Thursday, October 31, 2013

ကာတွန်း ကျော်သူရိန်ရဲ့ " အဖိုးတန် ဘောပင် "


စိန်စီထားသော စကားလုံးများ


ကြားဖူးတဲ့စကားလေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ် ။ အဲဒီမှတ်သားဖွယ်ရာတွေကို ကျွန်တော်က “ စိန်စီထားသော စကားလုံးများ ” လို့နာမည်ပေးချင်ပါတယ် ။ အပိုင်းဆက်လည်း တင်ဆက်ပေးချင်ပါတယ် ။ တချို့က ကြားဖူးတာတွေ တချို့ကဖတ်ဖူးတာတွေ တချို့က စိတ်မှာပေါ်လာတဲ့အရာတွေ ။

၁ ။ သင်ဆင်းဆင်းရဲရဲ မွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး။
     ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားရင်တော့ သင့်အပြစ်ပါပဲ ။

၂ ။ သင်မွေးဖွားစဉ်က ကိုယ်ရည်ကိုယ်သွေး ညံ့ဖျဉ်းတာသင့်အပြစ်မဟုတ်ပါဘူး ။
     ဒါပေမယ့် သေဆုံးသွားသည်အထိ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခဲ့ရင်တော့သင့်အပြစ်ပါပဲ ။

၃ ။ သင့်အိပ်မက်တွေ တကယ်ဖြစ်မလာသေးတာ သင့်အပြစ်မဟုတ်ပါဘူး ။
      ဒါပေမယ့် အိပ်မက်ကို အိပ်မက်အတိုင်းပဲထားပြီး စလုပ်ဖို့မကြံစည်သေးတာ သင့်အပြစ်ပါပဲ ။

၎ ။ မလုပ်ဖူးပဲနဲ့မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ ။ လုပ်ကြည့်ပြီးမှ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပြောပါ ။

၅ ။ ကိုယ့်ကိုယ်ကို စည်းကမ်းတကျနေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ခြင်းတစ်မျိုးပါပဲ ။

၆ ။ ဥာဏ်မရှိတဲ့လူက တစ်ခါရှုံးတယ် ၊ ၀ိရိယမရှိတဲ့လူက ၂ ခါ ရှုံးတယ် ။
    ပျင်းတဲ့လူက အကြိမ်ကြိမ်ရှုံးတယ် ။

၇ ။ အကောင်းမြင်စိတ်များတဲ့သူတွေကို အောင်မြင်သူဖြစ်လာတယ်။
      အဆိုးမြင်စိတ်များတဲ့သူက ရှုံးနိမ့်သူဖြစ်လာတယ် ။

၈ ။ ရှင်သန်ခြင်းရဲ့သော့ချက်က အသက်ရှုနေဖို့မဟုတ်ဘူး။
     ဘာကြောင့် အသက်ရှူနေရတာလဲဆိုတာ “ သိ ” ဖို့ဖြစ်တယ် ။

၉ ။ ဘယ်ရာမှာမှ အဆုံးသတ်ဆိုတာမရှိဘူး အဆုံးသတ်လို့ထင်ရတဲ့အရာတွေရဲ့
     နောက်ကွယ်မှာ အဆုံးမသတ်နိုင်သေးတဲ့ “ သံသရာ ” ခရီးရှည်ကြီးရှိတယ် ။

၁၀ ။ အမှားတွေလုပ်ခဲ့မိတဲ့တာထက်
       အပြစ်အတွက် အမှားတွေကို ပြန်လည်မပြင်ဆင်နိုင်တဲ့ သင့်အပြစ်က ပိုပြီးကြီးမားပါတယ် ။

လူတွေက သင့်ကို ဒုက္ခပေးနေပြီဆိုရင်.........

