မြန်မာပြည်က ဖုန်းနံပါတ်တွေထည့်ကြည့် Codeပြန်မပို့တာများတယ်။ အဲဒီအခက်အခဲတွေကိုကျော်လွှားဖို့အတွက်  အောက်ကနည်းလမ်းတွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ (100%)ရစေရမယ်လို့အာမခံပါတယ်။ ကျွန်တော်ကိုယ်တိုင် အချိန်ကုန်ခံစမ်းသပ်ပြီး မြန်မာပြည်ကLockကျလို့ အကူညီတောင်းထားတဲ့ အစ်ကိုတဦးကိုလည်း သူ့အကောင့်ကို ယခုနည်းလေးစမ်းသပ်ရင်းနဲ့ ကူညီပေးလိုက်တာပါ။ 
ဒီနည်းလမ်းကိုစတင်ရှာဖွေတွေ့ရှိသူကတော့ သဇင်ကိုကို ပါ။သူက MMUGမှာပြန်လည်မျှဝေထားလို့ ကျွန်တော်က စမ်းသပ်ကြည့်ပြီးလုံးဝအဆင်ပြေလို့ ပြန်လည်မျှဝေလိုက်တာပါ။ သဇင်ကိုကို ကိုလည်း Creditဒီနေရာကနေဘဲပေးပါတယ်။ကဲ........ပြောနေတာနည်းနည်းများသွားပြီင်္။ အောက်ကနည်းအတိုင်း လုပ်ကြည့်လိုက်ကြပါဗျာ..............
 

နိုင်ငံတော်၏ စေတနာ

ရင်သားကြီးခြင်း၏ နောက်ကွယ် (မိန်းကလေးများအထူးဖတ်ရန်)

 
အလှကုန်ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေ သည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာအရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။ အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှ ကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။ အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်းရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက်ဖြစ်ပေါ်
နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။
 

ပေါက်ဖော်ကြီးရဲ့ စေတနာ

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?


တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို
ဝါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။

သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ
 ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ်
ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။

သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။ သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ
တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို
 ဖြတ်ကူးလာနိုင်သတဲ့။

သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။
ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”

အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့
“ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။
သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ် ခွေးမသား အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ”

တစ်ချက်လောက်ပြုံးမိရင် ကျေနပ်ပြီ.........


ဟာသ ဟင်းအိုးကြီး

ခင်များတို့ လုပ်တတ်တာ ဘာရှိလဲ ...............

လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး။

ဆံစပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး။

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး။

ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး။

စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။

ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ဘူး။

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းဘူး။

သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တပ်ဘူး။

ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ရတယ်။

သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ဘူး။

ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ဘူး။

ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးဘူး။

ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရဘူး။

အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး။

အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ဘူး။

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းဘူး။

အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်တယ်။

မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ဘူး။

ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး။

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူဘူး။

ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေရတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ကြဘူး။

ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နေတယ်
အာဏာရှင် စိတ်ဓါတ်နဲ့။

ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး။

(ဒေါက်တာ အောင်ခင်)

General Knowledge

ကျွန်တော် နလပိန်းတုန်းပါ......

ဖုန်းန်း ပါမစ်တွေကို သိန်းပေါင်းများစွာ နဲ့ ကမ္ဘာမှာဈေးအကြီးဆုံး ရောင်းစားခဲ့ပေမယ့်
အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

ကားပါမစ်တွေ တစ်စောင်ကို သိန်း ၂ ထောင်..၊ ၃ ထောင် ၀န်းကျင် အထိ ရောင်းစားခဲ့ပေမယ့် အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

နှစ်စဉ် ကျောက်မျက်ရတနာပြပွဲတွေကနေ ဒေါ်လာသန်းပေါင်း ၆ ရာ..၊ ၇ ရာ..၊ ၈ ရာ..
ရောင်းစားခဲ့ပေမယ့်… အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

သဘာဝဓါတ်ငွေ့ နဲ့ သစ်တော သယံဇာတတွေ နှစ်စဉ် ဘီလီယံနဲ့ချီ ထုတ်ပြီး ရောင်းစားခဲ့ပေမယ့် အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

ငွေစက္ကူတွေ ၂၀၀/၅၀၀/၁၀၀၀/၅၀၀၀/၁၀၀၀၀ တန်တွေ ဗုံးပေါလအော လိုသလိုရိုက်ထုတ်ပြီး ငွေဈေးတွေကစား…၊ အမြတ်ကြီးစား သူတွေစား..၊ နိုင်ငံခြားဘဏ်မှာ လက်ဖျား ဒေါ်လာတွေ သီး နေအောင် သုံးဖြုန်းနေတဲ့ မိသားစုကောင်းစားရေး ကိုယ်ကျိုးရှာတဲ့အလုပ်မျိုး လုပ်နေလိုက်ကြတာ အနစ်နာခံခဲ့တယ်..၊ အရှုံးခံခဲ့တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်...။

((နိုင်ငံ ဆင်းရဲနေရတာဟာ ပြည်သူတွေကို အရှုံးခံ..၊ အနစ်နာခံပြီး ၀န်ဆောင်မှုတွေ ပေးခဲ့ရလို့ ဆင်းရဲရတာပါ….။ ဥပမာ… စားရိတ်မျှပေး ကျန်းမာရေး…တို့..၊ လျှပ်စစ်မီတာခ လျှော့ယူတာတို့… ဘာတို့.. ညာတို့… ကြောင့် နိုင်ငံ နဲ့ လူမျိုးဆင်းရဲနေရတာပါ…..))

ဟုတ်ပါပြီ... ဟုတ်ပါပြီ....
နှစ်ပေါင်းများစွာ နိုင်ငံကို အုပ်ချုပ်ရေး အစွမ်းပြ ကိုယ်ကျိုးရှာ မင်း လုပ်ခဲ့တဲ့သူတွေ အသုံးမကျခဲ့လို့ နိုင်ငံ ဆင်းရဲခဲ့ရတာ မဟုတ်ဘူး…ပေါ့...နော်.....။

ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျနော် နလပိန်းတုံးပါ...


credit to - Ko Nay Myo

အင်တာနက်သတင်းများ

အသက်အရွယ်အလိုက် မိန်းကလေးနဲ့ ယောင်္ကျားလေးတွေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

မိန်းကလေး~~~


၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။

၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။

၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။

၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။

၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။