Tuesday, December 17, 2013

အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ


၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှဆုံးမင်းသမီးရွေးချယ်ပွဲ” ဟူ သည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီး စာနယ်ဇင်းအယ်ဒီတာများ၊ ရုပ်ရှင်၊ ဗီဒီ ယို၊ ကြော်ငြာဒါရိုက်တာများ၊ သရုပ်ဆောင်အနုပညာရှင်များ၏ ဆန္ဒသဘောထားများအပြင် ပေါ် ပြူလာ ဂျာနယ် စာဖတ်ပရိသတ်ထံမှ ဆန္ဒသဘောထားများကို တစ်လကျော် အချိန်ယူကောက်ခံခဲ့သည်။

ဆန္ဒသဘောထားပေးပို့လွှာ (၁၂ဝ၆)စောင်ရေရရှိခဲ့ရာ အလှဆုံးမင်းသမီးများရွေးချယ်ခံရသည့်
စာရင်းများ မှာ-

ပြည်ထဲရေးကို အများပြည်သူ တိုင်ကြားနိုင်


ရဲတွေရဲ့ လုပ်ရပ်ကို မကျေနပ်ရင် တိုင်ကြားနိုင်
 *******************************
အများပြည်သူကို အကူအညီပေးရေးနဲ့ ဥပဒေ ထိန်းသိမ်းရေး တွေမှာ အဓိက တာဝန်ယူရတဲ့
ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး တိုင်ကြား လိုတာ ရှိရင် အထူး ဖုန်းနံပါတ်တွေကို ခေါ်ဆိုပြီး တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေးက ကြေငြာလိုက်ပါတယ်။

နေပြည်တော် Hotline ဖုန်းနံပါတ် ၄၁၂ ၂၂၂ နှင့် ၄၁၂၄၄၄ ကို ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်ပြီး ကိုယ့်နာမည် ဖော်ပြလို့ပဲ ဖြစ်စေ၊ နာမည် မဖော်ပြပဲ ဖြစ်စေ တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့တွေအပေါ် မကြေနပ်ချက်တွေ၊
ပြည်သူကို နှိပ်စက် အနိုင်ကျင့်တာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေဘောင် ကျော်ပြီး လုပ်ရပ်တွေ၊ အလွဲသုံးစားမှုတွေကို တိုင်ကြားနိုင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိလည်း တိုင်ကြားထားတာတွေ၊ စုံစမ်း အရေးယူမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တိုင်ကြားမှုတွေ ရရချင်းပဲ အရေးယူမှုတွေ လုပ်တယ်လို့ ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။

BBC Burmese
ပြည်ထဲရေးကို အများပြည်သူ တိုင်ကြားနိုင်

အံ့ဘွယ်........

အင်္ဂလိပ်လို ဖတ်တတ်ရင် ၁၀၀ ကျပ် ပိုပေးရပါမယ်
************************************
တော်သေးတယ် ကျွန်တော်က ဗမာလိုပဲတက်လို့..
ပုဂံ၊ ထီးလိုမင်းလိုစေတီ ရှေ့နားက အိမ်သာမှာ


Ant Bwe Kyaw






“ ဘောပွဲလက်မှတ် ရောင်းချပုံနဲ့ မပြောင်းလဲသေးတဲ့ အစိုးရ”

ဘောလုံးပွဲ လက်မှတ် ၀ယ်ယူတာနဲ့ ပါတ်သက်ပြီး ပြည်သူတွေကို စည်းကမ်းမရှိသူတွေအဖြစ် အပြစ်တင်သူတွေ ရှိပါတယ်။ အထူးသဖြင့် အစိုးရဘက်ကပါ။ ပြည်သူတွေ စည်းကမ်းရှိဖို့ဆိုတာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့၊ စည်းကမ်းစနစ်တကျ နဲ့ ၀ယ်ယူနိုင်အောင် စီစဉ်ပေးပြီးမှ မေးခွန်းထုတ်ရမယ့် ကိစ္စပါ။

“ ဘောပွဲလက်မှတ် ရောင်းချပုံနဲ့ မပြောင်းလဲသေးတဲ့ အစိုးရ”
စည်သူအောင်မြင့်
မြန်မာပို့စ်၊ ၁၆-၁၂-၁၃။ စာ-၁၂။

တိုးရဝှေ့ရ မလွတ်ကျွတ်တဲ့ မြန်မာတွေ ဘဝ
လူအတော်များများ လက်မှတ်ရောင်းရာ နေရာရှေ့မှာ တိုးဝှေ့နေကြတယ်။ စနစ်ကျအောင် ဘယ်သူမှ လုပ်မပေး၊ သက်ဆိုင်ရာ လက်မှတ်ရောင်းတဲ့ ဌာနကလည်း တာဝန်မယူ၊ တစ်ချို့ လူတွေ အကျီင်္ချွတ်၊ တစ်ချို့လူတွေ တစ်ယောက် အပေါ် တစ်ယောက်တက်၊ လက်မှတ်ရောင်းခါနီး ရဲ နှစ်ယောက် ရောက်လာ။ နောက်တော့ လူအုပ်ကြီးရဲ့ အရှေ့ကို ရောက်အောင် တိုးဝှေ့သွားလိုက်ပြီး ပါတ်ထားတဲ့ ခါးပါတ်ကို ချွတ်လိုက်တယ်၊ နောက် ပါးစပ်ကနေ စည်းကမ်းမရှိတဲ့ကောင်တွေ စည်းကမ်းမရှိတဲ့ ကောင်တွေ ဆိုပြီး မြှောက်မြှောက်ပြီး ခေါင်းတွေကို ဆင့် ဆင့်ရိုက်တယ်။ ခါးပါတ်ခေါင်းနဲ့ အရိုက်ခံရတာကြောင့် လူတစ်ယောက် ခေါင်းပေါက်ပြီး သွေးတွေ ဖြာကနဲ ထွက်သွားတယ်။ အဲဒီလူ သူ့ခေါင်းသူ အုပ်ပြီး လူအုပ်ထဲကနေ တိုးဝှေ့ ပြန်ထွက်သွားတယ်။ ဒီလို ထိခိုက်နာကျင်မှုတွေ ရှိပေမယ့် လူအုပ်ကြီးကတော့ တိုးမြဲ ဝှေ့မြဲ။ အဲဒါက မဆလ ခေတ် နယ်ရုပ်ရှင်ရုံတစ်ရုံမှာ ရုပ်ရှင်ဇတ်ကား တစ်ကားကြည့်ရဖို့ လူတွေ လူမဆန်အောင် တိုးဝှေ့ကြရတာ။
ဒါကတော့ သိပ်မကြာသေးခင် အရင် နအဖ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့တာ။ ရန်ကုန်ဗိုလ်ချုပ်လမ်း နဲ့ ဆူးလေလမ်းဒေါင့် မီးရထားလက်မှတ် ရောင်းတဲ့ ၀င်း အပြင်ဘက် ဗိုလ်ချုပ်လမ်း တံခါးပေါက်မှာ ညလုံးပေါက် ထိုင်စောင့်၊ အိပ်စောင့်နေသူတွေနဲ့ ပြည့်နှက်နေတယ်။ တစ်ညလုံး ဒုက္ခခံပြီး မနက် ၆ နာရီလောက် တံခါးဖွင့်ချိန် လူတွေ အတွင်းကို ၀ရုန်းသုန်းကား ပြေးလွှားတိုးဝှေ့ ၀င်ကြရပြန်တယ်။ အထဲရောက်တော့ သံဘောင်တွေ ကာရံထားတဲ့အထဲ ထပ်ပြီး တန်းစီ။ မနက် (၈) နာရီလောက်ရောက်တော့ လက်မှတ် စ ရောင်း။ ရောင်းမယ့် ခုံ လက်မှတ် ၁၀၀ ကျော်လောက် လို့ ရေးထားပေမယ့် အယောက် ၁၀ - ၂၀ မပြည့်ခင် လက်မှတ် ကုန်သွားပြီပြော။ အရောင်းပိတ်၊ မိုးမလင်းခင် လာစောင့်တဲ့ ပြည်သူတွေ ခေါင်းငိုက်စိုက်ချပြန်။ အခု ၂၀၁၃ ကုန်ခါနီး၊ အပြောင်းအလဲ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် တာဝန်ယူတာ ၂ နှစ်ခွဲကျော် ကာလ။ အဲဒါမျိုးတွေ ပြောင်းလဲ သွားပြီလား။

ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်ရောင်းပွဲ
ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်း ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံသား အများစုက ဒီ ဘောလုံးပွဲကို စိတ်ဝင်စားပါတယ်။ လူဦးရေ ထူထပ်တဲ့ ရန်ကုန်မှာ ကျင်းပတဲ့ ပွဲမို့လို့လည်း ကြည့်ဖို့ အားပေးဖို့ စိတ်စောနေကြပါတယ်။ ဒီအတွက် ကြိုတင်လက်မှတ် ၀ယ်ဖို့ ကြိုးစားကြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ လက်မှတ်တွေကို ဒီဇင်ဘာ၁၃- ၁၄ ရက်နေ့တွေ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ စလင်းကွင်း စသဖြင့် နေရာတစ်ချို့မှာ ခွဲဝေ ရောင်းချမယ်လို့ ဆိုပါတယ်။ ဒီ အတွက် ပြည်သူအများအပြားဟာ လက်မှတ် မရမှာစိုးလို့ မိုးမလင်းခင် သွားပြီး တန်းစီ ကြပါတယ်။ တကယ့်တကယ် မနက် ၁၀ နာရီဝန်းကျင် လက်မှတ်လည်း ရောင်းရော တန်းစီထားတာတွေ ပျက်ပြီး ရှေ့ပိုင်းမှာ တိုးတာ ဝှေ့တာတွေ ဖြစ်လာရော။ အကျီ င်္ ကျွတ်သူကျွတ်၊ လုံခြည်ကျွတ်သူကျွတ်၊ တစ်ချို့တွေကလည်း အမိုးတွေပေါ် တွယ်တက်၊ တစ်ယောက် အပေါ် တစ်ယောက် တွယ်တက်၊ အဲဒီ လူတွေကို နောက်ကနေ ရေသန့်ဗူးနဲ့ ပေါက်သူကပေါက်၊ ဖိနပ်နဲ့ ပစ်သူကပစ် ဗရမ်းဗတာ ဖြစ်ကုန်ပါတယ်။ နောက် ရဲ ၅ ယောက် ၆ ယောက် ရောက်လာပေမယ့် မထိန်းတတ်တာလား၊ မထိန်းချင်တာလား၊ ဗရမ်းဗတာဖြစ်တာ ဘာမှ လျော့မသွားပါဘူး။ နောက်တော့ ထုံးစံအတိုင်း ဘယ်လောက် ရောင်းပေးလိုက်မှန်းမသိ လက်မှတ်တွေ ကုန်ပြီ ဖြစ်သွားခဲ့ပါတယ်။
လက်မှတ်တွေ လူမှန်းသူမှန်း မသိအောင် တိုးနေရကတည်းက မှောင်ခို ရောင်းနေသူတွေက ရောင်းကြပါတယ်။ ဒါလည်း ဘယ်သူမှ အရေးယူတာမျိုး အလေးထားတာမျိုးလည်း မရှိပါဘူး။ ကျပ် ၂၀၀၀၊ ၄၀၀၀ ပေးရတဲ့ လက်မှတ် ကျပ် ၂ သောင်းခွဲ ၃ သောင်း တစ်ချို့ ဒီထက်များတဲ့ ငွေနဲ့ ၀ယ်ရတာတွေလည်း ရှိပါတယ်။ ဒီ ပြသနာ သေးသေးလေးလား၊ ဘာမှ အရေးမကြီးတဲ့ ပြသနာလား၊ ပြည်သူတွေဟာ စည်းမရှိ ကမ်းမရှိ ဒီမိုကရေစီ ခေတ်နဲ့ မထိုက်တန်သူတွေလို့ပဲ ရှုံ့ချကြမလား၊ ခုတစ်ပါတ် အဲဒီ အကြောင်း ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

