Wednesday, October 9, 2013

ဒို့ ဗိုလ် ချုပ်

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ.......

ဗမာ့ တပ်မတော်ဆိုတာ......



ဗမာ့ တပ်မတော်ဆိုတာ ကျမ အဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ပါ။ ဖေဖေကပြုစု ပျိုးထောင်ခဲ့တဲ့ တပ်မတော်ဆိုတာ စကားအရသာမပာုတ်ပါဘူး။  အစစ်အမှန်ပါပဲ။ ဖေဖေကိုယ်တိုင် ခရေစေ့တွင်းကျ
အောက်ခြေကနေစပြီး ဒီတပ်မတော်ကို ဘယ်လိုထူထောင်ရမယ်ဆိုတာ သူ့လက်ရေးနဲ့ ရေးထားတဲ့
စာရွက်စာတမ်းတွေရှိပါတယ်။

အဲဒီတော့ဖေဖေ ကတပ်မတော်အတွက်ဘာရည်မှန်းချက်တွေရှိခဲ့သလဲ။

အဲဒီရည်မှန်းချက်တစ်ခုကို ကျမ ဖတ်ပြပါရစေ။

ဒီတပ်မတော်ပာာ ဒီနိုင်ငံဒီလူမျိုးအတွက် ဒီလူမျိုးတွေကိုးကွယ်ရာ လဲလျောင်းရာ စည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။

ဒီလိုမပာုတ်ဘဲ ဒီတပ်မတော်ပာာဒီနိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာအော့ နှလုံးနာစရာဖြစ်မယ်ဆိုရင်ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေပာာ အလကားဖြစ်သွားတော့မှာပဲ။

အမှန်အတိုင်းပြောပါရစေ။ ကျမပာာ တပ်မတော်ပေါ်မှာအင်မတန် သံယောဇဉ်ကြီးပါတယ်။
ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်။ ကျမတို့ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ရဲဘော်တွေလက်ထဲမှာကြီးလာတာပါပဲ။

ဒါပေမဲ့ပြည်သူလူထုကြီးကလည်း ဖေဖေ့ပေါ်မှာအင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ်။

ဒီမေတ္တာ တွေ အတွက်လည်းကျမအင်မတန်ကျေးဇူးတင်ပါတယ်။

အဲဒီတော့ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့ပေါ်မှာ အင်မတန် မေတ္တာရှိတဲ့လူထုကြီးကြားပဋိပက္ခမဖြစ်စေချင်ပါဘူး။

တပ်မတော်သားတွေကိုလည်းကျမဒီကပဲမေတ္တာရပ်ခံပါရစေ။

လူထုအားကိုးနိုင်တဲ့တပ်မတော်ကြီး ဖြစ်ပါစေ။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့တပ်မတော်ကြီးဖြစ်ပါစေ။

ပြည်သူလူထုကလည်းဖြစ်ပြီးခဲ့တဲ့ပာာတွေကို ကြိုးစားခွင့်လွတ်ပြီး တပ်မတော်ပေါ်မှာမေတ္တာမပျက်ပါစေနဲ့
လို့တောင်းပန်ပါရစေ။

ဒေါ်အောင်ဆန်းစုကြည်(၁၉၈၈) 

မှတ် ထား ကွ .........

ပွင့်လင်းမြင်သာမှုဆိုတာ


အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည်



၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး လက်ခံခဲ့သည့် မြန်မာနိုင်ငံဆောင်ပုဒ်

================================================
"Moving Forward in unity to a peaceful and Prosperous community"
" ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အသိုက်အ၀န်းဆီသို့ တူညီစွာတက်လှမ်းကြပါစို့"


အာဆီယံသက်တမ်းတလျှောက်အရှည်ဆုံးဆောင်ပုဒ်အဖြစ်စံချိန်တင်လိုက်ပါပြီ...

 

credit > Aung Thu Ra

 

နိုင်ငံရေး သမားဆိုတာ........





