Friday, November 29, 2013

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။


အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။


သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လားသမီး၊

နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်

လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊


ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”

အို
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊


သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)
ဓမ္မ 

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း

ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ

ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ

အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်

မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ

ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့

ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”

ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ဓမ္မ 

နိုင်ငံဆင်းရဲစေသော အဓိကအချက်များနှင့် အစိုးရသူခိုးဝါဒ

ကမ္ဘာလူဦးရေသန်း(၆၀၀၀)ရှိတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ စစ်တမ်းတွေ ကောက်ယူချက်အရတော့
သန်း(၁၀၀၀)ဟာ ဖွံ့ဖြိုး မှု ကောင်းမွန်တယ်တဲ့။ ရှေ့တန်းရောက်တယ်ပေါ့ဗျာ။ အမေရိကတို့ ဥရောပ
နိုင်ငံတွေ အဲ့လိုမျိုးပေါ့။ နောက်ထပ်ဝမ်းသာစရာတစ်ခုက ကျန်တဲ့ သန်း(၅၀၀၀)ထဲမှာ သန်း(၄၀၀၀)ဟာ ဖွံ့ဖြိုးတိုးတက်မှုလှေကားပေါ်ကိုရောက်နေပြီတဲ့။ အဲ့ဒီသန်း(၄၀၀၀)ထဲကနိုင်ငံတွေက တချို့ကြတော့ နိုင်ငံ အလိုက်ဖွံ့ဖြိုးမှုရှိကြသလို တချို့လည်းပြည်တွင်းထဲမှာ နေရာတွေကွက်ပြီး ဆင်းရဲချမ်းသာကွာခြားတာပေါ့။ ဥပမာအိန္ဒိယ လိုပေါ့ဗျာ။ ဒီသန်း(၄၀၀၀)အတွက်ကပှုစရာမလိုဘူး သူတို့က လုံးဝကို တိုးတက်ဖို့ သေချာ
သလောက်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်ကျန်တဲ့သန်း(၁၀၀၀)ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အစရှာလို့ မရသေးဘူး။
 
အဲ စိတ်မကောင်းရာတစ်ခု ဖြစ်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဲ့ဒီသန်း(၁၀၀၀)ရဲ့
အောက်ဆုံးနားမှာရောက်နေတာပဲ။ ဆင်းရဲပြီးကျန်ခဲ့တဲ့ သန်း(၁၀၀၀)က နိုင်ငံပေါင်း(၅၉)နိုင်ငံပါဗျာ။
 
အဲ့ဒီမှာနိုင်ငံတွေရဲ့ဆင်းရဲရတဲ့ အချက် တွေရှိတာပေါ့။ သုတေသနပြုချက်တွေအရတော့ နိုင်ငံတစ်နိုင်ငံဟာ အချက်လေးချက်ထဲက တစ်ချက်ချက်နဲ့ ညိနေတယ်ဆိုရင် တိုင်းပြည်ဆင်းရဲပါတယ်တဲ့ဗျာ။ အဲဒီလေးချက်
ကတော့ -

လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ



 ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ
ပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။

အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့
မရပါဘူး။

ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ
ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။