အစိုးရရဲ့ ပွင့်လင်းမြင်သာ မရှိမှု
အစောက တင်ပြခဲ့တဲ့ နမူနာတွေကိုကြည့်ရင် လက်ရှိ ဖြစ်ပျက်နေတာတွေဟာ အရင် မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်ကနဲ့ ဘာမှ မကွာသေးတာ တွေ့မြင်ရမယ် ဖြစ်ပါတယ်။ ဒီလို ဘာကြောင့် ဖြစ်ရသလဲ တဆင့်ချင်း၊ တစ်ပိုင်းချင်း ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ ပထမ တစ်ခုကတော့ အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပိုင်းပါ။ အရင်စစ်အာဏာရှင်တွေ ခေတ်တုန်းကဆို လေယာဉ်လက်မှတ်၊ မီးရထားလက်မှတ်၊ အခြားသော ရောင်းချမှု ဆိုင်ရာ အခွင့်အရေး ဘယ်နေရာမှာမှ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ပြည်သူတွေကို တန်းစီ ၀ယ်ရမယ် ဆိုပေမယ့် အာဏာပိုင်နဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းအတွက် အထူးအခွင့်အရေးတွေ ရယူထားပါတယ်။ ဘာ တန်းစီ စရာမှ မလိုပါဘူး။ အဲဒီ ကနေ တဆင့် ခွဲတန်း စနစ် ဆိုတာ ပေါ်လာပါတယ်။ တပ်အတွက် ဘယ်လောက်၊ ရဲအတွက် လက်မှတ်ဘယ်လောက်၊ ထောက်လှမ်းရေး အတွက် ဘယ်လောက်၊ အုပ်ချုပ်ရေးအတွက် ဘယ်လောက် စသဖြင့်။
ပွင့်လင်းမြင်သာမှု မရှိ အခွင့်ထူးခံတဲ့အခါ တစ်ဆက်တည်း ပေါ်လာတာက အဂတိ လိုက်စားမှုပါ။ နောက်ပိုင်း လက်မှတ် မှောင်ခို ပေါ်ပေါက်လာတာလည်း အဲဒါတွေရဲ့ အဆက်အစပ်ပါပဲ။ ပြည်သူတွေအနေနဲ့ ဘယ်သူတွေကို လက်မှတ် ဘယ်နှစ်စောင်ရောင်းတယ်၊ ပြည်သူတွေအတွက် ဘယ်လောက်ရှိတယ် ပွင့်ပွင့်လင်းလင်း မသိရပဲ ကုန်ပြီ ပြောတာနဲ့ လှည့်ပြန်ရတာကလွဲပြီး ဘာမှ မေးမြန်းပိုင်ခွင့်မရှိသလို လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ နောက်ပိုင်း အဲဒီ စနစ် ပုဂ္ဂလိက ရုပ်ရှင်ရုံတွေနဲ့ ပုဂ္ဂလိက အဝေးပြေး ယာဉ်လိုင်းတွေအထိတောင် ကူးစက်သွားခဲ့ပါတယ်။ အာဏာပိုင်တွေအတွက် နေရာတစ်ချို့ မရောင်းပဲ နောက်ဆုံးအချိန်အထိ ချန်ထားပေးရတာမျိုးပါ။
အခု ဆီးဂိမ်း ဘောလုံးပွဲ လက်မှတ် ရောင်းချပုံကလည်း အဲဒီ အတိုင်းပါပဲ။ ပရိတ်သတ် ၃ သောင်းဆန့် ကွင်းအတွက် လက်မှတ် ဘယ်နှစ်စောင် ပြည်သူတွေကို ရောင်းမယ်၊ လက်မှတ် ဘယ်နှစ်စောင်က ဘယ်အဖွဲ့အစည်း ဘယ်သူတွေအတွက် ဆိုတာ ဘယ်သူမှ မသိရပါဘူး။ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်တဲ့ အစိုးရဆို ခုလို အခြေအနေ အသိပေးကို ပေးရပါမယ်။ ဒါ့အပြင် ဘယ်နေ့မှာ ဘယ်အားကစားရုံမှာ ရောင်းမယ့် လက်မှတ် ဘယ်လောက်ဆိုတာ အများပြည်သူသိအောင် ထင်ထင်ရှားရှား ဖော်ပြထားရပါမယ်။ အားလုံးပေါင်းလိုက်ရင် ရောင်းချမယ့် လက်မှတ် ၃ သောင်းဆို ၃ သောင်း စာရင်းတိတိကျကျ ရှိရပါမယ်။ မီဒီယာတွေက မေးရင် တိတိကျကျ ပေးနိုင်ရပါမယ်။ အားကစားရုံ တစ်ရုံချင်းစီမှာ ရောင်းမယ့် လက်မှတ် အရည်အတွက် နဲ့ ရောင်းချပေးတဲ့ အခြေအနေ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိမြင်စေရပါမယ်။ ဒါတွေဟာ ပွင့်လင်းမြင်သာမှု ရှိမှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်ပါတယ်။ ခုတော့ အဲလို ဘောလုံးပွဲ လက်မှတ် ရောင်းရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး။

စီမံခန့်ခွဲမှု
ရောင်းချရမယ့် လက်မှတ် အရည်အတွက် နည်းနေမယ်၊ ၀ယ်ယူလိုတဲ့ ပြည်သူတွေ များနေမယ်ဆိုရင် စနစ်တကျ ၀ယ်ယူနိုင်အောင် အစီအစဉ် လုပ်ပေးရပါမယ်။ အခုကတော့ လုံခြုံရေးအတွက် ရဲ ခေါ်တာကလွဲရင် လက်မှတ်ရောင်းတာ စနစ်တကျဖြစ်အောင် လုပ်ထားတဲ့ ဘာ အစီအမံမှ မရှိပါဘူး။ ဒါကို ပြည်သူတွေအတွက် လုပ်ပေးရကောင်းမှန်း မသိသလို၊ တကယ်လုပ်ပေးမယ် ဆိုရင်တော့ ကျွမ်းကျင်မှု ရှိမယ် မရှိဘူး ဘာမှ မပြောနိုင်ပါဘူး။ ပြောရရင် အစိုးရ တာဝန်ရှိသူတွေဟာ အရင်ခေတ်တွေကအတိုင်း စီမံခန့်ခွဲမှု ညံ့မြဲညံ့၊ ပြည်သူတွေကို အလေးမထားမြဲ အလေးမထားတာ တွေ့မြင်နိုင်ပါတယ်။

ပြည်သူတွေရဲ့ ခံယူချက်
အခုကိစ္စနဲ့ ပါတ်သက်ရင် ပြည်သူတွေကို စည်းကမ်းမရှိသူတွေအဖြစ် အပြစ်တင်သူတွေ ရှိပါတယ်။ အထူးသဖြင့် အစိုးရဘက်ကပါ။ ပြည်သူတွေ စည်းကမ်းရှိဖို့ဆိုတာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့၊ စည်းကမ်းစနစ်တကျ နဲ့ ၀ယ်ယူနိုင်အောင် စီစဉ်ပေးပြီးမှ မေးခွန်းထုတ်ရမယ့် ကိစ္စပါ။ နောက်တစ်ချက် ပြည်သူတွေဟာ အသက် ဘယ်လောက်ကြီးကြီး ဘယ်လောက် ငယ်ငယ် မွေးကတည်းက မျှတမှုဆိုတာ မမြင်ဖူးခဲ့ကြပါဘူး။ တစ်ခါမှ ကြုံလည်း မကြုံဘူး လေ့ကျင့်ပျိုးထောင်မှုကိုလည်း မခံခဲ့ကြရပါဘူး။ ခုလို သေးသေးဖွဲဖွဲ လက်မှတ်ဝယ်တာကအစ ပထမ ဦးဆုံး စဉ်းစားကြတာက ဘယ်သူ့ဆီမှာ အထူးအခွင့်အရေးနဲ့ တောင်းရင် ရနိုင်မလဲ ဆိုတာပါ။ ဘယ်နည်းနဲ့ ငွေပိုပေး ၀ယ်ရင် ရနိုင်မလဲ စဉ်းစားတာပါ။ ရိုးရိုးသားသား ဇွဲကောင်းကောင်းနဲ့ တန်းစီရင် လက်မှတ် ၀ယ်လို့ ရကို ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှု ဘယ်သူ့ဆီမှာမှ ရှိမနေပါဘူး။ လက်တွေ့လည်း မရနိုင်ပါဘူး။ ဒီ အတွက် နောက်ဆုံး ကုန်ကုန် ခွန်အားကြီးသူ အနိုင်ရစတမ်း စည်းမဲ့ကမ်းမဲ့ တိုးဝှေ့ အနိုင့်အထက်လုပ် လက်မှတ် ၀ယ်ယူဖို့ ကြိုးစားကြပါတော့တယ်။ ပြောရရင် ပြည်သူတွေ ဒီလို ဖြစ်တာဟာ စနစ်ကြောင့် ဖြစ်ရတာလို့ ဆိုရင် မမှားပါဘူး။

မပြောင်းလဲသေးတဲ့ အစိုးရ၊ မပြောင်းလဲနိုင်သေးတဲ့ပြည်သူ
ဒီဖြစ်ရပ်မျိုးတွေဟာ ခုလို ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်ရောင်းတဲ့ ကိစ္စ တစ်ခုတည်းမှာပဲ ကွက် ဖြစ်နေတာ မဟုတ်ပါဘူး။ ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကဒ်တွေ ရောင်းချတာက အစ၊ အစိုးရပိုင် လုပ်ငန်းတွေကို လုပ်ခွင့်ပေးတာ အလည် ဒေါ်လာသန်းချီ စီမံကိန်းတွေ အဆုံး အားလုံးမှာ ဖြစ်ပျက်နေတာပါ။ အစိုးရအဖွဲ့ဟာ အပြောင်းအလဲတွေ လုပ်နေတယ် ဆိုပေမယ့် ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးတွေမှာ မပြောင်းလဲနိုင်သေးသမျှ ပြောင်းလဲနေတဲ့ စည်းကမ်းရှိတဲ့ စနစ်ကျတဲ့ ပြည်သူတွေ မြင်ရဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး ......... အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား

ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့်
ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ရပြီ ဖြစ်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်းများအနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေးဆုံး အားကစားနည်းဖြစ်သော
 ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့်တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့်
ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။ မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်းပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။
ခြေစမ်းပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့သိနေတယ်။ ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင်တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုး
ကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ဖူးသူဖြစ်တယ်။ ဘာပဲပြောပြော
သူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀စလုံးရဲ့
မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ်ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့
ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း
လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး
Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ်ဆင့်တက်မယ်ဆိုတာ သိနေတော့
သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သလဲဆိုတာ အံ့အားသင့်ရပါတယ်။
နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက်တာလည်း အံ့သြစရာပါပဲ။
မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲတစ်ပွဲ ကြည့်
ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့်က
ထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်းထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲသို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်းထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက်နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။

ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ်ရင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွားမှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက်သေးတာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန်တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွားတန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ ပရိသတ်အားပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တော့သလို ဖြစ်သွားပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကိုဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။

(မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ်
 လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ))


မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား

ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ရပြီ ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်းများအနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေးဆုံး အားကစားနည်းဖြစ်သော ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့်တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။ မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်းပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်းပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့သိနေတယ်။
ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင်တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ဖူးသူဖြစ်တယ်။
ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ်ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ်ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သလဲဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက်တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲတစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့်ကထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်းထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲသို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်းထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက်နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။

ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ်ရင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွားမှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက်သေးတာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန်တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွားတန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ ပရိသတ်အားပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တော့သလို ဖြစ်သွားပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကိုဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။ 

(မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ))

သြော်....... ချီးဂိမ်း

ဆီးဂိမ်မှာ မြန်မာဘောလုံးအသင်း ရှုံးတော့

၁။ အစိုးရကို အပြစ်မတင်ရဘူး။
၂။ အတိုက်အခံတွေ နိုင်ငံရေးအမြတ်မထုတ်ရဘူး။
၃။ ပရိသတ်မျက်ရည်ကို အမြတ်မထုတ်ရဘူး။
၎။ အသင်းကပ္ပတိန်တစ်ဦးကိုပဲ အပြစ်တင်ပါ။
၅။ ကိုရီးယားနည်းပြကိုပဲ အပြစ်တင်ပါ။
၆။ ဒီအချိန်မှာ ဖွဲ့စည်းပုံအကြောင်း မပြောနဲ့။

