ဖေ့စ်ဘွတ်မှာ တင်ချင်လို့
Tuesday, October 8, 2013
“အလင်းဖြူ” တမ်းချင်း
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။
Autosuggestion
အချစ်ဆိုတာ
ကိုယ့်ဘာသာကိုယ်လွှင့်ပြီးကိုယ့်ဘာသာကိုယ် ယုံကြည်နေတဲ့
ကောလာဟလ။
ကောင်းကင်ကို
http://kaungkinko.blogspot.com/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%80%E1%80%97%E1%80%BA%E1%80%AC
စကားအရာ၌ လိမ္မာစေနည်း (၁၀)မျိုး
ပြောဆိုရန် အချိန်သင့်မှ ပြောဆိုရခြင်း။
ဖြစ်သမျှကိုသာ လျော်စွာ ပြောဆိုရခြင်း။
တရားမျှတစွာ ပြောဆိုရခြင်း။
မှန်ကန်တိကျစွာ ပြောဆိုရခြင်း။
အကျိုးရှိသည့် စကားကိုသာ ပြောဆိုရခြင်း။
အမြဲပြုံးရွှင်မှုကိုသာ ရှေ့ရှု၍ ပြောဆိုရခြင်း။
သင့်-မသင့်ကို ချင့်ချိန်တွက်ဆပြီးမှ ပြောဆိုရခြင်း။
အဆောတလျင် မပြောဆိုရခြင်း။
အထက်တန်းစား၊ မြို့သုံး၊ နန်းသုံးတို့ကို ပြောဆိုရခြင်း။
လေယူ လေသိမ်း မှန်ကန်လျက် ပီသစွာ ပြောဆိုရခြင်း။
မဇ္ဈိမနိကာယ်၊ ဝေဒလသုတ်။
မွေးနေ့လက်ဆောင်
နိုဝင်ဘာ မွေးနေ့ရှင်ရယ်
လိုချင်တာ ရွေးစေ့ချင်တယ် လို့ကိုယ်ရင်မှာ ထွေးပွေ့ရင်းနဲ့
ကြိုတင်ကာ မေးကြည့်လိုက်တော့
လိုချင်တာ အစစ်က
ချိုကြင်နာ အချစ်တဲ့။
ကောင်းကင်ကို
(၂၅.၁၁.၂၀၁၂) မွေးနေ့အမှတ်တရ
http://kaungkinko.blogspot.com/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%80%E1%80%97%E1%80%BA%E1%80%AC
ချစ်သူ
ချစ်သူမေနဲ့
ချစ်ဇမ္ဗူမြေမှာ
ချစ်တာတွေ စာစီကုံး
နောင်ဆယ်ဘ၀မမုန်းနိုင်ဘူး
ဆက်ချစ်နေမယ်..........။
ချစ်ဇမ္ဗူမြေမှာ
ချစ်တာတွေ စာစီကုံး
နောင်ဆယ်ဘ၀မမုန်းနိုင်ဘူး
ဆက်ချစ်နေမယ်..........။
နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ
အမေရိကန်ပညာရှင်တွေဖြစ်တဲ့ James Rothman, Randy Schekman နဲ့အတူ ဂျာမန်ပညာရှင် Thomas Sudhof တို့ဟာ အမေရိကန်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ တနေရာနဲ့တနေရာ ဘယ်လိုမျိုးကူးလူးသွားလာဖို့ လုပ်ဆေင်ကြသလဲဆိုတာကို သူတို့သုံးဦးပူးပေါင်းပြီး သုတေသန လုပ်ဆောင်လာတဲ့အတွက် ဆုရရှိကြောင်း ဆွီဒင်နိုင်ငံ၊ Stokcholm မြို့က နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ကနေ တနင်္လာနေ့က ကြေညာခဲ့တာပါ။ နှစ်စဉ်ချီးမြှင့်နေတဲ့ နိုဘယ်လ်ဆုတွေထဲမှာ နိုဘယ်လ်ဆေးပညာဆုရှင်ကို ပထမဆုံးချီးမြှင့်တာဖြစ်ပါတယ်။
ထိုင်ခုံလှူရင်း သွေးလှူခဲ့တယ်........