လယ်သမားတစ်ယောက်က မြို့ပေါ်တက်လာတယ် ပြီးတော့စားသောက်ဆိုင်ပိုင်ရှင်ကို မေးတယ် ။

“ ကျွန်တော့်ဆီမှာ ဖားခြေထောက်တွေ သန်းနဲ့ချီပြီးရနိုင်တယ်။ ဒီမှာ သွင်းလို့ရမလား ” 
စားသောက်ဆိုင်ပိုင်ရှင်က အရမ်းကိုအံ့သြသွားတယ် ။
ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ဖားတွေ ရနိုင်မလဲဆိုတာမေးတယ် ။

လယ်သမားကပြန်ဖြေတယ် ။ “ ကျွန်တော့်အိမ်နားမှာ ရေကန်တစ်ကန်ရှိပါတယ် အဲဒီကန်ကြီးဟာ ဖားတွေနဲ့ပြည့်နှက်နေပါတယ် တစ်ညလုံးဖားအော်သံတွေနဲ့ ကျွန်တော့်ကို အရမ်းစိတ်အနှောက်အယှက်
ပေးတာပါပဲ ” 
 
ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ လယ်သမားဟာ သဘောတူညီမှုတစ်ခုလုပ်လိုက်ကြတယ် ။
လယ်သမားဟာ အပတ်စဉ် ဖားတွေကို စားသောက်ဆိုင်ပို့ရမှာဖြစ်ပြီးတစ်ပတ်ကို အကောင် ၅၀၀ ခန့်ပို့ဖို့သဘောတူလိုက်ပါတယ် ။

ပထမဆုံးအပတ်မှာ လယ်သမားဟာ စားသောက်ဆိုင်ကို ရှက်ကိုးရှက်ကန်းမလုံမလဲ မျက်နှာနဲ့ 
ပြန်ရောက်လာတယ် ။ သူ့လက်ထဲမှာလည်း ပိန်လှီဖျော့တော့တဲ့ဖားကလေး ၂ ကောင်ပဲပါလာတယ် ။ 
 
စားသောက်ဆိုင်ပိုင်ရှင်ကမေးတယ် ။
“ ခင်ဗျားပြောတဲ့ဖားတွေအများကြီးဆိုတာဘယ်မှာလဲ ” 
 
လယ်သမားကပြန်ဖြေတယ် 
“ ကျွန်တော်အထင်မှားသွားတပါ ရေကန်ထဲမှာ တကယ်တော့ဖား ၂ ကောင်ပဲရှိပါတယ်။
ဒါပေမယ့်သူတို့က တအားဆူညံပြီး ကျနော့်ကို ဒုက္ခပေးခဲ့တာပါ ”

==============================

နောက်တစ်ကြိမ် လူတွေက သင့်ကို ဒုက္ခပေးနေပြီ မကောင်းကြောင်းပြောနေပြီဆိုပါစို့ ..
ရေကန်ထဲက ဖားအော်သံတွေလို့ပဲသင်မှတ်ယူလိုက်ပါ ။ တကယ်တော့ ပြဿနာတွေဆိုတာ မမြင်ရသေးခင် အမှောင်ထဲမှာ အကြီးကြီးလို့ထင်နေတတ်ကြတယ် သင်ရော ညဖက်အိပ်ရာထဲမှာ
နောက်တစ်နေ့အတွက် ( ဖားအော်သံတွေကြားနေရသလိုမျိုး ) ပြဿနာတွေ ပေါင်းစုံတွေးပြီး စိတ်ဖိစီးမှုတွေအရမ်းများခဲ့ဖူးပါသလား ။

နောက်တစ်နေ့မနက်ရောက်လာတဲ့အခါ ပြဿနာဆိုတာတွေကို အနီးကပ်ကြည့်ကြည့်ပါ သင့်အတွက်အဖြေဆိုတာရှာတွေ့လာပါလိမ့်မယ် မမြင်ရ ..မရှင်းရတဲ့ သံသယတွေကသာ 
ရေရေရာရာမသိသေးခင် ကြီးမားတယ်လို့ထင်တတ်ကြပါတယ် ။ 

နာ့ဘ၀ပျက်ရဒယ် .. ငါ ဥာဏ်ကောင်းလွန်းခဲ့တယ် ..

