Saturday, January 11, 2014

...ကျေးဇူးတင်လွှာ...




ဆေးရုံသို့ သွားစဉ် ချိုင့်များအတွင်း မကျ ကျအောင် မောင်းနှင်ပေးပါသော
ဆိုက်ကလုံး မာစတာ ဂန်ဂျာဆာမိ အား၎င်း၊

ဆေးရုံအရောက်...
အဲ့ဒီမှာ ထိုင်စောင့်နေ ကိုယ့်အပြစ်နဲ့ကိုယ် ခုမှမအော်နဲ့ ဟု
အားပေးပါသော အနီဝတ်နာစ့်မလေးအား၎င်း၊

မျက်လုံးများကိုပွတ်ခါ သမ်းဝေရင်း ထွက်လာကြည့်ရှုပေးသော
အပြာဝတ်အန်တီအား၎င်း၊

အိပ်ကောင်းရင် လာပြီ၊ စောစောဗိုက်နာပါ့လားဟု အကြံပေးသော
အစိမ်းဝတ် အန်တီကြီးအား၎င်း၊

လမ်းလျောက်နှိုင်တယ်တယ်မို့လား မွေးခန်းထဲလျောက်ဝင်သွားလိုက်
ဝှီးချဲပျက်နေလို့ဟု ဖေးဖေးမမပြောဆိုပေးပါသော လူနာအကူ အကိုလေးအား၎င်း၊

မနားမနေ အိပ်စက်နေသည့်ကြားမှ ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ
Drip ပုလင်းများ ဆေးများ ရောင်းချပေးပါသော ခလေးမအား၎င်း၊

ဆရာဝန်အား မွေးလူနာ ရောက်နေတယ်ဟု ၆.ခါ တိုင်တိုင် ဖုံးဆက်ပေးပါသော
ကောင်တာမှ ပြာကလပ်စိန်လေးအား၎င်း၊

ကလေးထွက်ကျလာသည်ကို ကြည့်ရှုကာ မေ့လဲသွားအောင် အားပေးပါသော
သန့်ရှင်းရေး မမအား၎င်း၊

ကိုယ့်ဖာသာ ချက်ကြိုးဖြတ်ရန်ပြင်ဆင်နေစဉ်မှ ရောက်ရှိလာသော
ဒေါက်တာမမကြီးအား၎င်း၊

အစမှအဆုံးတိုင် မွေးခန်းအတွင်း တစ်ယောက်ထဲရှိစဉ် ကြည့်ရှုအားပေးနေပါသော
ဗလတ်ဗလတ်နှင့် မလည်ချင့်လည်ချင် လည်နေသော ပန်ကာကြီးအား၎င်း၊

ကျေး ဇူး အ ထူး တင် ရှိ ပါ ကြောင်း။

ပုံ------မဒမ် အာ ပလူး —
credit-
ဘိုးတော် အာ ပလူး

ကာတွန်းများ




 #theyangontimesdailyCartoon


#theyangontimesdailycartoon


ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ


အပြုံးနည်းသူတွေအတွတ် ဝါးလုံးကွဲ ဟာသများ


Yangon Media Group

>> ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် စိတ်ဖိစီးမှုတွေ များလာကြတဲ့အခါ.. <<

ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ..
***************************
ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့
သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို အမြန်ပြေးဖွင့်ချင်တာပါဘဲ။
 
ဆိုလိုတာကတော့ စိတ်ညစ် လာတဲ့အခါ ယောက်ျားများဟာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။
ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..

အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. 
"ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကို ပြောပြပါလား.. ဘာတွေဖြစ်လာတာလဲ.. " စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. 
ဒီအချိန်မှာ ယောက်ျား လုပ်သူက 
"ငါ..ဘာမှ မစဉ်းစားပါဘူးကွာ... အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ" လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။