Saturday, December 7, 2013

"နောက်တစ်ကျင်းမှာ"

လူတစ်ယောက် ဂေါက်ရိုက်နေရင်းနဲ့ သူရောက်နေတာ ဘယ်နှကျင်းမြောက်လဲ မသိဘူးဖြစ်နေတယ်
ဒါနဲ့ သူ့ရှေ့တစ်ကျင်းမှာ ရိုက်နေတဲ့ အမျိုသမီးကို သွားမေးလိုက်တော့... ...

"ကျမက ၇ ကျင်းရောက်ပြီ၊ ရှင်က ကျမနောက်ကကျင်းဆိုတော့ ၆ ကျင်းမြောက်ပေါ့"
"ဟုတ်ကဲ့"

... ဆိုပြီး ဆက်ရိုက်သွားတာ ခဏနေတော့ ဘယ်နှကျင်းရောက်မှန်း မသိပြန်ဘူး
ရှေ့တကျင်းမှာ ရိုက်နေတဲ့ ခုန အမျိုးသမီးကို မေးရပြန်တယ်

"ကျမက ၁၆ ကျင်းမှာ၊ ရှင်က နောက်ကကျင်း ဆိုတော့ ၁၅ ကျင်းပေါ့"
"ကျေးဇူးပါ အစ်မ"

ဒီလိုနဲ့ ဂေါက်ရိုက်ပြီးလို့ ဂေါက်ကလပ်က ကော်ဖီဆိုင်မှာ ခုနက အမျိုးသမီးထိုင်နေတာနဲ့ သွားနုတ်ဆက်ရင်း စကားပြောဖြစ်ကြတယ်... ...

"ကွင်းထဲမှာ ကူညီပေးတာ ကျေးဇူးပါ အစ်မ"
"ရပါတယ် ရှင်"

"အစ်မက ဘာအလုပ်များ လုပ်ပါသလဲ"
"အရောင်းကိုယ်စားလှယ်ပါ"

"ဟောဗျာ တူနေပြီ၊ ကျနော်လည်း အရောင်းကိုယ်စားလှယ်ပဲ"
"ဟုတ်လား"

"အစ်မက ဘာရောင်းတာလဲ"
"အမျိုးသမီး လစဉ်သုံးပစ္စည်း"

"ဟာ... အလုပ်မှာလည်း အစ်မနောက်က ကျင်းပဲဗျို"
"ဟင်... ရှင်က ဘာရောင်းလို့လဲ"

"အိမ်သာသုံး စက္ကူ"
"အမလေးတော်..."
 

ကန္တာရနှစ်များ

ကန္တာရနှစ်များ

ရှိုက်သံ
ဆံဖြူတစ်ချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော
ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည်မပေါက်
ယာတို့သည် ခြောက်ကုန်၏
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
ကပ္ပိယအို ခေါင်းတုံးသာ
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။

တင်မိုးရှိုက်သံ
ဆံဖြူတစ်ချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော

ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည်မပေါက်
ယာတို့သည် ခြောက်ကုန်၏
 
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
 
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ
 
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
 
ကပ္ပိယအို ခေါင်းတုံးသာ
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။

တင်မိုး
 
 

Agriculture Leadership Award မြန်မာနိုင်ငံမှ ရရှိ

 စွန့်ပစ် ရေဆိုးများကို လယ်ယာမြေများအတွင်း ပြန်လည်အသုံးပြုနေသည့် စိုက်ပျိုးရေးသမားတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

အရှေ့တောင်အာရှ စိုက်ပျိုးရေးနည်းပညာအသင်းမှ ပေးအပ်ချီးမြှင့်သော အကောင်းဆုံးစိုက်ပျိုးရေး ဦး
ဆောင် ဆုအား မြန်မာနိုင်ငံအနေဖြင့် နှစ် ၁၀၀ အတွင်း ပထမဆုံးအကြိမ် ချီးမြှင့်ခံရသဖြင့် လယ်သမား များကိုယ်စား အတိုင်းမသိ ၀မ်းနည်းဝမ်းသာ ခံစားခဲ့ရကြောင်း ဆုရရှိသူ တောင်သူ လယ်သမား ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်စွာစိုးက ပြောသည်။

“ဒီဆုရတဲ့အကြောင်းကို ကျနော်ဘာဖြစ်လို့ မီဒီယာတွေကို တကူးတကဖိတ်ကြားပြီး ပြောရလဲဆိုတော့ ကျနော်ကြွားချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို အရင်ကဆို ကမ္ဘာကမသိပါဘူး။ ဘယ်နိုင်ငံကမှလည်း မသိခဲ့ပါဘူး။ အခုဒါဟာနှစ်ပေါင်း ၁၀၀ အ တွင်း မြန်မာနိုင်ငံ ကို အရှေ့တောင်အာရှကပေးတဲ့ဆုဖြစ်တဲ့အတွက် နိုင်ငံပေါင်းစုံသိသွားလို့ ကျနော် အရမ်း ၀မ်းသာလွန်းလို့ ပြောပြချင်လို့ပါ” ဟု ဦးကျော်စွာစိုးက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အား ပြောသည်။

သေရေး ရှင်ရေး


 တခါသော် လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။

ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။
                     အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။

ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက် သေရေးရှင်ရေး ဖြစ်နေလို့ပါ။
                 အခုလောလောဆယ် ကျနော့အခန်းထဲမှာ အဝတ်အစားမပါ၊ ဗလာကျင်းနဲ့
                 မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။

ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေး။?

ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့
                   ပွဲချင်းပြီးဘဲဗျို့။။

myanmarcnn

ခေတ်ကို ထင်ဟပ်သည့် မြန်မာ ကာတွန်းများ
















ဟစ်တိုင်

ယမကာ ဒဿန

 
ယမာလုလင် စည်းစိမ်ရှင် ဘော်ဒါအပေါင်းတို့  ..............

ဘီယာသည် အရက်မဟုတ်
နီလာသည် အနက်မဟုတ် ဆိုကြသော်လည်း.....

ဘီယာသောက်လျှင် ကြာတတ်သဖြင့် ပုဆိုးခဏခဏ လန်ပါမည်။
နီလာကျောက်တွင် အပြာဓာတ်ဖြင့် အဖိုးတစ်စတစ်စ တန်ပါသည်။

အမြည်းကြွပ်ရွမှ ဘီယာနှင့် အစပ်တည့်သည်။
ဇနီးရွတ်တွက နီလာနှင့် အဟပ်မဲ့မည်။

အပြင်းကို ဘီယာရောလျှင် အယစ်မြန်သည်။
ထမင်းကို အရည်မပါ မျှောလျှင် တစ်ခံမည်။

အပြင်းချရန် ရေဆောင်ထားရပါမည်။
ထမင်းဝရန် ကြေအောင် ဝါးရပါမည်။

စိတ်နိုင်သည်လို့ အပြင်းချည်းလည်း မချသင့်။
သိပ်ပိုင်သည်လို့  မင်းသမီးလည်း မစသင့်။

အပြင်းချည်းချလျှင် ရန်စကားငြိ၍ ဆွဲထိုးတာ ခံရနိုင်သည်။
မင်းသမီးစလျှင် အမှန်သနားမိ၍ လှည်းကျိုးမှာ စံရနိုင်သည်။

ချဉ်သည် ထင်ကာမျှ မယစ်နှင့်။
ယဉ်သည် မြင်ကာမျှ မချစ်နှင့်။
ဂျင် ( gin ) အရည်ဝင်ကာမျှ မရစ်နှင့်။

ချဉ်တိုင်းလည်း သေရည်မဟုတ်၊
ယဉ်တိုင်းလည်း ပြေသည်မဟုတ်၊
ဂျင် ( gin )တိုင်းလည်း ထွေသည်မဟုတ်။

မစားဘဲကို မသောက်လင့်၊
မပေါက်ဘဲကို မမြူးလင့်၊
မမူးဘဲကို မကြောင်လင့်၊
မမှောင်ဘဲကို မပြန်လင့်၊
မတန်ဘဲကို မမျှော်လင့်၊
မခေါ်ဘဲကို မထိုင်လင့်၊
မပိုင်ဘဲကို မပြောလင့်၊
မရောဘဲကို မမော့လင့်၊
မအော့ဘဲကို မအန်လင့်၊
တန်ရုံသောက်သော် ဆေးဖြစ်၏။
မှန်ရုံပေါက်သော် တေးဟစ်၏။

တစ်ဖန်တုံလည်း ဇနီးမယား သမီးသားကို ငဲ့ညှာသော အားဖြင့်.........

စိတ်ခိုင်သူနှင့်ပေါင်း၊ အလောင်းအစားကို ရှောင်၊
ရန်စောင်သူကို ခွာ၊ ရန်ရှာသူကို ကြဉ်၊
ရန်မင်သူကို ပစ်၊ မာန်ယစ်သူကို တိမ်း၊
အချိန်းအချက်ကို လျှော့၊ မပေါ့မပါးကို ညှာ၊
ဝေယျာဝစ္စကူ၊ သာတူညီမျှစား၊
စကားချိုသာပြော၊ ရေရောကျင့်ကို လုပ်၊
အပုပ်ချိန်ကျမှ ထွက်။

ထန်းလျက်နှင့် ချက်သည်လို့ တောအရက်ကိုလည်း မစမ်းသင့်၊
ကျွမ်းလျက်နှင့် ရှက်သည်လို့ ဇောရမ္မက်ကိုလည်း မကြမ်းနှင့်။

တောအရက်ကို စမ်းလျှင် ဖောသွပ်သည်။
ဇောရမ္မက်ကို ကြမ်းလျှင် ကောလွှတ်မည်။

အရပ်၊ အနား၊ အလျော့၊ အတင်း၊ အကင်းပါးပါစေ။

သောက်ချင်ပြု၍ ငုံ၊ စုံချင်ပြု၍ ချိန်း၊
ယိမ်းချင်ပြု၍ မူ၊ ထူချင်ပြု၍ ဖား၊
အားချင်ပြု၍ ခေါ်၊ မျှော်ချင်ပြု၍ ဆွယ်၊
ရယ်ချင်ပြု၍ မြူး၊ မူးချင်ပြု၍ အိမ်စောစောပြန်လော့။

နောက်တစ်နည်း ရှင်းရလျှင်........