ဒါပေမဲ့ ဒီလိုရေးတဲ့လူတွေဟာ ဆူပူနေတဲ့ ပရိသတ်ကနေ အမြတ်ထုတ်နိုင်အောင် ပို့စ်တွေ တင်နေပါတယ်။ အစိုးရကို မသိမသာ ထောက်ခံတဲ့ စာတွေကို ရေးတယ်။ စစ်ခရိုနီအချို့နဲ့ အလွမ်းသင့်နေပါတယ်။ ပြီးရင် အတိုက်အခံများကို ပါးပါးလေးနဲ့ လှီးပါတယ်။

အလယ်အလတ်ဝါဒီလို ဟန်ဆောင်ပြီး စစ်အုပ်စုကို ကျားကန်ပေးမဲ့ ပုဂ္ဂိုလ်တွေပါပဲ။

Ven Ravika

ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ

မလေးရှားက မြန်မာဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ

မလေးရှားက မြန်မာဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ

တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင် ပြန်မပေးပဲ ယူထားလိုက်ကြမယ် ထင်ပါ တယ်။ ဒါပေမယ့် မလက္ကာက ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။

တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦး အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ စင်ကာပူ အမျိုး သမီးတဦးက ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။

အမည်မဖော်ပြထားတဲ့ စင်ကာပူ အမျိုးသမီးက မလေးရှား နိုင်ငံ Jalan Merdeka အရပ်က Hatten Hotel Malacca ဟိုတယ် မှာ စီးပွားရေး လုပ်ငန်း ကိစ္စနဲ့ ၃ ရက်တာ တည်းခိုသွားခဲ့တာပါ။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက သန့်ရှင်းရေး အလုပ်သမား Mr. Khua ဟာ ဟိုတယ်အခန်း အတွင်း သန့်ရှင်းရေး ဝင်လုပ်တဲ့အခါမှာ ကုလားထိုင်တလုံး အောက်က အဲဒီ တန်ဘိုးကြီး စိန် လက်စွပ် ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ သူက ဟိုတယ်က သူ့အထက်အရာရှိကနေတဆင့် စင်ကာပူအမျိုးသမီး နေထိုင်ခဲ့ပြီး ပြန်ထွက်သွားတဲ့ အခန်းက စိန် လက်စွပ်ကောက်ရတဲ့အကြောင်း အသိပေး အပ်နှံခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေရဲ့ ဂုဏ်ကို သူ့ရဲ့ ရိုးသားမှုနဲ့ အရောင်ပြောင် ထွန်းအောင် လုပ်ပြ လိုက်တာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါဟာ အမှန်အကန် မြန်မာ့ဂုဏ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။


မြန်မာအလုပ်သမား Mr. Khua Khun Thang ကို ဟိုတယ်အရာထမ်းက ဂုဏ်ပြုနေပုံ



Some people might have been tempted by the bling, but not this honest housekeeper.

When Hatten Hotel Malacca worker Khua Kung Thang (above, right) found a diamond ring worth RM48,000 ($18,600) left behind by a Singaporean woman, the 24-year-old did the right thing — he returned it.

The woman, who requested anonymity, stayed in the hotel at Jalan Merdeka, Malacca, for three days on a business trip.

Mr Khua, who is from Myanmar, was performing housekeeping duties when he spotted the diamond ring in the groove of a chair inside the hotel room.

He told his superiors about the find and the hotel informed the guest that her ring was found in the room on the same day as she was driving back to Singapore.


သတင်း (Maung Koko)
http://www.tnp.sg/content/worker-returns-18600-ring-lost-singaporean-malacca-hotel

နေဇော်လင်း

Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729
 မြန်မာအလုပ်သမား Mr. Khua Khun Thang ကို ဟိုတယ်အရာထမ်းက ဂုဏ်ပြုနေပုံ
 
တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင် ပြန်မပေးပဲ ယူထားလိုက်ကြမယ် 
ထင်ပါ တယ်။ ဒါပေမယ့် မလက္ကာက ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။

တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦး
အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက
Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ
စင်ကာပူ အမျိုး သမီးတဦးက ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ
အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။

အမည်မဖော်ပြထားတဲ့ စင်ကာပူ အမျိုးသမီးက မလေးရှား နိုင်ငံ Jalan Merdeka အရပ်က 
Hatten Hotel Malacca ဟိုတယ် မှာ စီးပွားရေး လုပ်ငန်း ကိစ္စနဲ့ ၃ ရက်တာ တည်းခိုသွားခဲ့တာပါ။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက သန့်ရှင်းရေး အလုပ်သမား Mr. Khua ဟာ 
ဟိုတယ်အခန်း အတွင်း သန့်ရှင်းရေး ဝင်လုပ်တဲ့အခါမှာ ကုလားထိုင်တလုံး အောက်က 
အဲဒီ တန်ဘိုးကြီး စိန် လက်စွပ် ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ သူက ဟိုတယ်က သူ့အထက်အရာရှိကနေတဆင့် စင်ကာပူအမျိုးသမီး နေထိုင်ခဲ့ပြီး
 ပြန်ထွက်သွားတဲ့ အခန်းက စိန် လက်စွပ်ကောက်ရတဲ့အကြောင်း အသိပေး အပ်နှံခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေရဲ့ ဂုဏ်ကို သူ့ရဲ့ ရိုးသားမှုနဲ့ 
အရောင်ပြောင် ထွန်းအောင် လုပ်ပြ လိုက်တာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါဟာ အမှန်အကန် မြန်မာ့ဂုဏ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
 

ဝဋ်

(၁) လွန်ခဲ့သော နှစ်နှစ်ဆယ်ကျာ်ကဖြစ်သည်..။ လမ်းစဉ်ပါတီအား (၂၆) နှစ် ဦးဆောင်ခဲ့သော နိုင်ငံ့ခေါင်းဆောင် (တချိန်က ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်ခဲ့သူ) လမ်းစဉ်ပါတီဥက္ကဌကြီး ... ညီလာခံတွင် မိန့်ခွန်းပြောခဲ့သည်။ မိန့်ခွန်းပြောချိန်တွင် ... ပါတီစုံဒီမိုကရေစီ စံနစ်အား ပြည်သူအများအာရုံစိုက်နေချိန်ဖြစ်သည်....။ လများမကြာမီ ၄င်းကိုယ်တိုင် အာဏာစွန့်လွှတ်လိုက်ရသော ပြည်လုံးကျွတ် အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့သည်...။

လွန်ခဲ့သော ဆယ်နှစ်ခန့်က တိုင်းပြည်အား (၂၆) နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ဖူးသော ၄င်း ကွယ်လွန်ချိန်တွင် လိုက်ပါပို့ဆောင်သူမှာ လူဦးရေ နှစ်ဆယ့်ငါးယောက်ထက် မပိုခဲ့ပေ...။
---------------------------------------------------------------------------------------------------------------------------------
(၂) လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ခန့်ကဖြစ်သည်..။ လမ်းစဉ်ပါတီမရှိတဲ့နောက် .ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားဖြင့် .နိုင်ငံတော်အာဏာအား တပ်မတော်က ထိန်းသိမ်းပြီး န၀တ ဟုခေါ်သော အစိုးရ ပေါ်ထွက်လာသည်..။ န၀တ ဥက္ကဌမှာ .. ကာချုပ်ပင်ဖြစ်သည်..။ ၄င်းက ရိုးသားဖြောင့်မတ်သည်ဟု နာမည်ထွက်သည်..။ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်မှ စစ်တန်းလျားပြန်ကာ အရပ်သားအစိုးရ သဘောအတိုင်းဖြစ်မည်ဟု ဆိုသည်..။

Facebook ပေါ်က SEA GAMES NEWS






တာဝန်ရှိသူတွေ ဒါ ပျင်းလို့ငိုတယ်မထင်နဲ့ရှင့်။
ပရိတ်သတ်ကြီးနေရာက ဝင်ပြီးခံစားပေးကြည့်စမ်းပါ

ဖမ်းဆီးအရေးယူတာတွေကို အခုရပ်!  



================================

သူညစ်တာလည်း ပါတယ်



*************************************************
ဟင့် ..ဘောပွဲရှုံးပြီး ညစ်နေလို့ လိုင်းလေးသုံးမလား မှတ်တယ်...
တစ်ညသာ ကုန်သွားတယ် ..လိုင်းကတက်မလာဖူးးးးးးးးးးးး


လိုင်းလေး သုံးမရလို့ ချစ်တူဆီဖုန်းခေါ်ပြီး ကြူမလားမှတ်လယ်...
ဒီ မက်ဆေ့လေး ၀င်လာလို့  သေချင်စိတ်တောင်ပေါက်တွားလယ

"Sorry your credit is lower than 200 Kyats . Please update your credit soon""

အဲဒီတော့ ???????????????
{ နေပိုင် }
17.12.2013 / 10.23 AM



/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\

ငိုပါ သူငယ်ချင်း
အားရပါးရငို
သန်း ၆၀ လုံးမဟုတ်ပေမယ့်
ဘောပွဲကြည့်တဲ့သူတိုင်းငိုကြတယ်
ဦးဇော်ဇော်လည်းငိုတယ်
ကျော်ကိုကိုလည်းငိုတယ်
မင်းလည်းငိုတယ်
ငါလည်းငိုတယ်
ငိုပါ အားရပါးရငို
တကယ်တော့ နည်းပြကလွဲလို့
အသင်းသားတွေရော
ပရိတ်သတ်တွေရော ဘယ်သူမှ မမှားခဲ့ကြပါဘူး
ဒိုင်တွေလည်းမမှားကြဘူး
တကယ့်အဖြေက

“ အရည်အချင်း မရှိသေးတာ မပြည့်မှီသေးတာ လိုနေသေးတာ ”

အဲဒီအဖြေကို လက်မခံနိုင်သေးတာပဲ သူငယ်ချင်း
တိုက်ဂါးဖလားကစလို့ ထိုင်းနဲ့တွေ့တိုင်းလည်းငါတို့ ငိုရတယ်
အင်ဒိုကိုတော့ ၂၀၀၉ တုန်းကလည်းနိုင်ဖူးလို့ မငိုရဘူးမှတ်တာ
အခု လည်းငိုရပြန်တာပဲ
ငိုကွာ .. ။

သက်တန့်ချို

====================

***************************************

==========


ငါတို့မြန်မာပြည်က လူတွေ စည်းမရှိကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူးကွာ ဆိုတဲ့သူတွေကို ပြောပါရစေ

ငါတို့မြန်မာပြည်က လူတွေ စည်းမရှိကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူးကွာ ဆိုတဲ့သူတွေကို ပြောပါရစေ

ဟာ . . ကွမ်းတံတွေးတွေ ထွေးသွားပြန်ပြီ

ဟာ . . အမှိုက်တွေ လမ်းပေါ် ပစ်သွားပြန်ပြီ

ဟာ . . နောက်က တန်းမစီပဲ ကြားဖြတ်ဝင်သွားပြန်ပြီ

ဒီအသံတွေက မြန်မာပြည်မှာ နေ့စဉ်လိုလို ကြားနေရတဲ့ အသံတွေ ပါ

ဒါတွေကို အခြေခံပြီး လက်တစ်ဆုပ်စာ အချို့က ပြောပါတယ်

ငါတို့ မြန်မာပြည်ကလူတွေ စည်းမရှိ ကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူး ကွာ တဲ့