အမျိုးသားတစ်ဦးဟာ အရေးပေါ်ပြဿနာ ဖြစ်နေပါတယ်။
ခန်းမတစ်နေရာမှာရှိတဲ့ အမျိုးသားသုံးအိမ်သာကို ဝင်ဖို့ကြိုးစားတိုင်း မအားဖြစ်နေတဲ့အတွက် ဝင်ခွင့်မရပါဘူး ။

ရှုံ့ရှုံ့ မဲ့မဲ့ဖြစ်နေတဲ့သူ့ကို အနားမှာရှိတဲ့ မိန်းမလှလေးတစ်ဦးက သတိထားမိသွားတာကြောင့်.....

“ ဒီမှာ... ရှင်တော်တော် ပြဿနာတက်နေပုံရတယ်... အမျိုးသမီးအိမ်သာမှာ ဘယ်သူမှမရှိဘူး ။
တကယ်လို့ ရှင်က အဲဒီအိမ်သာထဲမှာရှိတဲ့ ဘယ်ခလုတ်ကိုမှ မနှိပ်ပါဘူးလို့ ကတိပေးမယ်ဆိုရင်တော့ အမျိုးသမီးအိမ်သာထဲ ဝင်လိုက်ပါ။ ကျွန်မတို့ ခွင့်ပြုပါတယ် ” လို့ ဆိုလိုက်ပါတယ်။

ထွက်ကျမတတ်ဖြစ်နေတဲ့ အမျိုးသားကလည်း တောင်းတဲ့ကတိကို အလွယ်တကူပေးလိုက်ပြီး အမျိုးသမီး အိမ်သာထဲကို ကမန်းကတန်း ဝင်ခဲ့ပါတယ် ။

ကမုတ်ပေါ်ကို ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် နေသာထိုင်သာရှိသွားပါပြီ။

ဒီတော့မှ အိမ်သာနံရံကို သတိထားကြည့်လိုက်တော့ ခလုတ်တွေ သုံးခုရှိနေတယ်ဆိုတာ သတိထားမိပါတယ်... ။

ဒါပေမယ့် ဘယ်ခလုတ်ကိုမှ မကိုင်ပါဘူးလို့ ကတိပေးခဲ့တာကြောင့် အောင့်အီးသည်းခံနေပါတယ်။ အဲဒီခလုတ်သုံးခုမှာ.....

မေးစရာရှိတာမေးဦးမယ်

 
နေပါဦး
အဲဒီအမျိုးသမီးက ကယ်တင်ရှင်မှမဟုတ်တာ
အဲဒီအမျိုးသမီးက နတ်ဘုရားမှမဟုတ်တာ
အဲဒီအမျိုးသမီးက လူ့အခွင့်အရေးနဲ့ ဥပဒေကို
ဦးနှောက်အသိဥာဏ်ထဲ ဖြတ်သန်းစီးဆင်း
မပျင်းမရိ အလုပ်လုပ်နေသူသာဖြစ်တယ်

နေပါဦး
အဲဒီအမျိုးသမီးကို ဆန္ဒပြရအောင် ဘာအတွက်လဲ
အဲဒီအမျိုးသမီးကို သဘောမတူရအောင် ဘာအတွက်လဲ
အဲဒီအမျိုးသမီးကို ကန့်ကွက်ရအောင်ဘာအတွက်လဲ
သူကလွဲလို့ဘယ်သူရှိနေသေးတာလ
သူကလွဲလို့ ဘယ်သူ့ကိုမျှော်လင့်နေသေးတာလဲ
သေချာတာက တစ်ခုခုတော့မှားယွင်းခဲ့ကြပြီ

