Monday, October 21, 2013

ဖေ့စ်ဘွတ်မှာတွေ့တဲ့ ...........










တက္ကသိုလ် ဆရာ တဦး က
မှာဘူး သည့် နှုတ်ရည်
အိမ်ထောင်မှု ဘုရား တည် ဆေးမင်ရည် စုတ်ထိုး
သည်သုံးခု ချက်မပိုင် လျှင်
နောင်ပြင် နိုင်ခဲသည့် အမျိုး ..

အေးစေဘို့ တရားနာ
ပူဇာစ အကျိုး
ဆင်ခြင်လေ ဥာဏ်မကိုးနှင့်
ငါးရိုးမျက် လက်တို
မတော်လျှင် အကော်ခက် နိုင်မျှ
အိမ်ထောင်ဘက် လေးတဲ့ဝန်ကို ....

တမာခါး ပျား နှုတ်ချိုလို
အဟုတ်ကို ထင်မှားလို့
ယင် နားသည့် ပင့်ကူအုံ
ကွင်း ထောင်ချောက် ပုံ
ဣတ္ထိယ ကလိမ်ချုံ ကို
နောင်ယုံရန် ခက်ပါဘိ လေး ....

မြ၀တီ မင်းကြီးဦးစ


ကမ္ဘာတစ်လွှား ထူးထူးဆန်းဆန်း ဥပဒေအချို့ 

- အိုဟီးအိုး (အမေရိကန်) တွင် လိုင်စင်မရှိပဲ ကြွက်သတ်ပါက ရာဇဝတ်မှု မြောက်သည်။

- အစ္စရေးတွင် လိုင်စင်မရှိပဲ စက်ဘီး မစီးရ။

- ဆွစ်ဇာလန်တွင် အမျိုးသမီးငယ်များ အမျိုးသားတို့နှင့် လက်ဆွဲခွင့် မပြု။

 





- စင်္ကာပူက အများပိုင်နေရာများတွင်း ဆေးလိပ်၊ဆီကရက် သောက်သုံးခွင့် မပြု။

- တက္ကဆက် တွင် သူတစ်ပါးနွားမှ နို့ထုတ်ပါက ရာဇဝတ်မှုမြောက်သည်။

- ပြင်သစ်တွင် ရထားဘူတာတွင် နမ်းပါက ရာဇဝတ်မှုမြောက်သည်။

- တရုတ်ပြည်တွင် ကလေးတစ်ယောက်သာမွေးခွင့်ရှိ၊ ပိုမွေးပါက အခွန်ဆောင်ရ။

- ဆော်ဒီအာရေဗျိယ တွင် အမျိုးသမီးများအား ယာဉ်မောင်းခွင့်မပြု။

- ဆော်ဒီ အာရေဗျိယတွင် အမျိုးသမီးများ မဲပေးခွင့် မရှိ။

- ဆွီဒင်တွင် အစိုးရခွင့်မပြုပဲ အိမ်ဆေး ပြင်သုတ်ခွင့် မရှိ။

- စင်္ကာပူတွင် သွားဖုံးရောင်းချခွင့်ကို ဥပဒေဖြင် ကန့်သတ်ထား။

- ဆွစ်ဇာလန်တွင် ည ၁၀ နာရီနောက်ပိုင်း အိမ်သာဆေးပါက ရာဇဝတ်မှု မြောက်သည်။
---
---
Ref: rare-facts
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/entertainment/123-discovery/38390-wired-law-around-the-world

အမေ့အိမ်

အဲဒီမှာ တံခါးမရှိဘူး
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ သားပြန်လာမယ့်
အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်။

အဲဒီမှာ
တစ်မြို့တစ်ရွာဆီ
ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်။

အဲဒီမှာ
လူတစ်ယောကို
ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်။

အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်။

အဲဒီမှာ
 ဘယ်လိုပဲ လေလွင့်ခဲ့တဲ့
သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာအိမ်ရှေ့
လမ်းကို မျှော်ငေးနေဆဲပါ…။

vipchatonline7.blogspot.com

အနာဂတ်မှာ.........

၂၁ ရာစုမှာ... ...

ကျနော်တို့ရဲ့ ဆက်သွယ်ရေးစနစ်မှာ... ... ကြိုးတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ အစားအစာတွေမှာ... ... အဟာရတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ အဝတ်အစားတွေမှာ... ... ဖုံးကွယ်မှုတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ ပြုမူနေထိုင်ပုံတွေမှာ... ... ယဉ်ကျေးမှုတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ ကိုယ်ကျင့်တရားတွေမှာ... ... သိက္ခာတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ ခံစားမှုတွေမှာ... ... နှလုံးသားတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ သမီးရည်းစားတွေမှာ... ... အချစ်တွေ မဲ့လာတယ်
ကျနော်တို့ရဲ့ မိသားစုတွေမှာ... ... မေတ္တာတရားတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ အလုပ်သမားတွေမှာ... ... ကြိုးစားမှုတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ လုပ်ငန်းခွင်တွေမှာ... ... တီထွင်ဆန်းသစ်မှုတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ အထက်အရာရှိတွေမှာ... ... ဦးနှောက်တွေ မဲ့လာတယ်
ကျနော်တို့ရဲ့ ဝင်ငွေတွေမှာ... ...လုံလောက်မှုတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ ကျန်းမာရေးမှာ... ... တာဝန်ခံမှုတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ ပညာရေးမှာ... ... တန်ဖိုးတွေ မဲ့လာတယ်

