Wednesday, November 27, 2013

သရဲနီတပ်ဖွဲ့



















အချစ်နှင့် သူငယ်တန်းဖတ်စာ

A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား..
ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်..

B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့... ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...