နေပါဦး
အဲဒီအမျိုးသမီးအစီရင်ခံစာက မှားနေတာလား
အဲဒီအမျိုးသမီးရေးသားချက်တွေက လိုအပ်နေတာလား
လတ်တလောအရေးထက် အနာဂါတ်ကိုမျှော်တွေးသူ
သူ့ကောင်းကျိုးထက် နိုင်ငံကောင်းကျိုးကို ပုံဖော်သူ
သိသိကြီးနဲ့ ဓါးခုတ်ရာ လက်ဝင်လျှိုတဲ့ အမျိုးသမီး
ခင်ဗျားတို့ နည်းနည်းသိကြဖို့တော့ကောင်းတယ်

ဘာတဲ့
မြန်မာ့သမိုင်းတရားခံတဲ့လား
သူ့ကို အလိုမရှိရင် ဘယ်သူ့ကိုအလိုရှိနေတာလဲ
သမိုင်းဆိုတာ ကိုယ့်လုပ်ရပ်မှန်သည်မှားသည်ဆုံးဖြတ်တဲ့ပွဲ
သူက ခပ်ရဲရဲပဲ မီးတောက်ထဲခုန်ဆင်းပြခဲ့
တကယ့်အာဇာနည်

ဒီအစီရင်ခံစာကမှန်တယ်
နိုင်ငံတော်+ပြည်သူ+ အကျိုးစီးပွား
ဘက်ပေါင်းစုံက ညီညွတ်မျှတ
သူ့ခမျာ နေ့ည မအားရှာခဲ့
ဒီအမျိုးသမီးအလုပ်အတော်လုပ်တယ်
ဒီအမျိုးသမီး ဇရာကလည်းထောင်းတယ်
ဒီအမျိုးသမီး မှာ ဘာလုံခြုံမှုမှမရှိဘူး


တချိန်ကသူ့ကိုချစ်ပါတယ်ဆို
တချိန်က သူ့ကိုထောက်ခံပါတယ်ဆို
တချိန်က သူကအနာဂါတ်ပါဆို
တချိန်က သူကအလင်းရောင်ပါဆို
သွဲ့သွဲ့ဝင်းနဲ့ ဒေါ်စု
ဘယ်သူမှားတယ်မှန်တယ် ငါမပြောလိုဘူး
ပညာရှိသူတိုင်းသိတတ်ကြပါစေ

၂၀၁၅ က နီးလာပြီ
အနာဂါတ်တွေက လင်းစပြုလာပြီ
အမှိုက်တွေကလည်းများတယ်
အဖျက်တွေကလည်းများတယ်
လှည့်ကွက်တွေကလည်းများတယ်
အဲဒီအမျိုးသမီးဟာ တကယ့်ကို
မိုက်လုံးကြီးလောက်အောင်နိုင်ငံကိုချစ်တယ်
ရူးသွပ်လောက်အောင် သူ့ခံယူချက်ကိုချစ်တယ်

သူ့ ဆန္ဒအာသီသကို မီးပုံရှို့ပြ
သူ့မိသားစုဆိုတာ သူ့နိုင်ငံပဲ
သူ့အနာဂါတ်ဆိုတာသူ့နိုင်ငံပ
သူ့သက်တမ်းဟာ သူ့နိုင်ငံပဲ
ဒါနဲ့များ
ဒေါ်စုအလိုမရှိဖြစ်ရသတဲ့လား
ကြားရတာ နားက ခါးသထက်ခါးလာတယ်
ဒေါ်စုကို ဆန့်ကျင်ကြဖြစ်ရသတဲ့လား
ခင်ဗျားတို့တော့ ပြန်လည်သုံးသပ်ကြဖို့သင့်ပြ

အဲဒီအမျိုးသမီး ညဖက်အိပ်ပျော်လို့လား
အဲဒီအမျိုးသမီး မနက်နေ့ညစာ ပုံမှန်စားလို့လား
အဲဒီအမျိုးသမီးဘာတွေခံစားနေရလဲ
အဲဒီအမျိုးသမီး ဘာအတွက်အလုပ်လုပ်နေတာလဲ
သေချာတာက သူ့မှာ သူ့ယုံကြည်ချက်ဟာ
နေလိုလလို ထွန်းလင်း ခိုင်မာလို့
သူ့စကားသံဟာ
ပင်လယ်လိုမုန်တိုင်းလို အားအင်ပြည့်ဝလို့
သူ့ ဆံဖြူဖြူတွေဟာ
ဝါလို ဂွမ်းလို ဖွေးစင် နူးညံ့လို့
သူ. . . အတော် မောနေခဲ့ရပြီ

