ကျွန်တော် ၂၀၀၄ ခုနှစ်မှာ ပျဉ်းမနား အထက (၁)က ဆယ်တန်းအောင်တော့ ကျောက်ဆည်အဝေးသင် တက္ကသိုလ် လျှောက်တဲ့အခါ ရမှတ် ၂၄၀ ကျော်ရုံလေးမို့ ၀ိဇ္ဇာဘာသာတွဲပဲရမယ်တဲ့။ တကယ်လည်း ပထ၀ီဝင်ဘာသာ ရခဲ့ပါတယ်။ ပထမနှစ် ဆိုတော့ အဝေးသင်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ စာတွေကျက် ရမှာလား၊ သင်ရိုးစာအုပ်တွေပဲ လေ့လာရမှာလား ဆိုပြီး ရင်ခုန်ခဲ့ရတယ်။
ပြီးတော့မှ အကျိုးဆောင်တွေဆီသွားပြီး ကျောင်းအပ်ခိုင်း၊ နောက်တော့ စာစဉ်တွေ ရေးရမယ်ဆိုတော့ အကျိုးဆောင်ဆီသွား၊ ပထမနဲ့ ဒုတိယစာစဉ်တွေထုတ်။ တက္ကသိုလ်က ပါမောက္ခတွေက ဖြေထားတာလို့
ပြောတဲ့ အဖြေစာအုပ်တွေပါပြီးသား။ အဲ့ဒီစာအုပ်ကို ကြည့်ကူးရုံပဲ။ ကိုယ်တိုင်မရေးချင်ရင် အကျိုးဆောင် ဆီမှာ အငှားနဲ့ ရေးလည်း ဖြစ်တယ်။ ရေးပြီးရင် အကျိုးဆောင်ဆီပြန်ပေး။ သူတို့ဘာသာ ကျောင်းကို ပို့တယ်။