ကျနော်တို့ရဲ့ ငြင်းခုံမှုတွေမှာ... ... အကြောင်းအရာတွေ မဲ့လာတယ်
ကျနော်တို့ရဲ့ နိုင်ငံရေးမှာ... ... အရှက်တွေ မဲ့လာတယ်

ကျနော်တို့ရဲ့ လူငယ်တွေမှာ... ... မျှော်လင့်ချက်တွေ မဲ့လာတယ်
ကျနော်တို့ရဲ့ ကလေးတွေမှာ... ... အနာဂတ်တွေ မဲ့လာတယ်

ကျနော်တို့ရဲ့ တိုင်းပြည်လည်း... ... အနာဂတ် မဲ့လာတယ်
ကျနော်တို့ရဲ့ တိုင်းပြည်လည်း... ... အနာဂတ် မဲ့လာတယ်
ကျနော်တို့ရဲ့ တိုင်းပြည်လည်း... ... အနာဂတ် မဲ့လာတယ်


 https://www.facebook.com/thanlayko

အမေ

နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...
ခုတော့ သူ့ကန္တာရမှာ အိုအေစစ်မဲ့တယ် ...။

မတန်ပါဘူး မွေးရတာလို့
မဟန်ပါဘူး ကျွေးရတာလို့
အညီးစကား မဆိုငြားလည်း
ငါတို့များက ခြေစုံကန်သွားခဲ့တယ် ...။

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။

တနေ့ ...
အမေ့ ကန္တာရမှာ သားပျော်ဝင်ပါလိမ့်မယ် ...
အခုတော့ ...
မငိုပါနဲ့ အမေ ...။
မငိုပါနဲ့ အမေ ......။
မငိုပါနဲ့ အမေ ..........။

vipchatonline7.blogspot.com

အောင်လံထူမဲ့စိတ်

သမိုင်းအုတ်တချပ်ဆင့်ဖို့ အသက်နဲ့တောင် ရင်းခဲ့ရ

ခံပြင်းတက်ခေါက်
စိတ်တွေလဲ မီးတောက် 

ဒူးထောက်သူ ရင်ကော့သူ

လူအမျိုးမျိုးနဲ့ကြုံ

သူပုန် တဖြစ်လဲ
အောင်ပွဲရဖို့ ရှေ့ချီတက်

လက်တွဲစို့ရဲဘော်
အနာဂတ်ကို မျှော်ကြမယ်။

ကိုယ်ကျိုးကို မြေမြှုပ်
ကိုယ့်အထုပ် ကိုယ်မပိုက်

တိုက်ပွဲသာ အသက်
တိုက်ရဲတာ လက်နက်

သွေးစက်စက်ကျပေစေ
အုတ်မြစ်ချလူ့ဗိမာန်
အကျည်းမတန်စေရ။

လူမှန်ရင်သတ္တိရှိရမယ်

  အသိစိတ်မြင့်မား 
တရားကိုချစ်တတ်ရမယ်။

အမှားနွံမနစ် တရားမွန်ချစ်တတ်မှ

လောကသစ်အုတ်တချပ်
အနာဂတ်အတွက် စီနိုင်မယ်။

အောင်လံထူဖို့ လွယ်ကူတဲ့ အလုပ်မဟုတ်။

အချောင်ကံထလို့ 
အောင်လံမရနိုင်။

နောင်အမြဲလှစေဖို့ 
အောင်ပွဲအရ ချီတက်လော့။ ။

တင်မိုး

၂၈၊၀၁၊၂၀၀၅

မူရင်းလင့် 

ချစ်သူ

မနက်မိုးလင်း

မျက်လုံးပွင့်သည်နှင့်
ချစ်သူ အကြောင်းစဉ်းစားမိ၏။

နေ့ ခင်းနေ့ ဘက် အလုပ်လုပ်ချိန်
ချစ်သူ အသံကြားယောင်မိ၏။

အလုပ်ဆင်းလို့ 
အိမ်ပြန်ရောက်သော်
ချစ်သူကိုပဲတွေ့ ချင်မိ၏။

ညဘက်ရောက်လို့ အိပ်ပြန်လျှင်လည်း
အိမ်မက်ထဲမှာ ချစ်သူကပဲ
စိုးမိုးနိုင်လွန်း၏။

မူရင်းလင့် VIP

ခင်

ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။
အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ  ။