ဒီကကူးထားတာပါခင်ဗျ

ခဲတံမှတစ်ဆင့် .............

(၁) 
ရှေ့နေမဟုတ်တဲ့ ဥပဒေပညာ ရှင်တစ်ယောက်ကို ကျောင်းသားဘဝ ကတည်းက ကြားဖူးပေမယ့် သူ ပင်စင်ယူတဲ့အချိန်ကျမှ လူချင်းတွေ့ ဖူးပါတယ်။ ဒါနဲ့ ကိုယ့်စိတ်ထဲမှာ တော်တော် မရှင်းမရှင်း
ဖြစ်နေတဲ့ကိစ္စကို မေးကြည့်တယ်။ အခု တွေ့တွေ့နေရတဲ့ ဥပဒေကြမ်းတွေကို ဝေဖန်ကြ၊ 
ဆွေးနွေးကြတာတွေ ကြား ရတော့ ခပ်ရိုင်းရိုင်းပြောရရင် မူလဆွဲ တဲ့သူတွေက အားနည်းလို့လား၊
 ဝေဖန်ဆွေးနွေးနေတဲ့သူတွေကပဲ သိပ် တော်နေသလားလို့။ အခုရက်ပိုင်းမှာ ပါ ထပ်ဆုံကြရင် ''ဝေဖန်တာတွေကို၊ ထပ်ဝေဖန်တာတွေကိုက ပိုတော်နေ သလား''လို့ မေးဖြစ်မယ်ထင်ပါတယ်။

သူကတော့ ''ဥပဒေကြမ်းတွေ ထွက်လာတဲ့အချိန်မှာ မူလရေးဆွဲတဲ့ သူကတောင် သိပ်ပြီး အားရကျေနပ် သူ ရှိတာမဟုတ်ဘူး'' တဲ့။ မှန်ပါ တယ်။ အချိန်ကာလပြောင်း၊ အခြေ အနေပြောင်း၊ ရှုမြင်ပုံရှုမြင်နည်းတွေ ပြောင်းသွားတဲ့အခါ ပြင်စရာတွေ၊ ပြောင်းစရာတွေ ဖြစ်လာတာပါ။

(၂)
ကျွန်တော်တို့မိတ်ဆွေ ကာတွန်း ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတစ်ခု ကို ဒီရက်ပိုင်းမှာ တွေ့ရပါတယ်။ ကာ တွန်းက ခဲတံလေးတစ်ခုအကြောင်းပါ။

ခဲဖျက်က မှားရင် ဖျက်ပေးမယ်နော်လို့ ပြောတော့ ခဲတံက ငါ ဘယ် တော့မှ မမှားဘူးတဲ့။ ချွန်စက်က ချွန်ပေးမယ်ဆို တော့လည်း ငါ ငတုံးမဟုတ်ဘူးကွ တဲ့။
ဖောင်တိန်က မြင်သာအောင် နောက်ကလိုက်ပေးမယ်ဆိုတော့ ငါ့ ဘာသာပေါ်လွင်ပြီးသား တဲ့။
ပေတံက ဖြောင့်တန်းအောင် ကူညီမယ်ဆိုတော့ ဘယ်သူ့အကူအညီ မှ မလိုဘူး တဲ့။

နောက်ဆုံးတစ်ကွက်မှာ ကျတော့ ခဲတံလေးက ''ဟူး... တော် ပါသေးရဲ့။ အထဲမှာ အဆန်မရှိတာ မရိပ်မိကြလို့'' တဲ့။