တဆိတ်လောက်
သူရေးတဲ့စာကို ထပ်ခါထပ်ခါဖတ်ပါ
သူပြတဲ့ အကွက်တွေ မြင်အောင်မြင်အောင်ကြည့်ပါ
သူပြောတဲ့စကားတွေ ထပ်ခါထပ်ခါနားထောင်ပါ
ဘယ်သူမှန်လဲ ဘယ်သူမှားလဲ သမိုင်းကဆုံးဖြတ်မယ်
သေချာတာက..
မှန်ကန်ဖြောင့်မတ်တဲ့ သူ့လိုလူ
ဒီမှာ မှီတဲ့သူမပေါ်သေးဘူးပဲ ။

အစားအစာ မှာနည်း....

စားသောက်ဆိုင်တစ်ခုမှာ ကောင်မလေး ၀ိတ်တာအား

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် A ကနေ Z အထိရွတ်ပြ"

" ရှင်" ...


"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ် ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက် ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာ ဟိုဟာလေ ထမင်းပေါင်းဆိုတာ ထမင်းအထီးနဲ့ထမင်းအမကို မင်္ဂလာဆောင်

ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါ ကြေးအိုးရလား"

"ရတယ်" (နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး ပြောင်အောင်ချွတ်တိုက်ထားလိုက်နော် ခနနေ ဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင် ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

''ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး"


"ဟုတ်ကဲ့မှာပါရှင့်"

"အင်း....ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်၊ အစားအသောက်လဲမှန်မှန်စား..........ဟုတ်ပီလား"

Credit - သတင်းဘုရင်



အထာကျတဲ့ အာဂ ဟာသမျာ

လူတွေ ကို အကဲခတ်နည်းလေးပါ ..

လူတစ်ယောက်ရဲ့မျက်နှာကို ကြည့်ပြီးတော့ သူဘယ်လိုစိတ်ထား ဘယ်လိုအမြင် ရှိတယ်ဆိုတာ အကဲခတ်လို့ရပါတယ်။
 
ဘယ်လိုမျိုးလဲဆိုတော့......
ဥပမာ....လူတစ်ယောက်က မျက်လုံးပြူးတယ်ဆိုရင် အမြင်ကျယ်သူတစ်ယောက်ဖြစ်ပြီး မျက်စိမှေးနေမယ်ဆိုရင်တော့ အမြင်ကျဉ်းသူတစ် ယောက်ဖြစ်တယ်။
 
ပါးလေးတွေ ဖောင်းနေမယ်ဆိုရင် လူပါးဝသူဖြစ်ပြီး ပါးလေးတွေပိန်နေရင်တော့ လူပါးမဝသူဖြစ်ပါတယ်။ 
 
လူတစ်ယောက်ရဲ့ နားရွက်ကို ကြည့်လိုက်လို့ နားရွက်လေးတွေက ထူနေမယ်ဆိုရင်တော့ နားထူသူဖြစ်ပြီး နားရွက်လေးတွေ ပါးနေမယ်ဆိုရင်နားပါးသူပါ။
 
နားရွက်ကို ဆွဲကြည့်လို့ လိမ်ပြီးပါလာမယ်ဆိုရင် နားလည်လွယ်သူ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နားလည်လွယ်သူမဟုတ်ပါဘူး။
 
ပါးစပ်ကကြီးနေမယ်ဆိုရင် အစားပုပ်သူဖြစ်ပြီး 
ပါးစပ်ပေါက်က ကျဉ်းနေမယ်ဆိုရင် အစား နည်းသူဖြစ်ပါတယ်။

