Monday, January 13, 2014

ဘောင်းဘီမဝတ် ရထားစီးနေ့ (No Pants Subway Ride)

“တပ်” ကို ဆေးစစ်ခြင်း

“တပ်” ကို ဆေးစစ်ခြင်း

• တပ်ကမွေးပေး တပ်သွေးအုပ်စု
• ( - ) အနုတ်လူထု

• တပ်ကပေါက်ပွါး တပ်ကပ်ဖါး
• တပ်သားစိတ်မပြောင်း ရောဂါဟောင်းပါ တိုင်းပြည်နာ

• တပ်နိုင်တဲ့ပါတီ၊ တတ်နှိုင်တဲ့ပါတီ
• တိုင်းပြည်ယိုင်နဲ့သည်

• တပ်ဝတ်ချွတ်၊ တပ်ဝဋ်မလွတ်
• တိုင်းပြည်ဒုက္ခမကျွတ်

• အဖသာရှိ အမိမရှိ
• ဇာတိမှန် ဇာတိမာန်မရှိ
• တိုင်းပြည်ဒုက္ခအတိ

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၄


• တပ်ကမွေးပေး တပ်သွေးအုပ်စု
• ( - ) အနုတ်လူထု

• တပ်ကပေါက်ပွါး တပ်ကပ်ဖါး
• တပ်သားစိတ်မပြောင်း ရောဂါဟောင်းပါ တိုင်းပြည်နာ

• တပ်နိုင်တဲ့ပါတီ၊ တတ်နှိုင်တဲ့ပါတီ
• တိုင်းပြည်ယိုင်နဲ့သည်

• တပ်ဝတ်ချွတ်၊ တပ်ဝဋ်မလွတ်
• တိုင်းပြည်ဒုက္ခမကျွတ်

• အဖသာရှိ အမိမရှိ
• ဇာတိမှန် ဇာတိမာန်မရှိ
• တိုင်းပြည်ဒုက္ခအတိ

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၄

" ဒို့အဖေကြီးမို့ ကာကွယ်မလေ "

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောစကားကို
မှတ်ချက်ပြုခဲ့တဲ့ အမှတ်တရစကားများ

********************



ကာချုပ်ကတော့ပြောသွားပီနော်
ကဲ……ဦးသန်းရွှေကချမှတ်တဲ့မူဝါဒတွေကို
ကာကွယ်သွားပါမယ်တဲ့

(အွန်လိုင်းမှတပ်မတော်လော်ဘီများ
လက်ရှိတာဝန်ထမ်းဆောင်နေသော
အရာရှိအရာခံများ အားလုံးကဘယ်လိုမြင်ပါသလဲ
ယခင်ကခင်ဗျားတို့ ရွတ်နေတာ
အာဏာရှင်ကိုအကာအကွယ်မပေးဘူးဆို
ဦးသန်းရွှေဟာအာဏာရှင်ပါဟုတဖွဖွ
ရေရွတ်ပီးအာဏာရှင်ကိုကာကွယ်တာမဟုတ်
တပ်မတော်ကိုပြည်သူနှင့်သွေးမကွဲစေချင်ပါဟု
တဖွဖွပြောခဲ့သူများ)

ယခုခင်ဗျားတို့ တပ်မတော်ကြီးရဲ့အကြီးအကဲ
ကာချုပ်ကိုယ်တိုင်က ဦးသန်းရွှေချမှတ်ထားတဲ့
မူဝါဒကိုအစွမ်းကုန်ကာကွယ်မယ်ဆိုတော့
ခင်ဗျားတို့ ရဲ့တပ်မတော်ဟာ ပြည်သူ့ တပ်မတော်မဟုတ်
အာဏာရှင်တပ်မတော်သာဖြစ်ပေလိမ့်မည်

အဲ့တော့ပြည်သူ့ တပ်မတော်ဖြစ်ချင်သလား
အာဏာရှင်ရေးဆွဲထားတဲ့ မူဝါဒကို
အကာကွယ်ပေးမယ့်တပ်မတော်သားတွေလား

ဆက်လက်စောင့်ကြည့်ပါမယ်
ခင်ဗျားတို့ ရပ်တည်ချက်ကို

ခင်ဗျားတို့  စစ်သားတွေလား
ဒါမှမဟုတ် အာဏာရှင်အလိုကျ
ဟောင်ပြမယ့်စစ်ခွေးတွေလား ? ? ?

Dota Soldiers
 ======================================================
 
စာရေးဆရာမင်းလူ (၁၉၈၉)ခုနှစ်က အဖမ်းခံခဲ့ရသောကဗျာ
(အမှတ်တရ အနေဖြင့် ဖော်ပြခြင်းဖြစ်ပါသည်)

=========================
" ဒို့အဖေကြီးမို့ ကာကွယ်မလေ "
=========================
" ဒို့အဖေကြီးမို့ ကာကွယ်မလေ "

#####################################

စာရေးဆရာမင်းလူ (၁၉၈၉)ခုနှစ်က အဖမ်းခံခဲ့ရသောကဗျာ
(အမှတ်တရ အနေဖြင့် ဖော်ပြခြင်းဖြစ်ပါသည်)