ဒါကို ကျနော် လက်မခံ နိုင်ပါဘူး

ကျနော်က လက်ရှိ မြန်မာပြည် နဲ့ ဝေး တဲ့ နေရာကိုရောက်နေတဲ့သူပါ ၊

ကျနော် လက်ရှိနေရာမှာ မီးမပြတ်ပါဘူး ၊ ရေ မပြတ်ပါဘူး ၊ တယ်လီဖုန်းမပြတ်ပါဘူး ၊ မီးပွိုင့်တွေ မပြတ်ပါဘူး ၊ လမ်းတွေမှာ ချိုင့်ခွက်တွေမရှိပါဘူး ၊ လမ်းကူးချင်ရင် ခလုပ်ကလေးနှိပ်ရုံ နဲ့ ကားတွေ ရပ်ပေးကြပါတယ် ၊ သတင်းစာရောင်းတဲ့နေရာမှာ

အစောင့်ထားစရာမလိုပါဘူး ၊ အကြွေစေ့မရှိရင် ကိုယ့်ဟာကိုယ် အကြွေစေ့နှိုက်ပြိး အမ်းခဲ့လို့ရပါတယ် ၊ ရထားနောက်မကျ တတ်ပါဘူး ၊ အရေးကြုံလို့ ၉၁၁ ကိုလှမ်းဆက်ရင် ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ရဲတွေ ရောက်လာတတ်ပါတယ် ၊ လမ်းဘေးလဲကျနေသူ

တစ်ယောက်ကို သိသိ မသိသိ လူနာတင်ကားတွေ လာတင်သွားတတ်ပါတယ် ၊ မိုးကြီးမယ်ဆို တီဗီ နဲ့ ရေဒီယိုတွေက ကြိုတင် အကြောင်းကြားလေ့ရှိပါတယ် ၊ လေဆင်နှာမောင်းသတိပေးချက်တွေလည်း ရေဒီိယို နဲ့ တီဗီတွေက လာပါတယ် ၊ အခြေခံပညာကို

ပိုက်ဆံမရှိလို့ မိဘ မထားနိုင်လို့ ကျောင်းမတတ်နိုင်တဲ့သူတွေ မရှိပါဘူး ၊ ဘယ်သူကမှ ဘယ်ရာထူးကြီးတဲ့သူတွေရဲ့ သားတွေ သမီးတွေ ဆွေမျိုးတွေ ဖြစ်တယ်ဆိုပြီး အခွင့်ထူးခံလို့မရပါဘူး ၊ ရုံးက ကား နဲ့ ဒရိုင်ဘာကို အိမ်က မိန်းမဈေးဝယ်ထွက်ဖို့ လိုက်ပို့တာ ၊

ရုံးကားကို သားတွေ သမီးတွေ ယူစီးပြီး ပျော်ပွဲစားထွက်တာ တွေ မရှိပါဘူး ၊

အဲလို ပတ်ဝန်းကျင်မှာတောင်

လမ်းပေါ် တံတွေးထွေးတဲ့သူ ရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
အမှိုက်တွေ လမ်းပေါ်ပစ်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
တန်းမစီပဲ ကြားဖြတ်ဝင်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ

အဲဒီ တစ်ယောက်စနှစ်ယောက်စရဲ့ လုပ်ရပ်ကို ပတ်ဝန်းကျင်က လူတွေ အားလုံး နားမလည် တဲ့ ပုံစံ နဲ့ ဝိုင်းကြည့်ကြပါလိမ့်မယ် ၊

အချိန်မီ စည်ပင်သာယာက သန့်ရှင်းရေးသမားတွေ လာရောက်ရှင်းလင်းပါလိမ့်မယ် ၊ ကြားဖြတ်ဝင်သူကို အားလုံးက လူကြီးလူကောင်းပီသအောင် စနစ်တကျတန်းစီပါလို့ ဝိုင်းပြောကြပါလိမ့်မယ် ၊

ဟုတ်ပါတယ် ကျနော်ပြောချင်တာက လက်ရှိကနော်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ အဲလို စည်းကမ်းဖောက်တာတွေကို ဘယ်သူကမှ မလုပ်ချင်ကြပါဘူး ၊ အဲလိုစည်းကမ်းဖောက်တာဟာ လူတစ်ယောက်ရဲ့ လူ့အရည်အချင်းကြီး နိမ့်ကျ သွားတယ် လို့ အာလုံး

ခံစားမှတ်ယူကြပါတယ် ၊ အဲဒါဟာ အားလုံး အထူးတလည် မသင်ရပဲ တတ်လာတာ လို့ ပြောလို့ရပါတယ် ၊

ဘာလို့ အထူးတလည် မသင်ရပဲ တတ်လာကြတာလဲ ၊

ပတ်ဝန်းကျင်ကောင်းမှာ တောက်လျှောက် နေခဲ့ရလို့ပါ ၊ အဲဒါ ပတ်ဝန်းကျင်ကောင်းရဲ့ သဘာဝအလျှောက် လက်ဆင့်ကမ်းလိုက်တဲ့ အလေ့အကျင့်ကောင်းတွေပါ ၊

မြန်မာပြည်မှာတော့ ၁၉၆၂ လောက်ကတည်းက အခုအချိန်အထိ ပြောမယ်ဆိုရင် အနှစ် ၅၀ လောက် ပတ်ဝန်းကျင်ကောင်းတွေ တောက်လျှောက် မရှိခဲ့ပါဘူး ၊

မီမမှန် ရေမမှန် တယ်လီဖုန်းမမှန် ၊ မီးပျက်နေတဲ့ မီးပွိုင့် ၊ မိုးရွာရင်ရေလျှံတဲ့မြောင်း ၊ အာဏာပါဝါပြပြီး လူပ်ါလူဇော်လုပ်ချင်တဲ့ ရာထူးကြီးသူတွေ ၊ လက်ဆောင်ပဏ္ဍာပေးမှ မျက်နှာချိုတဲ့ အထက်လူကြီးတွေ ၊ ငိုစားရီစား တရားသူကြီးတွေ ၊ ငွေပေးမှ ရန်မလိုတဲ့ ရဲတွေ ၊

ငွေပေးမှ ရေထွက်လာတဲ့ မီးသတ်တွေ ၊ လက်ဘက်ရည်ဖိုးပေးမှ အလုပ်လုပ်တတ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ရာထူးမြဲအောင် ဆက်ကြေးပေးနေရတဲ့ ပတ်ဝန်းကျင်တွေ ၊ ပိုက်ဆံမရှိလို့ ကလေးတွေ ကျောင်းမထားနိုင်တာတွေ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်တာတွေ

ရှိတဲ့ပတ်ဝန်းကျင် ၊

အဲလို အဲလို ပတ်ဝန်းကျင်တွေမှာ ကြီ်းပြင်းခဲ့ရတဲ့ မြန်မာပြည်က လူငယ် လူရွယ် လူကြီးတစ်ပိုင်းဖြစ်နေကြသူတွေ ဘယ်လောက်များ တောင့်ခံနိုင်ကြမှာလဲ ၊

၁၉၆၀ ဝန်းကျင်မှာ အသက် ၅ နှစ်လောက်ရှိခဲ့တဲ့သူတွေက အခုဆို အသက် ၅၅နှစ်လောက်ရှိနေကြပြီလေ ၊ ကျနော့် ဘကြီးအရွယ်ရှိနေကြမှာပေါ့ ၊

မှန်တဲ့သူ သေမှာ ပဲဆိုတဲ့ ပျက်လုံး ၊ မှန်ကန်ရင် ကွဲတတ်တယ် ၊ ၂ နဲ့ ၃ ပေါင်းရင် အဖြေ ၅ မထွက်ပဲ ၅၀ ၊ ၅၀၀ ၊ ၅၀၀၀ ကြိုက်သလောက်ထွက်လို့ရတယ်ဆိုတဲ့ ပျက်လုံးတွေ ခေတ်စားနေတဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ကြီးထဲမှာ ၊ မျက်နှာကြီးရာ ဟင်းဘက်ပါတဲ့ ဥပဒေ နဲ့

အုပ်ချုပ်နေတဲ့ လောင်းရိပ်ခံ ဘဝကြီး ထဲမှာ လက်ရှိမြန်မာပြည်သူပြည်သားတွေ ဘယ်လိုရှင်သန်ကြီးပြင်းခဲ့ရပါသလဲ ဆိုတာ သိပ်ခက်တဲ့ပေးခွန်းမဟုတ်လောက်ပါဘူး ၊

မြန်မာပြည်ကို တကယ် ပြုပြင်ချင်တယ်ဆိုရင်

လက်ရှိ ထာဝန်ယူရာထူးကြီးသူတွေကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် ၊ အဲဒီ ရာထူးကြီး တာဝန်ကြီးယူထားတဲ့သူတွေကိုယ်တိုင် စည်းကမ်းရှိပြရပါမယ် ၊

လမ်းပေါ်မှာ ရေမလျှံအောင် မိုးမရွာခင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါမယ် ၊

မီးပွိုင့်မှာ မီးအမြဲလာနေအောင် လုပ်ထားကြရပါမယ် ၊

ရပ်ကွက်ထဲမှာ မီးပြတ်မယ် ရေပြတ်မယ် ဆိုရင် ကြိုတင်အကြောင်းကြားတဲ့ စနစ် ထားရှိရပါမယ် ၊

အရေးကြုံလို့ ၉၁၁ (မြန်မာပြည်မှာ ၁၉၉) ကိုဖုံးဆင်ရင် ချက်ချင်း အရေးယူဆောင်ရွက်တဲ့ စနစ် ထားရှိရပါမယ် ၊

မြန်ပြည်ကြီးမှာ ရှိတဲ့ လူငယ် လူရွယ်တွေ လူကြီးလူမိုက်တွေကို ပြုပြင်ဖို့အတွက် တင်းကျပ်တဲ့စည်းကမ်းတွေအရင်ရှိဖို့မလိုပါဘူး ၊ တရားမျှတပြီးလူကောင်းတွေရှိနေတဲ့ ပတ်ဝန်းကျင်အရင်ရှိဖို့လိုပါတယ် ၊

အဲဒီပတ်ဝန်းကျင်ရှိနေအောင် အကောင်အထည်ဖော်ရမှာက လက်ရှိ အစိုးရ နဲ့ လက်ရှိလွှတ်တော်ပါပဲ ၊

အစိုးရ နဲ့ လွှတ်တော်က တရားမျှတပြီး လူကောင်းတွေ နေနေတဲ့ပတ်ဝန်းကျင်ကြီးကို မြန်မာပြည်သူပြည်သားတွေ သိမြင် ထိတွေ့ ခံစား နိုင်အောင် အစိုးရ နဲ့ လွှတ်တော် ယန္တရားကြီးကိုယ်တိုင်က စတင်လက်တွေ့ နေပြလုပ်ပြရပါမယ် ၊

အဲဒီလို လူမှုစနစ် ယန္တယားကြီးကို စောင့်ရှောက်ကာကွယ်နေပါတယ် ဆိုတဲ့ သူတွေက စပြီးကောင်းနေရင် လူငယ်လူရွယ်တွေ ကောင်းလာဖို့ သိပ်ဝေးမှာ မဟုတ်တော့ပါဘူး ၊

အဲလို အကြောင်းအကျိုးကို မတွေးခေါ် မပြုပြင်ပဲ လူငယ်တိုင်းကို လက်ညှိုးထိုးပြီး မြန်မာတွေ စည်းကမ်းမရှိဘူး ဒီမိုကရေစီနဲ့ မတန်ဘူလို့ ပြောပြော နေရင်တော့ အကြံအစည် တစ်ခုခု နဲ့ ပြောနေတာလို့ သတ်မှတ်ရတော့မှာပါပဲ. . . .  