ခေါင်းကိုခေါက်ကြည့်လိုက်လို့ ဒေါင်ဒေါင်မြည်ရင် ခေါင်းမာသူဖြစ်ပြီး 
 မမြည်ရင်တော့ ခေါင်းမမာဘူးလို့ ယူဆလို့ရပါတယ်။
 
အရပ်ရှည်ရင် အမျှော်အမြင်ရှိပြီး 
အရပ်ပုရင်တော့ အမျှော်အမြင်မရှိသူ ဖြစ်ပါတယ်။
 
ကိုင်း...ဒီလောက်ဆိုရင် လူတွေရဲ့မျက်နှာကို ဘယ်လိုအကဲခတ် ရတယ်ဆိုတာ သိလောက်ပြီပေါ့နော်။

Credit - Original Writer
~ မောင်သော် 
 

မှားပါတယ်ဗျာ ..

ဒူးနားရှိတဲ့ စကပ်တို ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် bus
ကားပေါ်တက်မယ်အလုပ်မှာ ... စကပ်က တအားကျပ်နေတယ်...။


ခြေထောက် မ လို့ မရဘူး ... အဲဒါနဲ့ မိန်းကလေးက စကပ်နောက်က ကြယ်သီး တစ်လုံး
ဖြုတ်လိုက်တယ်...ဒါပေမယ့် တက်မရသေးဘူး ကျပ်နေတုန်းပဲ ..
 

နောက်တစ်လုံးထပ်ဖြုတ်တယ်... မရဘူး .. နောက်တစ်လုံးဆက်ဖြုတ်တယ်...
ဒါလည်း စကပ်က ကျပ်နေတုန်းပဲ ...


မိန်းကလေးနောက်မှာ တန်းစီနေတဲ့ ကောင်လေးတစ်ယောက်က မိန်းကလေးရဲ့ စကပ်ကကြယ်သီးတစ်လုံးကို ဖြုတ်ပေးလိုက်တယ်...

မိန်းကလေး သိလိုက်တော့ နောက်လှည့်ပြီး ... " နှာဘူး တနှားရူး..." လို့ ဆဲဆိုတာပေါ့ ...


ကောင်လေးက မျက်နှာငယ်လေးနဲ့ .." ကျွန်တော်က နှာဘူး ဟုတ်လား ... ခင်များ ကျွန်တော်ရဲ့

အင်္ကျီကြယ်သီး သုံးလုံးဖြုတ်တာတောင် ကျွန်တော် ဘာမှ မပြောခဲ့ဘူး ... ကျွန်တော် ခင်များရဲ့ ကြယ်သီးတစ်လုံးပဲ ဖြုတ်သေးတာပါ..."

Credit - Original Writer
~ မောင်သော်



အထာကျတဲ့ အာဂ ဟာသများ

“ဗုဒ္ဓ၀ါဒနှင့်ပတ်သက်သော..အတွေးအခေါ်များ..”

(နှစ်မိနစ်ခန့်အချိန်ပေးပြီးဖတ်ရှုပေးပါရန်..)

၁။ မြွေဝင်၊ပျားစွဲခြင်းကြောင့်..ချမ်းသာတယ်လို့..ယူဆရင်......ဗြဟ္မဏ၀ါဒ။

    အလုပ်ကြိုးစားခြင်း..ကုသိုလ်..ရှိခြင်းကြောင့်.. ချမ်းသာတယ်လို့ယူဆရင်... ..ဗုဒ္ဓ၀ါဒ။

၂။ ဖွတ်တက်လို့၊ လင်းတနားလို့..ဆင်းရဲတယ်လို့..ယူဆရင်..ဗြဟ္မဏ၀ါဒ။

    အလုပ်မလုပ်လို့..နှစ်လုံး..သုံးလုံး..လောင်းကစားလုပ်လို့..အကုသိုလ်ရှိလို့.. ဆင်းရဲတယ်ယူဆရင်...
    ဗုဒ္ဓ၀ါဒ။

၃။ လက်ယပ်ခေါ်တဲ့အရုပ်လေးရှိလို့..ပုလင်းအစိမ်းထဲမှာ..နှင်းဆီပွင့်စိုက်လို့.. ပိုက်ဆံနဲ့ပုံဖော်ထားတဲ့..

