Saturday, January 4, 2014

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာမင်းသုဝဏ်ရဲ့ သပြေညို ကဗျာလေးပါ

သပြေညို
*******************
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ ။
ဘာမလျှော့လေနဲ့
လာတော့မကွယ့် ရွှေပဟိုရ်
လေချိုကအသွေး။ ။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်သပြေညို

 
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ ။

ဘာမလျှော့လေနဲ့
လာတော့မကွယ့် ရွှေပဟိုရ်
လေချိုကအသွေး။ ။
သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို
လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ
*******************************************
ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်
တစ်ဖွဲ့တစ်သင်း၏  အမွေအနှစ်မဟုတ်၊
မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့တစ်သင်း၏
ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်
တစ်ဖွဲ့တစ်သင်းကချုပ်ကိုင်အနိုင်သိမ်းယူ
အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလလည်းကောင်း၊
ယခုမျက်မှောက်တွင်လည်းကောင်း၊
နောင်လာလတံ့သောအနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော
ကြီးငယ်ဝေးနီး ကျား၊ မ မခြား သစ္စာတော်ခံ
နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း
အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏
သဘောဆန္ဒအရ လူအဝှမ်း၏အကျိုးကို
ကောင်းစွာဆောင်ရွက်နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ
ပကတိသန့်ရှင်းဖြူစင်သောမူလလူ့ဝါဒနှင့်လျော်စွာ
စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော
တရားတူညီသော အခွင့်အရေးတူညီသော အဆင့်အတန်းအားဖြင့်
ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင်
အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော
မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင်ငါတို့အပိုင်ရပြီ။
================================
မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ်(၅)ကို ကူးယူဖော်ပြပါသည်။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်

Link=>http://goo.gl/Jk5NtT