သောက်လုံးအကြီးချင်း မပြိုင်သင့်။
ကျောက်တုံးအနီးလည်း မထိုင်နှင့်။

သောက်လုံးအကြီးပြိုင်သော် ဇိုးသမားမောင်များ ကြိုက်လိမ့်မည်။
ကျောက်တုံးအနီးထိုင်သော် ပိုးမွှားကောင်များ ကိုက်လိမ့်မည်။

အရက်ပြင်းကို သောက်သော် အမြည်းစားသင့်သည်။
သမက်ဖျင်းကို ငေါက်သော် သမီးနားစွင့်မည်။

အမြည်းကို လိုချင်သော် မခက်ရေးချ မခက်ပါ။
သမီးကို ငြိုငြင်သော် သမက်ပြေးက ရှက်စရာ။

ချည်ရည်ဟင်းမှ အမြည်းဖြစ်နိုင်သည်။
လင်ကွေကွင်းက သမီးချစ် မှိုင်မည်။

အရက်အမျိုးအစားမှန်က ဝယ်ရခက်သည်။
သမက်မရိုးမသားကြံက ခယ်မ ရှက်မည်။

ဝယ်ရလွယ်လျှင် အရက်မူးကာ အလုပ်ပျက်မည်၊
ခယ်မငယ်လျှင် သမက်မြူးက အအုပ်ခက်သည်။

ဘီယာမော့တိုင်း ပျို့ အန်သည်မဟုတ်၊
မပီကလာ နော့တိုင်း မြို့ ဆန်သည်မဟုတ်။

ဘီယာ မော့ လွန်းလျှင် ဓာတ်ဘူးလို ဝ မည်။
မပီကလာနော့လွန်းလျှင် ဆတ်စလူးလို ရွသည်။

သောက်မှ ရွှင်သည်မဟုတ်ပါ၊
ပေါက်မှ ဝင်သည် မဟုတ်ပါ။

မသောက်ဘဲလည်း မိုးအေးလျှင် အလိုလို ရွှင်ပါသည်။
မပေါက်ဘဲလည်း အတိုးပေးလျှင် အလိုလို ဝင်ပါမည်။

ထူးခြားသည့်သနစ်တို့ ကို ဖွင့်လှစ်ကာ ပြောရပြန်လျှင် .............

ဝိုင်ဖြူမှာ ပြင်သစ် ၊ စပျစ်မှာ ဂျာမနီ ၊ ၀ီစကီမှာ စကော့တလန် ၊
အာမီရမ်မှာ မန္တလေး ၊ ဆာကေးမှာ ဂျပန် ၊ အရက်ပြန်မှာ ဇေယျဝတီ ၊
တော့ဒီ ( Toddy ) မှာ ထောက်ကြန့် ၊ ရေသန့် မှာ ဆွစ်ဇာလန် ၊
ဘရန်ဒီမှာ ဂျာမေကာ ၊ ဗော့ဒ်ကာမှာ ရုရှား ၊ ထန်းရည်ခါးမှာ ပုခန်း ၊
နတ်နန်းမှာ ကိုကြီးကျော် ၊ အပျော်မှာ တောင်ပြုန်း ၊ ခွက်ပုန်းမှာ ရွာသူကြီး ၊
အမြည်းမှာ ဂေါ်ရင်ဂျီ ၊ အရည်မှာ ချဉ်ငံစပ် ၊ အဖတ်မှာ မုန်ညင်းချဉ် ၊
အကင်မှာ ငါးကောင်လုံး ၊ အဖုံးမှာ ကံစမ်းမဲ ၊ ဒိန်ခဲ မှာ နယ်သာလန် ၊
အဆံမှာ သီဟိုဠ်စေ့ ၊ အငွေ့ မှာ ဟော့ပေါ့ ၊ အပျော့မှာ စည်ဘီယာ ၊ အမာမှာ ကြက်ခြေထောက်.....

Credit - သောက်တလွဲ အတွေးအခေါ် ပညာရှင်များ စုဝေးရာ
 

မိန်းမ၊ ယောက္ခမနှင့် ယောကျာ်း - ဟာသ





ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခုကို
တွေ့လိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့ နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား သာလေးကပ်သွားပြီး။

“”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊”"

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…

” ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…”

"‘ မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…”

” အင်း….ကျွန်တော်မွေးထားတဲ့ ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ဆုံးသွားတာပေါ့။…”

”ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…”

” အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။ သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ
တွေ့တော့ ဝင်ကူညီရင်း သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။”"

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာတော့
ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……

” ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…”

” ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ…”

myanmarcnn