    ဇီးကွက်ရုပ်..လာဘ်ခေါ်အဆောင်ရှိလို့...ဈေးရောင်းကောင်းတယ် ယူဆရင်..ဗြဟ္မဏ၀ါဒ
    ၀ီရိယ..ဥာဏ်ယှဉ်..စေတနာ..မေတ္တာထားပြီး..ဈေးရောင်းကောင်းတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၎။ ရက်ရာဇာက..ကောင်းကျိုးပေးပြီး..ပြဿဒါးက မကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ

    ကုသိုလ်က..ကောင်းကျိုးပေးပြီး..အကုသိုလ်က..မကောင်းကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၅။ စနေ၊တနင်္ဂနွေ..စတဲ့..ဂြိုဟ်တွေက..ကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ။ 

     ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၆။ ခရီးသွားတဲ့အခါ..နဂါးလှည့်သင့်မှု..မသင့်ကြောင့်..ကောင်းကျိုး..ဆိုးကျိုးပေးတယ်

    ယူဆရင်..ဗြဟ္မဏ၀ါဒ။ 
    ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆမှ..ဗုဒ္ဓ၀ါဒ။

၇။  စုံဂဏန်း..မဂဏန်း(၁၃)ဂဏန်း၊ကိုးဂဏန်းတွေက..ကောင်းကျိုး..ဆိုးကျိုးပေးတယ်..ယူဆရင်...

     ဗြဟ္မဏ၀ါဒ။
     ကုသိုလ်..အကုသိုလ်..က..ကောင်းကျိုး..ဆိုးကျိုး..ပေးတယ်ယူဆမှ..ဗုဒ္ဓ၀ါဒ။

၈။ အလောင်း..ကိုင်တာချင်း..တူပါရက်..သုဘရာဇာကို အဝေးမှ ရှောင်ပြီး..ဆရာဝန်..ဖြစ်မဲ့သူကိုတော့..

     သမက်ဖမ်းခြင်းသည်..ဗြဟ္မဏ၀ါဒ..။ 
      အယူအဆွဲမရှိဘဲ..နှစ်ဦးလုံးကို..တန်းတူဆက်ဆံခြင်းသည်..ဗုဒ္ဓ၀ါဒ။

၉။  လူသေပြီး(၇)ရက်လည်မှ..အိမ်မှထွက်သွားသည်ဟု ယူဆလျှင်..ဗြဟ္မဏ၀ါဒ၊ 

     စုတိပြီး..နောင်ပဋိသန္ဓေဖြစ်သည်ဟု..ယူဆလျှင်..ဗုဒ္ဓ၀ါဒ။

ဆရာတော်...မေတ္တာရှင်-ရွှေပြည်သာ (ကာယကံမေတ္တာနှင့်ဓမ္မအမေးအဖြေများ)
 

ဓမ္မဒါန-
ကိုကျော်စိုးလင်း-စုစည်းတင်ပြသည်..။


Kyaw Soe Linnposted toTemi NP

“သူ့စကား( ၂ )”

ကုမ္ပဏီစာရေး - ညီမလေး..ခဏနော်..၊ဒီစာလေးကို..ယူသွားပေးပါနော်..။

ကုမ္ပဏီစာရေးမ - အို..ရှင်..။လူကြားထဲမှာ..။ဘာတွေလာပေးနေတာလဲ..။

ကုမ္ပဏီစာရေး-တစ်မျိုးမထင်ပါနဲ့ဗျာ..။ ဒါ..ခင်ဗျားကို..အလုပ်ကဖြုတ်လိုက်တဲံ့..စာပါ..။

(ကျော်စိုးလင်း..ရေးသည်..)


Kyaw Soe Linn