Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့ တာလတ်ပစ် ဒုံးလက်နက်
ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ
အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ
မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။
အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့
ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို
အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး
ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ
လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of
Conduct
against Ballistic Missile Proliferation (HCOC)
တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။
• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ
• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည်နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ
ပါတယ်။ British Bloodhound Mk2, 2K12 Kub
(2K12 Куб), S-125 Pechora-2M (Печора-2M)
နဲ့ Hongqi-2 SAMs
တွေလဲရှိပါတယ်။
• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့
ဆိုင်တဲ့
နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles
ဒုံးကျည်လုပ်စက်ရုံတွေလဲ
ပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံအမှတ်
၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။
• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ခုတ်မောင်းနေ
တာကို အမေရိကန်က သိသွားလို့
နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ
ပြန်လှည့်သွားခဲ့ရတယ်။
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့
အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက
နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။
သင်္ဘောဟာ
ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK
လို့
ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ
လာတာဖြစ်တယ်။