Thursday, December 12, 2013

မြင်တွေ့ဘူးသမျှမုန့်များထဲတွင် ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသော တရုတ်မုန့်

 
ကျောင်းဈေးဆိုင်များနဲ့ မြို့ထဲရှိ မုန့်ဆိုင်များမှာတင် ပြီးကလေးများကိုရောင်းချနေကြတာပါ။ 
  • တထုပ်ကို ၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။
  • တရုတ်မုန့်ပီပီ ထုံးစံအတိုင်း ဖတ်မရတဲ့စာများနဲ့ ရေးသားထားတာပါ။
  • မုန့်တံဆိပ် လိုဂိုကတော့ ကလေးများကို လူမျိုးတုန်း သေကြေစေမယ့်သင်္ကေတလို့ ယူဆရတဲ့၊ မုန့်ထုပ်နဲ့လားလားမှ သက်ဆိုင်မှုမရှိတဲ့ ကြောက်မက်ဖွယ်ရာ အမူအရာနဲ့ အရိုးခေါင်းတံဆိပ် ရိုက်နှိပ်ထားပါတယ်။ 
  • အထဲမှာတော့ တရုတ်နို့မှုန့်လို့ ယူဆရတဲ့ ဖြူဖြူအမှုန့်တွေကို ဘိန်းဖြူပုံသဏ္ဃာန်
  • ပြုလုပ်ထားပါတယ်။
  • အဆိုးဆုံးကတော့ ဒီမုန့်ကို ကလေးတွေ စားစေတဲ့နည်းလမ်းပါ။
  • မုန့်ထုပ်ဝယ်ယူတဲ့ကလေးကို ဆိုင်ရှင်က စီးကရက်ပုံစံ စက္ကူချောင်း တချောင်းပေးပါတယ်။
  • ကလေးက အဲဒီစက္ကူချောင်းထဲကို ဖြူဖြူအမှုန့်တွေ သိပ်ထဲ့ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုတ်ပြီး စားစေတာပါ။
  • ကဲ နုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို
  • လူမျိုးတုန်းအောင် အဆိပ်ကျွေးရုံနဲ့ အားမရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်အောင် လက်တွေ့သင်ပေးနေတာ မဟုတ်ဘူးလားဗျာ။
  • ဒါ အလကားသင်ပေးနေတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ ကလေးတွေဆီက ပိုက်ဆံယူပြီးမှလုပ်တာ။
  • ဒီထက်ပက်စက်တဲ့ အကြံအစည်ရှိသေးလို့လား။ သူတို့နိုင်ငံမှာတော့ ဒီလိုလုပ်ရပ်မျိုးကို သေဒဏ် ပေးတယ်။
ကျွန်တော်တို့ နိုင်ငံမှာကော....... ဘယ်သူ့ကို ဘာဒဏ်တွေပေးကြမလဲ ?
 
ဝိသမထား၊ လောဘသားတို့၊
လုပ်ချင်တိုင်းလုပ်၊ ဤဇာတ်ရှုတ်ကို၊
နေ့ခြင်းညခြင်း၊ မဖြေရှင်းက၊
ကလေးများအားလုံး၊ ကင်ဆာဖုံးလို့၊
လူမျိုးတုန်းမှာ၊ အသေချာတည့်၊
သတိတရား၊ လက်ကိုင်ထား၍၊
ညီညာဖြဖြ၊ တွန်းလှန်ကြ။
 
ဒေါက်တာကျော်ဆွေ

ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၁

      ဒီအထဲမှာတော့ အနည်းငယ်ထူးဆန်းတဲ့ မင်္ဂလာဆောင်တွေက မိမိကိုယ် မိမိ ပြန်ပြီး လက်ထပ်တာတွေဖြစ်ပါတယ်။
       ၂၀၀၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံသား လျှူရီ ဆိုသူဟာ မိမိကိုယ် မိမိ ပြန်ပြီးတော့ လက်ထပ် ခဲ့ပါတယ်။  မင်္ဂလာဆောင်မှာတော့ သူ့ကိုယ်သူ သတို့သမီးလို ၀တ်ထားတဲ့ ဓာတ်ပုံကြီးကို ထောင်
ပြီးတော့ မင်္ဂလာဆောင်ခဲ့တာပါ။  သူဟာ အခြား သူတွေထက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ဝင်စား တယ်လို့ ၀န်ခံခဲ့ပါတယ်။  ဒါပေမယ့် သူ အိမ်ထောင်ပြုရခြင်းရဲ့ အဓိက အချက်တွေကိုတော့
 ပြောသွားရာမှာကတော့ “ခုလို ကိုယ့်ကိုကိုယ် လက်ထပ်ရတာဟာ အကြောင်းအရင်းများစွာရှိပါတယ်။  ဒါပေမယ့် သဘာဝကျတဲ့ လောကကြီးကို စိတ်တိုင်း မကျခြင်းကို ဖော်ပြချင်လို့ပါ” လို့ ပြောသွားပါသတဲ့။

ဒီလိုမျိုး ကိုယ့်ဟာကိုယ် လက်ထပ်တာ ယောင်္ကျား
လေးတွေမှာသာ ရှိတာမဟုတ်ပါဘူး။  ၂၀၀၃ ခုနှစ်မှာတော့ ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာ ဟိုစ့် တစ်ယောက် သူမ အသက် ၃၀ ပြည့်တဲ့နေ့၊  နယ်သာလန်နိုင်ငံမှာ သူမကိုယ်သူမ လက်ထပ်ခဲ့ပါ သတဲ့။  ဒီလုပ်ရပ်ဟာ သူမသူငယ်ချင်းတွေနဲ့ မိသားစုတွေ ကြားမှာတော့ အုတ်အော်သောင်း နင်းဖြစ်သွားခဲ့ပါတယ်။  သူမကတော့ “လက်ထပ်ပွဲ မှာ ဘာဖြစ်လို့ တစ်ယောက်ထဲ ကိုယ့်ဟာကိုယ် သစ္စာဆိုလို့ မရနိုင်ရမှာတုန်း၊ ဒါဟာ ဘ၀တစ်ခုလုံးအတွက် ပြီးပြည့်စုံမှု့နဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ ပတ်သတ် မှု့ပဲလေ” လို့ ဆိုသွားပါတယ်။  ဘယ့်နှယ် နားလည်ရမှန်းကို မသိတော့ဘူး။   

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပါလားဟင် ?





Photo - News of Myanmar