Hawdeka Khalaylay
ဟာ . . ကွမ်းတံတွေးတွေ ထွေးသွားပြန်ပြီ

ဟာ . . အမှိုက်တွေ လမ်းပေါ် ပစ်သွားပြန်ပြီ

ဟာ . . နောက်က တန်းမစီပဲ ကြားဖြတ်ဝင်သွားပြန်ပြီ

ဒီအသံတွေက မြန်မာပြည်မှာ နေ့စဉ်လိုလို ကြားနေရတဲ့ အသံတွေ ပါ

ဒါတွေကို အခြေခံပြီး လက်တစ်ဆုပ်စာ အချို့က ပြောပါတယ်

ငါတို့ မြန်မာပြည်ကလူတွေ စည်းမရှိ ကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူး ကွာ တဲ့

ဒါကို ကျနော် လက်မခံ နိုင်ပါဘူး

ကျနော်က လက်ရှိ မြန်မာပြည် နဲ့ ဝေး တဲ့ နေရာကိုရောက်နေတဲ့သူပါ ၊

ကျနော် လက်ရှိနေရာမှာ မီးမပြတ်ပါဘူး ၊ ရေ မပြတ်ပါဘူး ၊ တယ်လီဖုန်းမပြတ်ပါဘူး ၊
မီးပွိုင့်တွေ မပြတ်ပါဘူး ၊ လမ်းတွေမှာ ချိုင့်ခွက်တွေမရှိပါဘူး ၊ လမ်းကူးချင်ရင်
ခလုပ်ကလေးနှိပ်ရုံ နဲ့ ကားတွေ ရပ်ပေးကြပါတယ် ၊ သတင်းစာရောင်းတဲ့နေရာမှာ
အစောင့်ထားစရာမလိုပါဘူး ၊ အကြွေစေ့မရှိရင် ကိုယ့်ဟာကိုယ် အကြွေစေ့နှိုက်ပြိး
အမ်းခဲ့လို့ရပါတယ် ၊ 
 
ရထားနောက်မကျ တတ်ပါဘူး ၊ အရေးကြုံလို့ ၉၁၁ ကိုလှမ်းဆက်ရင်
၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ရဲတွေ ရောက်လာတတ်ပါတယ် ၊ လမ်းဘေးလဲကျနေသူ
တစ်ယောက်ကို သိသိ မသိသိ လူနာတင်ကားတွေ လာတင်သွားတတ်ပါတယ် ၊ 
မိုးကြီးမယ်ဆို တီဗီ နဲ့ ရေဒီယိုတွေက ကြိုတင် အကြောင်းကြားလေ့ရှိပါတယ်၊
 လေဆင်နှာမောင်းသတိပေးချက်တွေလည်း ရေဒီိယို နဲ့ တီဗီတွေက လာပါတယ် ၊
 
အခြေခံပညာကို ပိုက်ဆံမရှိလို့ မိဘ မထားနိုင်လို့ ကျောင်းမတတ်နိုင်တဲ့သူတွေ မရှိပါဘူး ၊
ဘယ်သူကမှ ဘယ်ရာထူးကြီးတဲ့သူတွေရဲ့ သားတွေ သမီးတွေ ဆွေမျိုးတွေ ဖြစ်တယ်ဆိုပြီး အခွင့်ထူးခံလို့မရပါဘူး ၊ ရုံးက ကား နဲ့ ဒရိုင်ဘာကို အိမ်က မိန်းမဈေးဝယ်ထွက်ဖို့ လိုက်ပို့တာ ၊
ရုံးကားကို သားတွေ သမီးတွေ ယူစီးပြီး ပျော်ပွဲစားထွက်တာ တွေ မရှိပါဘူး ၊

အဲလို ပတ်ဝန်းကျင်မှာတောင်
လမ်းပေါ် တံတွေးထွေးတဲ့သူ ရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
အမှိုက်တွေ လမ်းပေါ်ပစ်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
တန်းမစီပဲ ကြားဖြတ်ဝင်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ

အဲဒီ တစ်ယောက်စနှစ်ယောက်စရဲ့ လုပ်ရပ်ကို ပတ်ဝန်းကျင်က လူတွေ အားလုံး
နားမလည် တဲ့ ပုံစံ နဲ့ ဝိုင်းကြည့်ကြပါလိမ့်မယ် ၊

အချိန်မီ စည်ပင်သာယာက သန့်ရှင်းရေးသမားတွေ လာရောက်ရှင်းလင်းပါလိမ့်မယ် ၊
ကြားဖြတ်ဝင်သူကို အားလုံးက လူကြီးလူကောင်းပီသအောင် စနစ်တကျတန်းစီပါလို့ ဝိုင်းပြောကြပါလိမ့်မယ် ၊

ဟုတ်ပါတယ် ကျနော်ပြောချင်တာက လက်ရှိကနော်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ အဲလို စည်းကမ်းဖောက်တာတွေကို ဘယ်သူကမှ မလုပ်ချင်ကြပါဘူး ၊ အဲလိုစည်းကမ်းဖောက်တာဟာ လူတစ်ယောက်ရဲ့ လူ့အရည်အချင်းကြီး နိမ့်ကျ သွားတယ် လို့ အာလုံးခံစားမှတ်ယူကြပါတယ် ၊
အဲဒါဟာ အားလုံး အထူးတလည် မသင်ရပဲ တတ်လာတာ လို့ ပြောလို့ရပါတယ် ၊

ဘာလို့ အထူးတလည် မသင်ရပဲ တတ်လာကြတာလဲ ၊

ပတ်ဝန်းကျင်ကောင်းမှာ တောက်လျှောက် နေခဲ့ရလို့ပါ ၊ အဲဒါ ပတ်ဝန်းကျင်ကောင်းရဲ့
သဘာဝအလျှောက် လက်ဆင့်ကမ်းလိုက်တဲ့ အလေ့အကျင့်ကောင်းတွေပါ ၊

မြန်မာပြည်မှာတော့ ၁၉၆၂ လောက်ကတည်းက အခုအချိန်အထိ ပြောမယ်ဆိုရင်
အနှစ် ၅၀ လောက် ပတ်ဝန်းကျင်ကောင်းတွေ တောက်လျှောက် မရှိခဲ့ပါဘူး ၊

မီမမှန် ရေမမှန် တယ်လီဖုန်းမမှန် ၊ မီးပျက်နေတဲ့ မီးပွိုင့် ၊ မိုးရွာရင်ရေလျှံတဲ့မြောင်း ၊
အာဏာပါဝါပြပြီး လူပ်ါလူဇော်လုပ်ချင်တဲ့ ရာထူးကြီးသူတွေ ၊ လက်ဆောင်ပဏ္ဍာပေးမှ
မျက်နှာချိုတဲ့ အထက်လူကြီးတွေ ၊ ငိုစားရီစား တရားသူကြီးတွေ ၊ ငွေပေးမှ ရန်မလိုတဲ့ ရဲတွေ ၊

ငွေပေးမှ ရေထွက်လာတဲ့ မီးသတ်တွေ ၊ လက်ဘက်ရည်ဖိုးပေးမှ အလုပ်လုပ်တတ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ရာထူးမြဲအောင် ဆက်ကြေးပေးနေရတဲ့ ပတ်ဝန်းကျင်တွေ ၊
ပိုက်ဆံမရှိလို့ ကလေးတွေ ကျောင်းမထားနိုင်တာတွေ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်တာတွေ
ရှိတဲ့ပတ်ဝန်းကျင် ၊

အဲလို အဲလို ပတ်ဝန်းကျင်တွေမှာ ကြီ်းပြင်းခဲ့ရတဲ့ မြန်မာပြည်က လူငယ် လူရွယ် လူကြီးတစ်ပိုင်းဖြစ်နေကြသူတွေ ဘယ်လောက်များ တောင့်ခံနိုင်ကြမှာလဲ ၊

၁၉၆၀ ဝန်းကျင်မှာ အသက် ၅ နှစ်လောက်ရှိခဲ့တဲ့သူတွေက အခုဆို အသက် ၅၅နှစ်လောက်ရှိနေကြပြီလေ ၊ ကျနော့် ဘကြီးအရွယ်ရှိနေကြမှာပေါ့ ၊

မှန်တဲ့သူ သေမှာ ပဲဆိုတဲ့ ပျက်လုံး ၊ မှန်ကန်ရင် ကွဲတတ်တယ် ၊ ၂ နဲ့ ၃ ပေါင်းရင် အဖြေ ၅ မထွက်ပဲ ၅၀ ၊ ၅၀၀ ၊ ၅၀၀၀ ကြိုက်သလောက်ထွက်လို့ရတယ်ဆိုတဲ့ ပျက်လုံးတွေ ခေတ်စားနေတဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ကြီးထဲမှာ ၊ မျက်နှာကြီးရာ ဟင်းဘက်ပါတဲ့ ဥပဒေ နဲ့

အုပ်ချုပ်နေတဲ့ လောင်းရိပ်ခံ ဘဝကြီး ထဲမှာ လက်ရှိမြန်မာပြည်သူပြည်သားတွေ ဘယ်လိုရှင်သန်ကြီးပြင်းခဲ့ရပါသလဲ ဆိုတာ သိပ်ခက်တဲ့ပေးခွန်းမဟုတ်လောက်ပါဘူး ၊

မြန်မာပြည်ကို တကယ် ပြုပြင်ချင်တယ်ဆိုရင်

လက်ရှိ ထာဝန်ယူရာထူးကြီးသူတွေကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် ၊ အဲဒီ ရာထူးကြီး တာဝန်ကြီးယူထားတဲ့သူတွေကိုယ်တိုင် စည်းကမ်းရှိပြရပါမယ် ၊

လမ်းပေါ်မှာ ရေမလျှံအောင် မိုးမရွာခင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါမယ် ၊

မီးပွိုင့်မှာ မီးအမြဲလာနေအောင် လုပ်ထားကြရပါမယ် ၊

ရပ်ကွက်ထဲမှာ မီးပြတ်မယ် ရေပြတ်မယ် ဆိုရင် ကြိုတင်အကြောင်းကြားတဲ့ စနစ် ထားရှိရပါမယ် ၊

အရေးကြုံလို့ ၉၁၁ (မြန်မာပြည်မှာ ၁၉၉) ကိုဖုံးဆင်ရင် ချက်ချင်း အရေးယူဆောင်ရွက်တဲ့ စနစ် ထားရှိရပါမယ် ၊

မြန်ပြည်ကြီးမှာ ရှိတဲ့ လူငယ် လူရွယ်တွေ လူကြီးလူမိုက်တွေကို ပြုပြင်ဖို့အတွက် တင်းကျပ်တဲ့စည်းကမ်းတွေအရင်ရှိဖို့မလိုပါဘူး ၊ တရားမျှတပြီးလူကောင်းတွေရှိနေတဲ့ ပတ်ဝန်းကျင်အရင်ရှိဖို့လိုပါတယ် ၊

အဲဒီပတ်ဝန်းကျင်ရှိနေအောင် အကောင်အထည်ဖော်ရမှာက လက်ရှိ အစိုးရ နဲ့ လက်ရှိလွှတ်တော်ပါပဲ ၊

အစိုးရ နဲ့ လွှတ်တော်က တရားမျှတပြီး လူကောင်းတွေ နေနေတဲ့ပတ်ဝန်းကျင်ကြီးကို မြန်မာပြည်သူပြည်သားတွေ သိမြင် ထိတွေ့ ခံစား နိုင်အောင် အစိုးရ နဲ့ လွှတ်တော် ယန္တရားကြီးကိုယ်တိုင်က စတင်လက်တွေ့ နေပြလုပ်ပြရပါမယ် ၊

အဲဒီလို လူမှုစနစ် ယန္တယားကြီးကို စောင့်ရှောက်ကာကွယ်နေပါတယ် ဆိုတဲ့ သူတွေက စပြီးကောင်းနေရင် လူငယ်လူရွယ်တွေ ကောင်းလာဖို့ သိပ်ဝေးမှာ မဟုတ်တော့ပါဘူး ၊

အဲလို အကြောင်းအကျိုးကို မတွေးခေါ် မပြုပြင်ပဲ လူငယ်တိုင်းကို လက်ညှိုးထိုးပြီး မြန်မာတွေ စည်းကမ်းမရှိဘူး ဒီမိုကရေစီနဲ့ မတန်ဘူလို့ ပြောပြော နေရင်တော့ အကြံအစည် တစ်ခုခု နဲ့ ပြောနေတာလို့ သတ်မှတ်ရတော့မှာပါပဲ. . . .