မနေ့က (၇.၈.၂၀၁၃)ရက်နေ့က ပျဉ်းမနား ကုတင် (၂၀၀)ဆံ့ ဆေးရုံကြီးမှာ ပလတ်စတစ်ထိုင်ခုံ (၂၀)၊ နေပြည်တော် ကုတင် (၁၀၀၀)ဆံ့ ဆေးရုံကြီးမှာ ပလတ်စတစ်ထိုင်ခုံ (၂၀)၊ စုစုပေါင်း ထိုင်ခုံ (၄၀)ကို
ကျွန်တော်တို့ ရုံးဝန်ထမ်းတွေ ငွေစုဝယ်ယူပြီး လှူခဲ့ပါတယ်။
ဆေးရုံမှာ ထိုင်ခုံတွေလှူရင်းနဲ့ ကျွန်တော်ရယ်၊ ထွန်းထွန်းနိုင်ရယ်၊ ငြိမ်းချမ်းအောင်ရယ်
သွေးလှူခဲ့ပါတယ်။
ကျွန်တော်နဲ့ ငြိမ်းချမ်းက ပထမဆုံးအကြိမ် သွေးလှူတာပါ။ ထွန်းထွန်းနိုင်ကတော့ (၅)ကြိမ်မြောက်တဲ့။
ကျွန်တော်တို့ ရုံးဝန်ထမ်းတွေ ငွေစုဝယ်ယူပြီး လှူခဲ့ပါတယ်။
ဆေးရုံမှာ ထိုင်ခုံတွေလှူရင်းနဲ့ ကျွန်တော်ရယ်၊ ထွန်းထွန်းနိုင်ရယ်၊ ငြိမ်းချမ်းအောင်ရယ်
သွေးလှူခဲ့ပါတယ်။
ကျွန်တော်နဲ့ ငြိမ်းချမ်းက ပထမဆုံးအကြိမ် သွေးလှူတာပါ။ ထွန်းထွန်းနိုင်ကတော့ (၅)ကြိမ်မြောက်တဲ့။
ငြိမ်းချမ်းအောင်ရဲ့ သွေးလှူမှတ်တမ်းကတ်ပြားပါ။
ကျွန်တော်တို့ သွေးလှူတော့ ကိုဉာဏ်ကြီးကလည်း လှူချင်တယ်ဆိုပြီး သွေးပေါင်ချိန်အတူတူ လိုက်တိုင်းပါတယ်။
သွေးပေါင်ချိန်တိုင်းတော့ ကျွန်တော်တို့ သုံးယောက်က အပေါ်သွေး (၁၃၀)၊ အောက်သွေး (၈၀)တဲ့။ ကိုဉာဏ်ကြီးကတော့ အပေါ်သွေး (၁၄၀)၊ အောက်သွေး (၁၀၀)တဲ့။
အဲ့ဒါကြောင့် လှူလို့မရဘူးလို့ပြောတယ်။ ကိုဉာဏ်ကြီးလည်း အတော်စိတ်ညစ်သွားရှာတယ်။
အမှတ်တရကတော့ ငြိမ်းချမ်းကို သွေးယူလို့ပြီးတော့ ဘာဖြစ်လဲမေးပါတယ်။ အဲ့ဒီမှာ ဒီကောင် မူးပြီး အန်တာပဲ။ အဲ့ဒီက သွေးယူတဲ့လူတွေလည်း အတော် ပျာယာခပ်ကုန်တယ်။
ဒါပေမဲ့ အခုတော့ကောင်းသွားပါပြီဗျာ.............
ရွေးချယ်ခွင့်
ပါတီတိုင်းမှာ
နာဇီရိုင်းတွေ
နာရီတိုင်း
ဘာမထီ‘ဆိုင်း’
နဲ့
အသာတကြည်
မှိုင်းတိုက်နိုင်တာမို့
‘ဗလာချီ’သမိုင်းဆိုက်နိုင်တာမို့
ပြေးပေါက်ကြိုရှာ
အတင်းသွားရင်း
အတွေးလျှောက်ပိုကာ
စဉ်းစားမိတယ်။
“ရွေးကောက်ပွဲ ဆိုတာ
သေဒဏ်ကျပြီးသား လူတယောက်ကို
လျှပ်စစ်ကုလားထိုင် နဲ့ ကြိုးမိန့်
တခုခု ရွေးခိုင်းနေသလိုပဲ”။
ကောင်းကင်ကို
ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၆) ထဲကပါ။
Subscribe to:
Posts (Atom)