၂ဝ၁၃ သြဂုတ်လထုတ် အိုင်ဒီ ယာမဂ္ဂဇင်းမှာပါတဲ့ ကာတွန်းလို့ သိရပါတယ်။


(၃)
ဒီကာတွန်းလေးကို ကြိုက်နှစ် သက်တဲ့သူတွေ ထောင်ချီပြီး ရှိကြပါတယ်။ ကျွန်တော်လည်း တစ် ယောက်အပါအဝင်ပေါ့လေ။ လူတွေ ဟာ ကိုယ်ပြောချင်ပေမယ့် မပြော တတ်တာကို တစ်ယောက်ယောက်က (စာရေးဆရာဖြစ်မယ်။ ဟောပြောတဲ့ သူဖြစ်မယ်။ အခုလို ကာတွန်းဆရာ လို့ အများသတ်မှတ်ခြင်းခံရတဲ့ ပြည် သူ့ရေးရာ မူဝါဒပညာရှင်လည်းဖြစ် မယ်။)ကပြောပေးရင် ဝိုင်းပြီး သြဘာ ပေးတတ်ကြတယ်။

ပြောချင်တာက ''ဟန်ပဲရှိတယ်၊ အဆန်မရှိဘူး'' လို့ထင်ပါရဲ့။

ကျွန်တော်ကတော့ ခဲတံကို နှစ် ပိုင်းခွဲမြင်တယ်။

ပထမတစ်ပိုင်းက အများနဲ့ ဆက်ဆံရေး၊ သူ့ကိုလာပြီး ကူညီမယ် ဆိုတာတွေကို ငြင်းတယ်။ တကယ်လို့ လာကူညီမယ်ဆိုတဲ့သူတွေကို လက်ခံ ပြီး တကယ်တမ်းကျ တလွဲတချော် တွေ လုပ်နေရမယ်ဆိုရင် အဲဒီခဲတံက ပိုပြီး မညစ်ပတ်ဘူးလား။ ဒုက္ခ မရောက်ဘူးလား။ အခုတော့ ခဲတံက လက်မခံရုံပဲ လက်မခံတာလေ။

နောက်တစ်ခုက သူ့ကိုယ်သူ 'အဆန်' မရှိတာ သူများတွေကသာ မရိပ်မိတာ။ သူ့ကိုယ်သူတော့ အသိ သားတဲ့။ သူ့ကိုယ်သူသိတာတော့ အတော်တော်လှတယ်လို့ ထင်တာပါ။
ကျွန်တော်တို့ကရော ကျွန်တော် တို့ကိုယ်ကျွန်တော်တို့ အဆန်ရှိတယ် လို့ထင်ပါသလား။ သူများတွေကရော ကျွန်တော်တို့ အဆန်ရှိတာ၊ မရှိတာ ကို သိကြသလား။

ခဲဖျက်တို့၊ ချွန်စက်တို့၊ ပေတံတို့ က စေတနာကောင်းကောင်းနဲ့ အကူ အညီပေးချင်ကြပေမယ့် အကူအညီ ယူမယ့်သူ လက်မခံနိုင်တာ၊ လက် မခံချင်တာကို သိကြသလား။

နောက်ဆုံးမေးခွန်းတစ်ခုက တော့ ချွန်စက်တို့၊ ခဲဖျက်တို့၊ ပေတံ တို့ကရော သူတို့တာဝန်ကို သူတို့ တကယ်တမ်း ပီပီပြင်ပြင်ထမ်းဆောင် နိုင်တဲ့အခြေအနေနဲ့ အရည်အချင်း ရှိကြရဲ့လားဆိုတာပါပဲ။


ခင်မောင်ညို (ဘောဂဗေဒ)
၁-၉-၂ဝ၁၃ 

မူရင်းလင့်ပါခင်ဗျ..... 