Hawdeka Khalaylay

ဒီဇင်ဘာ ၁၆ ..ပျောက်ခဲ့တဲ့ အိမ်မက်



ဒီဇင်ဘာ ၁၆ ..ပျောက်ခဲ့တဲ့ အိမ်မက်
Tuesday, December 17, 2013

ညီလေးတို.ရေ ...
မင်းတို. Local League တွေမှာ လစာကောင်းကောင်းနဲ.ကစား ကိုယ်ပိုင်ကားတွေနဲ. သွားနေချိန်မှာ ကိုယ်တို.တွေက လိုင်းကားတိုးစီး ပွဲပြီးတော.မှသုတ်သုတ်ပြန် ကျန်တာလေးနဲ.ညစာ စားခဲ့ကြတာပါ

ညီလေးတို.ရေ...
မင်းတို.တွေ နိုင်ပွဲတွေရ ဆုတံဆိပ်တွေနဲ. တစ်ကြွကြွ ဖြစ်နေချိန်မှာ
ချွေးတွေရွှဲ အသံတွေဝင်
(တစ်ခါတစ်လေ ) လူရုပ်တောင်မပီပြင်ပေမယ်.
ကွင်းဘေးမှာရပ်ပြီး လက်ခုပ်တီးနေရရင် ကျေနပ်နေကြတာပါ

ညီလေးတို.ရေ ...
မင်းတို.တွေ ဘယ်လိုမှားမှား အလကားပါ ပြောတဲ့သူတွေကို ခံတိုက်
မိုက်ခဲ့ကြတာ ကိုယ်တို.တွေပါညီ...
အလကားပါ မင်းတို.မြန်မာဘောလုံး ရှုံးမှာပါကွာပြောတိုင်း
တစ်ဒိုင်းဒိုင်း သွေးတွေဆူပွက် ပြောထွက်တဲ့သူရန်သူ
နလံမထူအောင်ဖိနှိပ်
ခုတော.သွေးမတိတ်တော.ဘူးကွယ်

မိုးမလင်းခင်ထ ပူရှတဲ့နေရောင်အောက်
ချွေးတောက်တောက်ကျအောင်တန်းစီ
လက်တွေချင်းချင်းနီအောင် သံတိုင်တွေကိုင်တိုး
ဒို.အမျိုးရဲ.စွမ်းရည် ..
ဘယ်ဘက်ကမှ မပီ ခဲ့ကြဘူးကွယ်
၂၀၀၀ တန်လက်မှတ်ကို ၂၀၀၀၀ ပေးပြီးကြည်.တာ
၄၀၀၀ တန်လက်မှတ်ကို ၃၀၀၀၀ ပေးပြီးကြည်.တာ
ဘာကြောင်.လဲဆိုရင်...
ညိလေးတို.ဘယ်လိုဖြေမလဲ ...

ပွဲပြီးတော.မှ ပက်လက်လဲကျတဲ့ ညီလေးတို.ကို သနားမိပေမယ်.
ဒါဘယ်သူစီရင်တဲ့ တရားလဲ
မကျေနပ်စိတ် နဲ.ရှက်ရမ်းရမ်း
ပွဲကြမ်း ရင်းသွေးဆူ ..အဲ့ဒီလူတွေက
သူတို.ဒေါသကို သူတို.ဘ၀နဲ. ရင်း ပြကြရတာကွ...

နောက်တစ်ခုက
ကမ္ဘာပေါ်မှာ အိမ်ကွင်းမရှိတဲ့ တစ်ခုတည်းသောနိုင်ငံ
ဘယ်သူဖြစ်မလဲမေး တွေးကြည်.စမ်းပါအုံး
သူ.နိုင်ငံကျတော.လည်း သူ.ဒိုင်
ကိုယ်.နိုင်ငံကျတော.လည်း သူ.ဒိုင်
ကိုယ်တို.လည်း တစ်နိုင်ငံလုံးစုပြီး
ဒိုင်တစ်ယောက်လောက် ၀ယ်ရမယ်ထင်ပါရဲ.
နောက်တစ်ဆင်.မှာ ကြုံနိုင်သူကို ဒိုင်လုပ်ခွင်.ပေးတာ
ဘာအထာ လဲတော. သိချင်တယ်

နည်းပြ ခင်ဗျား ပရိုပီသပါရဲ.
ကျောက်တူးသမား သီချင်းတောင် သတိရမိသေး
ခင်ဗျားရဲ. Sorry တစ်လုံးလေး အတွက် ကျုပ်တို.ပေးလိုက်ရတာ
သန်း၆၀ ရဲ. အိမ်မက်တွေဗျ

ဘောလုံးအတွက် သုံးလိုက်၇တဲ့ပိုက်ဆံတွေ
တကယ်က
မျှော်လင်.ချက်ကို ငွေနဲ. ၀ယ်နေခဲ့ကြတာပါ
နိုင်ငံတကာ အတွေ.အကြုံ မရှိလို.
ခြေမစမ်းရလို.
လေ.ကျင်.ချိန် ကောင်းကောင်းမရှိလို. ဆိုတဲ့စကား
ဒိတစ်ခါတော. နားခါးခဲ့ပြီညီ

မိုက်ကန်းတဲ့ ကိုယ်တို.တွေ
ရွှေဆိုတဲ့ အိမ်မက်မက်ခဲ့ကြ
တိုက်ခိုက်တဲ့စကား
နား ထားလို.ပြောခဲ့ကြတယ်
နေပြည်တော် သွားမယ် နေပြည်တော်သွားမယ် ဆိုတဲ့အော်သံ
ခပ်ညံညံ အော်ခဲ့ကြတယ်
ခုတော. ညီလေးတို. မျက်ရည်လောက်နဲ. ဒါတွေကြေပါ.မလား

ညီလေးတို.ရေ.......
မင်းတို.ကန်တဲ့ပွဲ
မင်းတို.ပြန်ကြည်.ရဲရင် ကြည်.လိုက်ပါ
မျက်နှာငယ်လေးနဲ. မိန်းကလေးတွေ
လက်အုပ်ချိနေတဲ့ ကောင်မလေးတွေ
စိုး၇ိမ်ထိတ်လန်.ရင်း မျှော်လင်.တကြီးဖြစ်နေတဲ့မျက်ဝန်းတွေ
အားမလိုအားမရ စကားတွေ
သူများတိုက်ခိုက်တဲ့ စကားတွေကြား နားကန်းချင်ယောင်ဆောင် လက်မထောင်နေကြသူတွေ.....
အဲ့ဒီထဲမှာ မင်းတို.ကို အားပေးချင်လွန်းလို.
ခိုးထွက်လာရသူတွေရှိတယ်
မရှိမဲ့ရှိမဲ့ ပိုက်ဆံ ချန်ပြီးကြည်.ရသူတွေရှိတယ်
အလုပ်ကဆုကြေးအဖြတ်ခံ ကျန်ချင်သလောက်ကျန်ပါစေဆိုတဲ့သူတွေရှိတယ်
ဒါ ၄၄ နှစ်မက်ခဲ့ရတဲ့ အိမ်မက်ရဲ.အဆုံးလား....

အဲ့ဒီ.အပြင် ညိလေးတို.မမြင်ရတဲ့ တစ်ဖက်မှာ တုန်ရီနေတဲ့ အသံတွေ
ဝေ.နေတဲ့ မျက်ရည်တွေ
ငိုက်စိုက်ကျသွားတဲ့ ဦးခေါင်းတွေ
ငါမပြောလား ဆိုတဲ့ မျက်ဝန်းအောက်က သိမ်ငယ်မှုတွေ
တောက်ခေါက် အံကြိတ် သွေးမတိတ်တဲ့ နှုတ်ခမ်းတွေ
ညိလေးတို.ရေ.......ကွင်းထဲကအထွက်
မင်းတို.နင်းခဲ့တာ မြက်ခင်းမဟုတ်ဘူး
သန်း ၆၀ ရဲ. သက်ပြင်းတွေ
တစ်နိုင်ငံလုံးရဲ. အိမ်မက်တွေ
နိုင်ငံတော်ရဲ. ဂုဏ်သိက္ခာတွေ
မြန်မာ.ဘောလုံးရဲ. အနာဂတ်တွေ...........
ထပ်ပြောပါရစေအုံးညီ
မင်းတို.ကြောင်.
ဒီည လူဘယ်နှစ်ယောက်.................................. ?

ညီလေးတို.ရေ
ကိုယ်တို.နိုင်ငံသားတွေ အားလုံးတာဝန် ကျေခဲ့ကြတယ်
မင်းတို.ရော...............................




 Ko Zaw Min Lwin

*************************

ညီလေးတို.ရေ ...
မင်းတို. Local League တွေမှာ လစာကောင်းကောင်းနဲ.ကစား 
ကိုယ်ပိုင်ကားတွေနဲ. သွားနေချိန်မှာ ကိုယ်တို.တွေက 
လိုင်းကားတိုးစီး ပွဲပြီးတော.မှသုတ်သုတ်ပြန် 
ကျန်တာလေးနဲ.ညစာ စားခဲ့ကြတာပါ

ညီလေးတို.ရေ...
မင်းတို.တွေ နိုင်ပွဲတွေရ ဆုတံဆိပ်တွေနဲ. တစ်ကြွကြွ ဖြစ်နေချိန်မှာ
ချွေးတွေရွှဲ အသံတွေဝင်
(တစ်ခါတစ်လေ ) လူရုပ်တောင်မပီပြင်ပေမယ်.
ကွင်းဘေးမှာရပ်ပြီး လက်ခုပ်တီးနေရရင် ကျေနပ်နေကြတာပါ

ညီလေးတို.ရေ ...
မင်းတို.တွေ ဘယ်လိုမှားမှား အလကားပါ ပြောတဲ့သူတွေကို ခံတိုက်
မိုက်ခဲ့ကြတာ ကိုယ်တို.တွေပါညီ...
အလကားပါ မင်းတို.မြန်မာဘောလုံး ရှုံးမှာပါကွာပြောတိုင်း
တစ်ဒိုင်းဒိုင်း သွေးတွေဆူပွက် ပြောထွက်တဲ့သူရန်သူ
နလံမထူအောင်ဖိနှိပ်
ခုတော.သွေးမတိတ်တော.ဘူးကွယ်

မိုးမလင်းခင်ထ ပူရှတဲ့နေရောင်အောက်
ချွေးတောက်တောက်ကျအောင်တန်းစီ
လက်တွေချင်းချင်းနီအောင် သံတိုင်တွေကိုင်တိုး
ဒို.အမျိုးရဲ.စွမ်းရည် ..
ဘယ်ဘက်ကမှ မပီ ခဲ့ကြဘူးကွယ်
၂၀၀၀ တန်လက်မှတ်ကို ၂၀၀၀၀ ပေးပြီးကြည်.တာ
၄၀၀၀ တန်လက်မှတ်ကို ၃၀၀၀၀ ပေးပြီးကြည်.တာ
ဘာကြောင်.လဲဆိုရင်...
ညိလေးတို.ဘယ်လိုဖြေမလဲ ...

ပွဲပြီးတော.မှ ပက်လက်လဲကျတဲ့ ညီလေးတို.ကို သနားမိပေမယ်.
ဒါဘယ်သူစီရင်တဲ့ တရားလဲ
မကျေနပ်စိတ် နဲ.ရှက်ရမ်းရမ်း
ပွဲကြမ်း ရင်းသွေးဆူ ..အဲ့ဒီလူတွေက
သူတို.ဒေါသကို သူတို.ဘ၀နဲ. ရင်း ပြကြရတာကွ...

