ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ခံတွင်းနံ့ဆိုးပါတယ်ဆရာ။
သွားဆရာဝန်ပြတဲ့အခါ
tartar cleaning လုပ်ပေးလိုက်ပါတယ်။
အဲ့ဒါလုပ်ပြီးကတည်းက ရံဖန်ရံခါ
သွားကျင်တာခံစားရပါတယ်။
အဲ့ဒါကြောင့်လဲ ဖြစ်ကောင်းမှ ဖြစ်မှာပါ။ ကျွန်တော်
မသိပါခင်ဗျာ။
အစာစားပြီးတိုင်း ပလုတ်ကျင်း၊ သွားတိုက်သော်လည်း
ခံတွင်းနံ့ဆိုးမပျောက်ပါ။
စကားပြောရာတွင် ရဲရဲဝံ့ဝံ့ပင်မပြောဝံ့ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို
ခံစားရပါသည်။ ခံတွင်းနံ့ဆိုးခြင်းရဲ့
အကြောင်းရင်းနဲ့ အနံ့ မဆိုးအောင်
ဘယ်လိုပြုမူနေထိုင်ရမလဲ သိပါရစေ။
သွားဘက်ဆိုင်ရာ ကိရိယာများကြောင့်
ကူးစက်ရောဂါ (ဥပမာ HIV)
ကူးစက်နိုင်ပါသလား သိပါရစေခင်ဗျာ။
သွားဘက်ဆိုင်ရာကိရိယာတွေဟာ တခါသုံး
မဟုတ်လို့ သွားဘက်ဆိုင်ရာ
ဆရာဝန်များအနေနဲ့ မည်သို့မည်ပုံ သန့်ရှင်းသည်ကို
သိလို၍ မေးမြန်းခြင်းပါခင်ဗျာ။
ကျေးဇူးတင်ပါတယ်ဆရာ။
လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။
လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။
Bad breath ခံတွင်းနံ့
မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။
သွား-ခံတွင်းရောဂါနဲ့
တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။
၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။
အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ်
သောက်တာ၊
ဆေးငုံတာတွေကြောင့်လဲအနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။