စာရေးနည်း

  1. ရှည်   -  အရှည်ကို မျှော်တွေးရမယ်။
  2. တိ     -  တိကျ မှန်ကန်ရမယ်။ (ကိုယ်ရေးတဲ့ အချက်အလက်တွေ တိကျရမယ်)
  3. ရှင်း   -  ရှင်းရှင်းလင်းရှိရမယ်။ (ကိုယ့်စာကို ဖတ်တဲ့လူတွေ ရှင်းရှင်းလင်းနားလည်သွားစေရမယ်)
  4. ပေါင်း -  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမယ်။ (ကိုယ့်စာထဲမှာရေးတဲ့ အချက်အလက်တွေ  စုဆောင်းရာမှာ သက်ဆိုင်တဲ့သူတွေကို မေးမြန်းစုံစမ်းပြီးမှ ရေးသင့်တယ်)
  5. ချိန်  -  အချိန်မီ ပြီးစီးရမယ်။ (အချိန်နဲ့တစ်ပြေးညီ ပြီးသင့်ပါတယ်)
ပြီးတော့ ကိုယ့်စာက ပြေပြေပြစ်ပြစ် ရှိသင့်ပါတယ်။

ကျွန်တော့်ဆရာသမားတစ်ယောက်ပြောပြဖူးတာပါ။

ကျွန်တော့် ဘလော့က.........

           ကျွန်တော် ပို့စ်တွေ သိပ်မတင်နိုင်သေးဘူး။ အလုပ်ကလည်းမအား။ စာလည်း သိပ်မရေး တတ်လို့။ အခုဘလော့လေးတောင် ဟိုဟိုဒီဒီကလိရင်းရသွားတာ။ 

     ကျွန်တော်ဖတ်ဖူးသမျှထဲက နှစ်သက်တာလေးတွေကိုပဲ ပြန်တင်သွားမှာပါ။ မူရင်းရေး သူတွေထံ ခွင့်တောင်းရအောင် ဘယ်လို ခွင့်တောင်းရမလဲမသိလို့ ခွင့်တော့မတောင်းထားပါဘူး။ ဒါပေမဲ့ ကျွန်တော် ကူးယူခဲ့တဲ့ မူရင်းလင့်ကိုတော့ ဖော်ပြထားပါတယ်။

              ကျွန်တော် ရေးတတ်သလောက်တော့ နဲနဲပါးပါးတော့ ရေးဖြစ်မယ်ထင်ပါတယ်။


                  လာဖတ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

" စာအန်ခြင်း "





မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

၁ ၂ ၃ ၄ ဘဝကို ရေး
ခဏနေတော့ . . .
၁ ၂ ၃ ၄ ဘဝကို ရေး
ကိန်းဂဏာန်းက လက်တစ်ဖက် မပြည့်သေးဘူး။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ဧည့်စာရင်း မတိုင်လို့
အဖမ်းခံရတဲ့ ဂျစ်ပစီ လောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူး။
ညဥ့်ကလည်း မှောင်လိုက်တာ . . .

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကဗျာ ဆိုတာ စာအန်ဖတ်နဲ့ တူတယ်။
ငှက်အန်ဖတ်က ငှက်သိုက်
ငါးအန်ဖတ်က ငါးကြီးအန်ဖတ် ဒီလို အမျိုးမျိုးပါပဲ။
ကြာတော့ သွေးစ သွေးန နည်းနည်းတော့ ပါတာပေါ့။