နောက်တစ်ခုက
ကမ္ဘာပေါ်မှာ အိမ်ကွင်းမရှိတဲ့ တစ်ခုတည်းသောနိုင်ငံ
ဘယ်သူဖြစ်မလဲမေး တွေးကြည်.စမ်းပါအုံး
သူ.နိုင်ငံကျတော.လည်း သူ.ဒိုင်
ကိုယ်.နိုင်ငံကျတော.လည်း သူ.ဒိုင်
ကိုယ်တို.လည်း တစ်နိုင်ငံလုံးစုပြီး
ဒိုင်တစ်ယောက်လောက် ၀ယ်ရမယ်ထင်ပါရဲ.
နောက်တစ်ဆင်.မှာ ကြုံနိုင်သူကို ဒိုင်လုပ်ခွင်.ပေးတာ
ဘာအထာ လဲတော. သိချင်တယ်

နည်းပြ ခင်ဗျား ပရိုပီသပါရဲ.
ကျောက်တူးသမား သီချင်းတောင် သတိရမိသေး
ခင်ဗျားရဲ. Sorry တစ်လုံးလေး အတွက် ကျုပ်တို.ပေးလိုက်ရတာ
သန်း၆၀ ရဲ. အိမ်မက်တွေဗျ

ဘောလုံးအတွက် သုံးလိုက်၇တဲ့ပိုက်ဆံတွေ
တကယ်က
မျှော်လင်.ချက်ကို ငွေနဲ. ၀ယ်နေခဲ့ကြတာပါ
နိုင်ငံတကာ အတွေ.အကြုံ မရှိလို.
ခြေမစမ်းရလို.
လေ.ကျင်.ချိန် ကောင်းကောင်းမရှိလို. ဆိုတဲ့စကား
ဒိတစ်ခါတော. နားခါးခဲ့ပြီညီ

မိုက်ကန်းတဲ့ ကိုယ်တို.တွေ
ရွှေဆိုတဲ့ အိမ်မက်မက်ခဲ့ကြ
တိုက်ခိုက်တဲ့စကား
နား ထားလို.ပြောခဲ့ကြတယ်
နေပြည်တော် သွားမယ် နေပြည်တော်သွားမယ် ဆိုတဲ့အော်သံ
ခပ်ညံညံ အော်ခဲ့ကြတယ်
ခုတော. ညီလေးတို. မျက်ရည်လောက်နဲ. ဒါတွေကြေပါ.မလား

ညီလေးတို.ရေ.......
မင်းတို.ကန်တဲ့ပွဲ
မင်းတို.ပြန်ကြည်.ရဲရင် ကြည်.လိုက်ပါ
မျက်နှာငယ်လေးနဲ. မိန်းကလေးတွေ
လက်အုပ်ချိနေတဲ့ ကောင်မလေးတွေ
စိုး၇ိမ်ထိတ်လန်.ရင်း မျှော်လင်.တကြီးဖြစ်နေတဲ့မျက်ဝန်းတွေ
အားမလိုအားမရ စကားတွေ
သူများတိုက်ခိုက်တဲ့ စကားတွေကြား နားကန်းချင်ယောင်ဆောင် လက်မထောင်နေကြသူတွေ.....
အဲ့ဒီထဲမှာ မင်းတို.ကို အားပေးချင်လွန်းလို.
ခိုးထွက်လာရသူတွေရှိတယ်
မရှိမဲ့ရှိမဲ့ ပိုက်ဆံ ချန်ပြီးကြည်.ရသူတွေရှိတယ်
အလုပ်ကဆုကြေးအဖြတ်ခံ ကျန်ချင်သလောက်ကျန်ပါစေဆိုတဲ့သူတွေရှိတယ်
ဒါ ၄၄ နှစ်မက်ခဲ့ရတဲ့ အိမ်မက်ရဲ.အဆုံးလား....

အဲ့ဒီ.အပြင် ညိလေးတို.မမြင်ရတဲ့ တစ်ဖက်မှာ တုန်ရီနေတဲ့ အသံတွေ
ဝေ.နေတဲ့ မျက်ရည်တွေ
ငိုက်စိုက်ကျသွားတဲ့ ဦးခေါင်းတွေ
ငါမပြောလား ဆိုတဲ့ မျက်ဝန်းအောက်က သိမ်ငယ်မှုတွေ
တောက်ခေါက် အံကြိတ် သွေးမတိတ်တဲ့ နှုတ်ခမ်းတွေ
ညိလေးတို.ရေ.......ကွင်းထဲကအထွက်
မင်းတို.နင်းခဲ့တာ မြက်ခင်းမဟုတ်ဘူး
သန်း ၆၀ ရဲ. သက်ပြင်းတွေ
တစ်နိုင်ငံလုံးရဲ. အိမ်မက်တွေ
နိုင်ငံတော်ရဲ. ဂုဏ်သိက္ခာတွေ
မြန်မာ.ဘောလုံးရဲ. အနာဂတ်တွေ...........
ထပ်ပြောပါရစေအုံးညီ
မင်းတို.ကြောင်.
ဒီည လူဘယ်နှစ်ယောက်.................................. ?

ညီလေးတို.ရေ
ကိုယ်တို.နိုင်ငံသားတွေ အားလုံးတာဝန် ကျေခဲ့ကြတယ်
မင်းတို.ရော...............................

Ko Zaw Min Lwi

ဒါကြောင့် ဒို့ မြန်မာတွေ ရှုံးရသလားဟင်.....

 

Sea Games ဘောလုံးပွဲ မြန်မာအသင်းနှင့် အင်ဒိုအသင်းပွဲအပြီး ဖေ့စ်ဘွတ်ပေါ်မှ အသံများ

 

ဘာကြောင့်ဒေါသတွေပေါက်ကွဲခဲ့တာလဲ။ မင်းတို့သိရဲ့လား။ 

လက်မှတ်ရဖို့အတွက် နှစ်ရက်လောက်ကြိုပြီးအပင်ပန်းခံခဲ့ရတယ်။
နာရီပေါင်းများစွာ နေပူထဲမှာ အစာငတ်ခံပြိးစောင့်ခဲ့ရတယ်။ လက်မှတ်မရလို့ နှစ်သောင်းကျော် ပေးဝယ်ပြိးကွင်းထဲဝင်ခဲ့ရတယ်။ အကျီ်တွေဝယ်ခဲ့တယ်။ ခေါင်းစီးတွေ၊အလံတွေ ၊ ကပ်ခွာတွေ၊
( ဒါတွေက ရှိလို့ ၀ယ်တာမဟုတ်ဘူး။ ချစ်လို့ဝယ်ခဲ့ကြတာ ) 
အားပေးချင်လွန်းလို့ အကုန်ခံခဲ့တာ။ ရလဒ်ကောင်းကိုမျှော်လင့်ခဲ့တာ။

 မျှော်လင့်ချက်ကိုကင်းမဲ့စေခဲ့လို့ ဆန္ဒတွေပေါက်ကွဲခဲ့ပြီးကွင်းပြင် အရောက်မှာ သူတို့ငွေကုန်ခံပြီးပေးဝယ်ထားတဲ့ အရာတွေကို စမီးရှို့ခဲ့တာ။
 နောက်ပြိး သူတို့ငွေတွေနဲ့ဖြစ်တည်ထားတဲ့ ဆိုင်းဘုတ်တွေကို ဆုတ်ဖြဲခဲ့တယ်။ နောက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် ပြည်သူကို ထွက်တောင်းပန်ပေးဖို့ တောင်းဆိုတယ်။ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်ပြီး လုံထိန်းအင်အားအပြည့်နဲ့ထွက်လာတယ် ။ ဒိုင်းတွေကာပြီး ပရိသတ်ဘက်ကိုချီတက်ခဲ့တယ်။ 

လက်နက်အပြည့်နဲ့ ထွက်လာတဲ့လုံထိန်းတွေ။ လက်နက်မပါတဲ့ပရိသတ်ကို ညာသံပေးပြိး 
ဝင်လုံးတယ်။ ဒီမှာ အာဏာရှင်ဆန်မှုတွေကိုရွံမုန်းနေတဲ့ ပရိသတ်ရဲ့ဒေါသတွေက ခဲလုံးတွေဆီကိုလက်ရောက်တဲ့အထီဖြစ်ကုန်ကြတယ်။ ခဲနဲ့ပြန်ပစ်တယ်။ 

ပရိသတ်တစ်ယောက်ကို လုံထိန်းတွေကဖမ်းတယ်။ ပြီးတော့ အာဏာရှင်တို့စရိုက်အတိုင်း
ရိုက်တယ်။ ထိုးတယ်။ ၀ိုင်းလုပ်ကျတော့ ကျန်တဲ့သူတွေပါဒေါသထွက်ကုန်တယ် ။ အုတ်ခဲတွေကိုင်ပြီးသူတို့လူကိုဝင်လုကြတယ်။ ပြန်ရလိုက်ပါတယ်။ နောက်တော့ ရေပိုက်တွေနဲ့ အသင့်ဖြစ်နေတဲ့ ကားတွေ နှစ်စီးရောက်လာတယ်။ ရေတွေနဲ့ပက်တယ်။ လမ်းဒီဘက်မှာ ( ဘောလုံးကွင်းဘက် ) ။ လမ်းဟိုဘက်မှာတော့ ပရိသတ်တွေက ခဲနဲ့ပစ်တယ်။ 
 အဲ့ဒီမှာဇာတ်လမ်းစတော့တာပဲ။ အခြေအနေတွေဆိုးလာတယ်။ နောက် မဲမဲမြင်ရာ ၀င်ဖမ်းတယ်။ 

မီဒီယာကတ်ဆွဲထားတဲ့ မီဒီယာတွေကို လည်းလိုက်တယ်။ မီဒီယာသမားတွေပြေးကြတယ်။ မီဒီယာပါလို့ပြောတယ်။ မရဘူး။ တွေ့တဲ့သူမှန်သမျှ ရိုက်မယ်။ဖမ်းမယ်တစ်ကဲကဲပဲ။ ဒီမှာတင်
သုဝဏ ကိုလမ်းလေးဆုံပိတ်ပြီး ရဲတွေဝိုင်းလိုက်တော့တယ်။ လမ်းတွေအားလုံးပိတ်လိုက်တယ်။
( ဒီဖြစ်စဉ်မှာ ရဲတွေက ပရိသတ်ထဲက တစ်ယောက်ကိုဖမ်းတာမဟုတ်ဘူးနော်။ ၀ိုင်းလုံးပြီး 
ထိုးတယ်။ ရိုက်တယ်။ ကန်တယ် ) အခြေအနေကအဲ့ဒီမှာပိုဆိုးသွားခဲ့တာပါ။ ကျနော်ရမ်းမပြောဘူး။ အမှန်အတိုင်းပြောတာ။ အဲ့ဒီအချိန်အဲ့ဒီမှာရှိနေတဲ့သူတွေအားလုံးအသိပဲ။ ဘယ်သူတွေကြောင့်ပြဿဿသနာက ပိုပြီးကြီးထွားတယ်လို့ထင်လဲ။ ကျနော်ကမေးရုံပဲမေးတာနော်....

Htet Oo Kyaw


======================================
မြန်မာ - အင်ဒို ဆီးဂိမ်းရှုံးပွဲ၏ ထူးခြားချက်များ
---------------------------------------
၁။ မြန်မာအသင်းနည်းပြ၏ အလွန်ညံ့ဖျင်းသော ကိုင်တွယ်ပုံ။

၂။ ကွင်းထဲ လူနှစ်ယောက်ဝင်ခြင်း။
(တောင်ဘက်ပွဲကြည့်စင်မှတစ်ယောက်
မြောက်ဘက်ပွဲကြည့်စင်မှ တစ်ယောက်)

၃။ ပွဲအပြီး ခုံများရိုက်ချိုးကြရာ
တောင်ဘက်ပွဲကြည့်စင် ကုန်သလောက်ဖြစ်သွားခြင်း။

၎။ သရေကျလျှင်ပင်တက်မည်ကို ရှုံးအောင်ကန်၍ အုပ်စုမှထွက်ခဲ့ခြင်း။

၅။ ကွင်းထဲလူဝင်ရာ ဦးဇော်ဇော်ကိုယ်တိုင်အူယားဖားယားပြေးဖမ်းမည်ပြုခြင်း။
မြောက်ဘက်ပွဲကြည့်စင်မှတစ်ယောက်မှာ ဗလတောင့်၍
ဦးဇော်ဇော်မလှုပ်။ ရဲများဖမ်း၏။
တောင်ဘက်ပွဲကြည့်စင်မှဝင်သူမှာ အကောင်သေးသေးလေးဖြစ်ရာ
ရဲများခြေလှမ်းတုန့်နေစဉ် ဦးဇော်ဇော် ပြေးသွားပြပြီး
အနားမလှမ်းမကမ်းရောက်သော် ရပ်လိုက်သည်။
ရဲများဝိုင်းဖမ်းလိုက်ကြသည်။