" ဒို့အဖေကြီးမို့ ကာကွယ်မလေ "

အလိုဗျာ .. ဘာတွေဖြစ်ကုန်ပြီလဲ
.............................
(၁)
အော် ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော် ...
တစ်နှစ်တစ်ခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တစ်ချိန်လုံးအော်ခဲ့ပြီး
မအောင်မြင်လို့ ကျရှုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုးတရားခံလုပ်ခံရ၏ ...
သမီးအရင်းခေါက်ခေါက်တောင်
လွပ်လွပ်လပ်လပ် ပန်ခွေချခွင့်မရ ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကိုချစ်သော တပ်မတော်
သောက်ကျိုးနဲ တော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက " တော်တော် " လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည်
ဟုတ်တယ်လေ
မိုးတွင်းမှာ ရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံ မဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေက စွပ်စွဲတာလေ
ပြီးတော့ သူတို့ပဲ
ဝါဆိုသင်္ကန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့ စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ် အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
" ရေဂင် " အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှါပြုလျှင် ဟ၀ှါပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှါပြုစေလိုကြောင်း...
သတင်း(အချိန်ကုန်)ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတစ်ယောက်လေ
တွေ့တဲ့လူကို နေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလဲနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ .... လာပါပြီ .....
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့ .............။
(၅)
သူ့ရဲ့အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
" ကိုယ်မပြောချင်ဘူး
ဒါပေမယ့် ပြောသင့်တာတော့ပြောမယ်
ဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူးဆိုတာပဲ " တဲ့
မှတ်သားလောက်ပါပေရဲ့
" ကိုယ်တို့ အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့ အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့ မပါဘူးတဲ့
အခြေဥပဒေဆိုတာ
မာရှယ်လော ဥပဒေလို
ချက်ချင်းထုတ်လို့ရတာ မဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ်လုပ်လို့မရဘူးတဲ့။
(၆)
ဒါပေမယ့်
လွှဲမှာပါ ..... လွှဲမှာပါ ....
ပုခက်လွှဲသလိုလွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့ စာအုပ်တစ်အုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တစ်ထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်
ဒါနဲ့နေစမ်းပါဦး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်ဆရာကြီး
ရှေးက ကဗျာတစ်ပုဒ်ထဲက
စာကြောင်းတစ်ကြောင်း သတိရမိတယ်
" ဘီလူးသွားကို လဖြဲ" တည်းတဲ့
နိဂုံးချုပ်အားဖြင့် ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
" ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ "
အလိုဗျာ ...... ဘာတွေဖြစ်ကုန်ပြီလဲ ......။

မင်းလူ(၁၉၈၉)
အလိုဗျာ .. ဘာတွေဖြစ်ကုန်ပြီလဲ
.............................
(၁)
အော် ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော် ...
တစ်နှစ်တစ်ခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တစ်ချိန်လုံးအော်ခဲ့ပြီး
မအောင်မြင်လို့ ကျရှုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုးတရားခံလုပ်ခံရ၏ ...
သမီးအရင်းခေါက်ခေါက်တောင်
လွပ်လွပ်လပ်လပ် ပန်ခွေချခွင့်မရ ။

(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကိုချစ်သော တပ်မတော်
သောက်ကျိုးနဲ တော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက " တော်တော် " လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည်
ဟုတ်တယ်လေ
မိုးတွင်းမှာ ရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံ မဟုတ်ဘူးလား။

(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေက စွပ်စွဲတာလေ
ပြီးတော့ သူတို့ပဲ
ဝါဆိုသင်္ကန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့ စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ် အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
" ရေဂင် " အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှါပြုလျှင် ဟ၀ှါပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှါပြုစေလိုကြောင်း...
သတင်း(အချိန်ကုန်)ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတစ်ယောက်လေ
တွေ့တဲ့လူကို နေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလဲနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ .... လာပါပြီ .....
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့ .............။

(၅)
သူ့ရဲ့အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
" ကိုယ်မပြောချင်ဘူး
ဒါပေမယ့် ပြောသင့်တာတော့ပြောမယ်
ဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူးဆိုတာပဲ " တဲ့
မှတ်သားလောက်ပါပေရဲ့
" ကိုယ်တို့ အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့ အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့ မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လော ဥပဒေလို
ချက်ချင်းထုတ်လို့ရတာ မဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ်လုပ်လို့မရဘူးတဲ့။
 
(၆)
ဒါပေမယ့်
လွှဲမှာပါ ..... လွှဲမှာပါ ....
ပုခက်လွှဲသလိုလွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့ စာအုပ်တစ်အုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တစ်ထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်
ဒါနဲ့နေစမ်းပါဦး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်ဆရာကြီး
ရှေးက ကဗျာတစ်ပုဒ်ထဲက
စာကြောင်းတစ်ကြောင်း သတိရမိတယ်
" ဘီလူးသွားကို လဖြဲ" တည်းတဲ့
နိဂုံးချုပ်အားဖြင့် ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
" ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ "
အလိုဗျာ ...... ဘာတွေဖြစ်ကုန်ပြီလဲ ......။

မင်းလူ(၁၉၈၉)