ခေတ်သစ် ကုလားအုပ်ပုံပြင်




တစ်ခါက . . .
ကုလားအုပ်သားလေးက ကုလားအုပ် အမေကို မေးသတဲ့။
“ မေမေ . . . သားတို့မှာ ဘာလို့ သူများတွေထက် ကြီးတဲ့ ဘို့ကြီးတွေ ရှိနေရတာလဲ ဟင် ”
သားဖြစ်သူက အမေ့ရဲ့ လည်ပင်းရှည်ရှည်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့ ပွတ်တိုက်ရင်း မေးလာတာကို အမေ ဖြစ်သူ ကုလားအုပ်မကြီးက သားငယ်ကို ချစ်လှစွာသော မျက်ဝန်းတွေနဲ့ ကြည့်ရင်း . . . .
“ ဒါဟာ မေမေတို့ ကုလားအုပ်တွေရဲ့ ထူးခြားချက်ပေါ့ သားရဲ့။ တခြား ဘယ်တိရစ္ဆာန်မှာမှ ဒီလောက်ကြီးတဲ့ ဘို့ကြီးတွေ မပါဘူး။ ဒီဘို့ကြီးတွေထဲမှာ မေမေတို့ ရက်ပေါင်းများစွာ သောက်သုံးဖို့ ရေတွေ သိုလှောင်ထားနိုင်တယ်။ ပမာဏနဲ့ ပြောရရင်တော့ ရေတစ်တိုင်ကီခွဲလောက်အထိ မေမေတို့လို အရွယ်ရောက်နေတဲ့ ကုလားအုပ်တွေက သိုလှောင်ထားနိုင်တယ် သားရဲ့။ ဒါဟာ ကုလားအုပ်တွေ အတွက် ဂုဏ်ယူစရာပဲပေါ့။ ”
မေမေ ကုလားအုပ်မကြီး ပြောနေတာကို ဘေးကနေ သားလေး ကုလားအုပ်က မျက်လုံးလေး ကလယ် ကလယ်နဲ့ မော့ကြည့်နေရှာတယ်။ ပြီးတော့မှ . . . . .
“ နောက်ပြီးတော့ ရှိသေးတယ် မေမေ။ ”
“ ပြောပါဦး ငါ့သားရဲ့။ ”
“ သားတို့ရဲ့ လည်ပင်းတွေကလည်း တခြား သတ္တဝါတွေထက် ရှည်တယ်နော် မေမေ။ သားတို့ထက် ရှည်တာ ဆိုလို့ သစ်ကုလားအုပ်တွေပဲ ရှိမယ်နော် မေမေ။ သူတို့ ရှည်တာနဲ့ သားတို့ ရှည်တာလည်း မတူဘူးနော်။ ”

ကြွက်ထောင်ချောက်

တစ်ခါတုန်းက….
          ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။
          အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တ၀ါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကို ရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ် ချက်နှင့် မြို့က၀ယ်လာတဲ့ ကြွက်ထောင်ချောက်။
          မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။
          ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။ အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက် ကခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ”
          အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစ ရာယက်ပြီး ရှာနေတဲ့ ကြက်မက…
          “ဒီလောက်တောင် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာ မှန်ပါ တယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။
          ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က…..
          “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့် ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက် ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။
          ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။
          “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမ ညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။
          ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊ အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေး လို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာ တပ်ထားမယ့် အနံ့ကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ သွားရည်တများများ ကျစေမယ့် အစာကို အနား သားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆ တိုက်မိ တယ်ဆိုတာမျိုး မဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။
     

ဧရာဝတီ ဆိုတာ.........


ရာဇ၀င်များရဲ့ သတိုးသမီး
ပန်းဦးတွေ ဆက်ခြင်းခံခဲ့ရပြီ . . .
အသက်သွေးကြောကြီးဆိုပြီး
မဟားဒယား ဖောက်ထုတ်လေကြပြီ ။


ဒါတို့ပြည် ဒါတို့မြေ ဒို့ပိုင်တဲ့မြေ
ဟုတ်ပါလေစ . . . . ။
လူကိုသတ် ပြည်ကိုဖြတ် အမွေကိုရောင်း
သမိုင်းကို သစ္စာဖောက် . . .
ခေတ်သစ် ငဇင်ကာတွေကို
ဘယ်သူတွေ တံကျင်လျှိုပြီး သတ်မလဲ . . .။

စည်းလုံးကြဖို့ လိုပါတယ်....


ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ညီတူညီမျှ၊ သာတူညီမျှ၊ ဖဒရယ်ပြည်ထောင်စု၊ အဲ့တာတွေရဲ့အဓိပ္ပါယ်ကို သေသေချာချာ ဖွင့်ဆိုဖို့ အရေးကြီးတယ်။ 

သာတူညီမျှမှုဆိုတာ ဘာလဲ? ရန်ကုန်မှာ ဆေးတက်သိုလ်၂ခုရှိရင် ပြည်နယ်တိုင်းမှာ ဆေးတက္ကသိုလ်၂ခုစိရှိဖို့တော့မဖြစ်နိုင်ဘူးလေ။ အရည်အချင်းပြည့်မီတဲ့ဘယ်တိုင်းရင်းသားမဆို ဒီဆေးတက္ကသိုလ်တွေကို တက်နိုင်ဖို့ပဲ အရေးကြီးတယ်။ ဒါကို တန်းတူအခွင့်အရေးမရဘူးပြောရင်တော့ မမှန်ဘူးလေ။
ဒါမျိုးတော့ တိုင်ရင်းသာတွေဘက်ကနားလည်ပေးဖို့လိုတယ်
ဗမာကစစ်တပ်ရှိတယ်၊ ဒို့လည်းစစ်တပ်ရှိရမယ်ဆိုရင်တော့ ဘယ်တော့မှငြိမ်းချမ်းမှာ မဟုတ် ဘူး။
အမေရိကန်မှာ အဖြူရော အမဲရော အဝါရော အားလုံးအမေရိကန်ပဲ။

ရုံးသုံးစကားလည်း American English ပဲ။ စစ်တပ်လည်းတစ်တပ်ပဲရှိတယ်။ ပြည်နယ်စစ်တပ်လို့ မရှိဘူး။ ကိုယ့်ဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေကိုတော့ မိမိဘာသာလွတ်လပ်စွာ ကိုးကွယ် ထိန်းသိမ်းသိမ်းစောင့်ရှောက်ခွင့်ရှိတယ်။ ဥပဒေအရာမှာလည်း အားလုံးတန်းတူပဲ။
ဟိုလူမျိုးအတွက် တစ်မျိုး ဒီလူမျိုးအတွက် တစ်မျိုးမရှိစေရဘူး။ 


https://www.facebook.com/PeoplesAge

** အတ္တနောမတိများ ( ဖေမြင့် ) **



ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဆွေးနွေးပွဲများ ကျင်းပဖို့ လိုသည်။

ယခုတလောတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးနေသူများက လူထုထံ ချပြရမည်၊ ချပြရမည် စသဖြင့် ပြောဆိုနေကြသည်။ တကယ်ဆိုတော့ လူထုဆိုတာ ချပြစရာ မဟုတ်။


ဒီမိုကရေစီ နိုင်ငံရေးသမားတို့အနေနှင့် လူထုဆိုတာကို ရိုသေလေးစားအပ်သူများအဖြစ် သိမှတ် လက်ခံမည်ဆိုက “တင်ပြ”ဟုသာ သုံးသင့်၏။  စင်စစ်၊ လူတစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုက မိမိ၏ သဘောထားများ၊ စိတ်ကူးစိတ်သန်းများ၊ စဉ်းစားဆုံးဖြတ်ထားချက်များကို ပိုမို များပြားသော လူစု၊ သို့မဟုတ် လူအများ သိအောင် ပြောတာမှန်သမျှကို “တင်ပြ”ဟုပဲ သုံးနှုန်းသင့်၏။


ယခုတော့ ဘာလဲ၊ ချပြ။ သူ့ကိစ္စ လူအများကိုလည်း လာပြောနေသေး၊ ခင်ဗျားတို့ကို ကျုပ် (တို့)ထက် နိမ့်တယ်လို့ သဘောထား တယ်လည်း ပြောသေး။ အတော်ရိုင်းသော စကားဖြစ်ပါသည်။
ထားပါတော့၊ ဒါက အလျဉ်းသင့်၍ ပြောတာ ဖြစ်သည်။ ယခု ပြောချင်သည်က ဖွဲ့စည်းပုံနှင့် လူထုကိစ္စ ဖြစ်သည်။



အခုမှ လေ့လာနေဆဲမို့လို့ အမှားတွေကို ခွင့်လွှတ်ပေးပါခင်ဗျား.........
စာတွေလည်း သိပ်မတင်နိုင်သေးပါဘူး။
လာရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်............:)