သွန်းနေစိုး

************************************************************************ 
ဒီအရှုံးဟာ ဘောလုံးတစ်ပွဲထက် ပိုပါတယ်။ ပြုစုပျိုးထောင်လာသမျှ ငွေကြေးအရလည်း ရှုံးတယ်။ ပြင်ဆင်မွမ်းမံထားသမျှ သိက္ခာပိုင်းအရလည်း ရှုံးတယ်။ တည်ဆောက်မွေးမြူထားသမျှ စိတ်ဓါတ်အရလည်း ရှုံးတယ်။ လေ့ကျင့်ကြိုးစားထားသမျှ ရလဒ်အရလည်း ရှုံးတယ်။ မျှော်လင့်အားပေးထားသမျှ ယုံကြည်ချက်အရလည်း ရှုံးတယ်။
ဒီအရှုံးဟာ ဘောလုံးတစ်ပွဲထက် ပိုပါတယ်။
=================== 

ကျွန်တော်တို့ အသင်းရှုံးလို့ ရှိုက်ကြီးတငင်ငိုခဲ့ရတဲ့ ပရိသတ်တွေရဲ့ပုံရိပ် အခုထိ 
မျက်စိထဲက မထွက်ဘူး။ စိတ်ပျက်စရာကြီးကိုမှ ပယ်ပယ်နှယ်နှယ် အားပေးမိကြတဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အဖြစ်ကမှ ပိုမို စိတ်ပျက်စရာ ကောင်းနေရောလားဗျာ။ 
ဒါပေမယ့်လည်းလေ... ကြိုသိနေပါတယ်။ ကျွန်တော်တို့ မြန်မာဟာ ဘောလုံးနဲ့ ပတ်သက်ရင် 
ဘယ်တော့မှ အမှတ်သည်းခြေ မရှိကြဘူး။ မယုံရင် နောက်နှစ်တွေမှာ စောင့်ကြည့်ကြပါ။ စိတ်မှတ်မရှိတဲ့အထဲ ကျွန်တော်အပါအ၀င်ပေါ့။

ကိုထွဋ်ထိပ် 16.12.2013
(အိမ်ကွင်းမှာ မြန်မာအသင်း အုပ်စုအဆင့်နဲ့တင် ဆိုးဆိုးရွားရွားပြုတ်ခဲ့ရတဲ့ နေ့)
==================================================


တိုင်းပြည်ကပေးတဲ့.. လစာများ ကုန်ပါပြီ..
စပွန်ဆာပေးတဲ့ ပိုက်ဆံများ ပြောင်ပါပြီ..
မြန်မာ ပြန်ပြီ.. ဒို့ မြန်မာ ပြန်ပြီ..
အမျိုးဂုဏ်နှီမ့်ပေးတဲ့ ကျေးဇူးကြောင့် သေချင်ပါသည်..
သောင်းသောင်းဖြဖြ ကြိုဆိုလို့အတည် ပြည်သူများ မီးရှို့ကြပေသည်..။

ဒန့် တန် တန်
A Nge Kg

 ====================================================

ဆီးဂိမ်းမှတ်တမ်း...... ရေးဆို/ စိုင်းစိုင်းဘွန်ဟောင်း
++++++++++++++++++++++++++++++++

တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်၁၆ရက်

သောက်ရှက်ကဖင်ထဲမှာ
အင်ဒိုနဲ့ကန်ခဲ့ ရှုံးခဲ့တယ်တစ်ဂိုးနဲ့

မင်းကဒိုင်ကိုအထင်သေးတာလား
မင်းကအင်ဒိုကိုအထင်မကြီးတာလား
မကန်ချင်လည်းကွင်းပိတ်ထားလိုက် ငါကတော့ခုံကိုရိုက်ခွဲမှာပဲ၊

အခြားအသင်းတွေအသာအယာခတ်တဲ့ ဘော်လုံးကွင်းထဲနင်ပြာယာခတ်ခဲ့
အခုတော့တစ်ဂိုးနဲ့ နင်လေပက်လက် အခုတော့လေတစ်ဂိုးနဲ့ပွဲရပ်

နားလည်ပေးပါပိတ်သတ်ကြီးရယ်...

ကျနော်ဂိုးမှမသွင်းတတ်တာကို
အပြစ်မဲ့တာလို့လဲမပြောချင်ပါဘူး မုသားဝါဒကျူးလွန်ခဲ့
သရေကျရင်တတ်မယ်မဟုတ်ဘူးညာတာ။

တကယ်တော့ တစ်ဂိုးနဲ့လစ် ၀ီစီမှုတ်လို့ပွဲပြီးတဲ့အချိန် ခံစားချက်ကရင်မှာတစ်လစ်

လေ့ကျင့်တာလေးနှစ် ရှုံးခဲ့တာလေးနှစ် အဖြစ်ပျက်တွေပြန်လည်တွေးရင်း 

ဆန္ဒမပြပါနဲ့တော့ကွာငါ့အချစ်

တောင်းပန်တယ်ကွာ တစ်ကွင်းလုံးဗြောင်းဆန်နေတာပဲ

တကယ်ကန်ခဲ့တယ်ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူးပိတ်သတ်ကြီးရယ်.....

Credit:ဘိန်းစား ဘွန်ဟောင်း

 



====================================================

ကိုယ်အလုပ်ကိုယ်မလုပ်ဘဲ
စီးပွားရေးသမားက ဘောလုံးဥက္ကဌ လုပ်
ဘုန်းကြီးက ဥပဒေပြဌာန်း
စစ်တပ်ကတိုင်းပြည်အုပ်ချုပ်
နိုင်ငံရေးသမားက သတင်းစာ ထုတ် နေသ၍တော့
ပြည်သူတွေ အသည်းကွဲနေရအုံးမှာပဲ . . .


Aung Thu Ra

=======================================================
အိမ်ရှင်မြန်မာအသင်း ရှုံးသွားတယ် .. ကျွန်တော် သိပ်ပြီး နာကျင်ဝမ်းမနည်းမိတော့ဘူး
ဘာလို့လည်း ဆိုတော့ ကျွန်တော် အရှိတရားကို နားလည်တတ်လာတယ်လေ
ဆီးဂိမ်းဖွင့်ပွဲ့ကြီး ခမ်းနားလှတယ် .. ကျွန်တော် သိပ်ပြီး ဂုဏ်မယူမိဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို သိနေပြီလေ
ဦးသန်းရွှေကြီး တကယ်အနားယူသွားပြီး ကျွန်တော် သိပ်ပြီး မပျော်မိတော့ဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို နားလည်နေပြီလေ
နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ မိန့်ခွန်းတွေ ကောင်းတယ် ကျွန်တော် သိပ်ပြီး အားမရမိဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို သဘောပေါက်နေပြီလေ...

မှူးသစ်


========================================================
 ပရိတ်သတ် တစ်ရာခန့်က ဝေဇယန္တာလမ်းမပေါ်တွင် ရဲများနှင့် သတင်းထောက်များရှိရာဘက်သို့ ခဲနှင့်ပစ်ပေါက်ကာ အော်ဟစ်နေဆဲဖြစ်သည်။ ထိုနေရာတွင် ဝတ်စုံအပြည့်ဖြင့် လုံထိန်းရဲနှစ်ရာခန့်လည်း ရှိနေသည်။

သုဝဏ္ဏကွင်းရှိရာ ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ မီးပွိုင့်ကို ခေတ္တရပ်ထားရပြီး ဝေဇယန္တာလမ်းကိုလည်း ပိတ်ထားရသည်။

သုဝဏ္ဏကွင်းအတွင်း၌မူ ပရိတ်သတ်များ မရှိတော့ဘဲ မီးသတ်၊ ကြက်ခြေနီနှင့် လုံထိန်းရဲများသာ လုံခြုံရေးနေရာယူထားသည်။ ကွင်းအတွင်းနှင့် အပြင်နှစ်ခုပေါင်း လုံခြုံရေးအင်အား ထောင်ဂဏန်းခန့်ရှိသည်ဟု မဇ္ဈိမဓာတ်ပုံ အယ်ဒီတာက သတင်းပေးပို့သည်။

အစောပိုင်းတွင် သုဝဏ္ဏကွင်းအဝင်အဝတွင် မြန်မာအင်္ကျီများနှင့် ခေါင်းစည်းများမီးရှို့ခြင်း၊ ဆိုင်းဘုတ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

( မဇ္ဈိမသတင်းဌာန)

Credit to =►Mizzima - News in Burmese◄=►Thank◄=

======================================================= 















=========== 

 **************************************************************
တိုင်နဲ့ ခေါင်းနဲ့ သာဆောင့်လိုက် ရှုံးရင်လည်း အုပ်စုတက်မယ်ထင်နေတာ

ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို။
===============================================
မြန်မာတစ်မျိုးသားလုံး၏နှလုံးသားအားနှုတ်ယူမှုအတွက် တောင်းပန်စရာစကားရှိလျင်တောင်းပန်ချင်
===============================================================

ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်မှနှုတ်ဆက်ခဲ့ရပြီးနောက် မြန်မာနည်းပြပတ်ဆောင်ဟွာက
 မိမိအနေဖြင့် အင်ဒိုနှင့်မတိုင်မိ ကျော်ကိုကိုနှင့်ပြသနာဖြစ်ခဲ့ခြင်းကြောင့် ၄င်းအားပွဲအစတွင်
ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းနှင့်စည်းကမ်းများကိုသိရှိခြင်းမရှိခဲ့ကြောင်း၊ 
သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့လျင်ပင် နေပြည်တော်သို့ အရောက်သွားနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ 
မိမိ၏ အမှားများအတွက် တောင်းပန်ခဲ့ခြင်ကြောင်း၊ ကစားသမားများ၌အမှားမရှိပဲ မိမိတစ်ဦးတည်း၌သာ ပြသနာရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ထို့အပြင် ၄င်းအနေဖြင့် အများများစွာပြုလုပ်ခဲ့သည် အပေါ်မြန်မာ တစ်မျိုးသားလုံးအား
တောင်းပန်ကြောင်းလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟသွားခဲ့သည်။

နည်းပြ ပတ်ဆောင်ဟွာက '' မြန်မာတစ်မျိုးသားလုံးအတွက် တောင်းပန်ပါတယ်။ ကတိအတိုင်းအိမ်ပြန်ပါမယ်ဆိုတာတွေထက် ပိုကောင်းတဲ့စကားရှိရင် ကျွန်တော်
တောင်းပန်ခဲ့ခြင်းပါတယ်။ ကျွန်တော်အနေနဲ့ ဒီထက်ပိုလုပ်ဆောင်ပေးဖို့ ရည်မှန်းခဲ့တာပါ။ စည်းမျဉ်းတွေကိုသာကြိုသိခဲ့ရင် ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ကစားသမားတွေမှာ အပြစ်မရှိပါဘူး။ အရာအားလုံးကကျွန်တော့်ပေါ်မှာပဲ ပြသနာရှိခဲ့တာပါ'' ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲအား မလုပ်ရန်ပင် အစောပိုင်းကရှိခဲ့သော်လည်း
သတင်းထောက်များနှင့် မီဒီယာတာဝန်ခံကြားညှိနှိုင်းနေစဉ်မှာပင် ပတ်ဆောင်ဟွာရောက်ရှိလာခဲ့ကာ
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင်လည်းပတ်ဆောင်ဟွာ၏ စည်းမျဉ်းနှင့်စည်းကမ်း (Rule and Regulation) မသိရှိမှုမေးခွန်းအပေါ် မြန်မာမိဒီယာသမားများ အထူးအံ့သြခဲ့ရသည်အထိ ရှိခဲ့ကြောင်းသိရှိရသည်။

by တာငယ်

============ 

 

 
https://www.facebook.com/secretnewsofMDF
 ====================================================

ဆီးဂိမ်း အုပ်စုမှ ထွက်ခဲ့ရပြီးနောက် နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် မြန်မာအသင်း လမ်းခွဲ
=======================================

အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။

 https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-frc3/1011660_244400129052802_1203665606_n.jpg

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။

နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင်ခဲ့သည်။ ပတ်ဆောင်ဟွာ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

by; Soccer Myanmar

နေဇော်လင်း