Tuesday, November 5, 2013

ဒီနှစ် ကထိန်အလှူ

ကျွန်တော်တို့ ရုံးက ဒီနှစ် ကထိန်သင်္ကန်းကပ်ဖို့ ကျောင်းကို
ပျဉ်းမနားမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာ၊ သာသနာ့မဏိရတနာကျောင်းကို ရွေးချယ်ခဲ့ပါတယ်......။

ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းက ဒီလိုလေး.......


ဒီကားလေးနှစ်စီးနဲ့ သွားကြတယ်........



ဒီကျောင်းကို ပြန်ဖျက်ပြီး
အုတ်စီတစ်ထပ်ကျောင်းလေး ပြန်ဆောက်ဖို့
ငွေကျပ် (၁၅၀)သိန်း လှူမှာပါ....။


 ကျောင်းကို လိုက်ခဲ့ကြတဲ့လူတွေက
အယောက် (၂၀)လောက်ရှိတယ် .....


FB မှ အလန်းဇယား The Day Of The Status

အခွင့်အလမ်း ရှိလား
မရှိပါ ခင်ဗျာ

တက်လမ်း ကော..
မရှိတော့ပါ

ပြည်သူ့ဆန္ဒ
No...

ပြည်သူ့ခေတ် ရောက်ပြီးလား
မရောက်သေးပါဗျာ

Internet ရလား
ည ၁၂ နာရီကျော်မှရပါမယ်

HR
မှာထားတုန်းပါ

သွေးသစ်
အဟောင်းတွေတောင်မကုန်သေးဘူး

အင်အား ရှိမယ်ထင်တယ်
လုံးဝမရှိတော့ပါ

(အလွန်စိတ်ဆိုးသောလေသံဖြင့်)
ဒါဆိုဘာရမလဲကွ...!!!

မှု့ခင်းယူမလား ဆရာ
မှု့ခင်းတော့ရမယ်။

(ဂျာနယ်လာဝယ်လို့ရောင်းနေတာပါ ခင်ဗျ :D)


Khant Zaw

မဖြစ်မနေ သိထားရမည့်အချက်

အစိုးရဌာန တစ်ခု၏ အင်တာဗျုးတွင်ဖြစ်သည်။

မေး။ ဒီဌာနရောက်တာ ဘယ်လောက်ကြာပြီလဲ ...

ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။

မေး။ နိုင်ငံခြား ဘယ်တုန်းက စသွားဖူးတာလဲ …

ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။

မေး။ ဘာကြောင့်သွားတာလဲ ...

ဖြေ။ လွှတ်လို့သွားတာပါ။

ဒီ မို က ရေ စီ

ရည်မှန်းချက်ဆိုတာ မရှိခဲ့တော့
ပန်းတိုင်ဆိုင်ရာ ဝေးရောပေါ့။

ခေတ်ကြောင့်လား....
စနစ်ကြောင့်လား ဆိုရင်တော့
အချစ်ကြောင့်ပေါ့ဗျာ......။
(သူတို့က ကျွန်တော်တို့ကိုမှ မချစ်ခဲ့တာ)

လူတွေအများကြီးထက်
သူတို့ ကိုယ် သူတို့ ပိုချစ်ခဲ့လို့...။
(ကျွန်တော်တို့ကလည်း သူတို့ ချစ်အောင် မနေတတ်လို့ နေမှာပေါ့)

အပျော်မယားဖြစ်ခဲ့ရသည့် အမျိုးသမီးများ


 
ခရစ်နှစ် ၁၈၉၈ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံတရား ဥပဒေများဆိုင်ရာ အက်ဥပဒေတွင် အမှုသည်များ သည် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟောမေဒင်ဖြစ်လျှင် မဟာမေဒင် တရားဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမည်ဟု ပြဌာန်းထားသော်လည်း အမှုသည်များသည် ဗုဒ္ဓဘာသာနှင့် မဟာမေဒင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူစသည်ဖြင့် ဖြစ်လာပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကိုကား မပါဝင်ခဲ့ပေ။

မြန်မာ့ဓလေ့ ထုံးတမ်းနှင့်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများ သည် လူမျိုးခြားများ၏ ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြားယောက်ျားနှင့် လက်ထပ်ထိမ်းမြားပြီး အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင် လင်မယားအဖြစ်သာ နားလည်ကြ သည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည်။ 

လင်သေမယား၊ မယားသေလင် အမွေဆက်ခံခွင့်သည် တရားတစ်ထုံးစွဲဆိုတောင်း ခံရသည့်အခွင့် အရေးမျိုးမဟုတ်ချေ။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လက်ထပ်ထိမ်းမြားရေး တွင် ဘာသာ အယူဝါဒ မတူညီမှု အတား အဆီး၊ လူမျိုးအနွယ် ဇာတ်မတူညီမှု အကန့်အသတ်၊ လက်ထပ်ထိမ်းမြားပွဲကို မင်္ဂလာအခမ်းအနားနှင့် ပြုလုပ်ရမည်ဟူသော သတ်မှတ်ချက်မရှိသဖြင့် လူမျိုးခြား ယောက်ျားများကို တရားဝင် လင်ယောက်ျားဟူ၍ပင် နားလည်ကြသည်။

သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် မြန်မာအမျိုးသမီးများသည် တရားဝင် လင်မယား
ဖြစ်ကြောင်းကိုပင် မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိကအခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏ အကူအညီကို ယူရသောအခါ ဘာသာခြား၊ လူမျိုးခြား၊ လင်ယောက်ျား၏ တရားဥပဒေအပေါ်မှာ လုံးဝ
တည်သွားတော့သည်။ ဘာသာခြား၊ လူမျိုးခြားယောက်ျား၏ တရားဥပဒေက ဤနည်းဤပုံဖြင့် လက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်မပြု။ လက်ထပ်ထိမ်းမြားလျှင် ဤနည်းလမ်း ဤစည်းကမ်းများကို မလိုက်နာပါက တရားမဝင်ဟု ပြဌာန်းထားလျှင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ တရားဝင်နေမှုကို ထည့်သွင်း စဉ်းစားခြင်း မရှိတော့ဘဲ လက်ထပ်ထိမ်းမြားခြင်း တရားမဝင်ဟုပင် ဆုံးဖြတ်ခံရသည်။

ထိုအခါ နှစ်ဦးသား အကြင်လင်မယားအဖြစ် ပေါင်းသင်းကြ စဉ် က မွေးဖွားလာသော သားသမီးများ သည်ပင် တရားမဝင်သော သားသမီးများ အဖြစ် မျက်နှာငယ် ဘဝရောက်ရလေတော့ သည်။ မြန်မာ အမျိုးသမီးများ အနေနှင့် သားကိုသခင်၊ လင်ကိုဘုရားဟူသော အယူအဆ၊ အိမ်ဦးနတ်ဟူသော အတွေးအခေါ်များဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးခဲ့ရသည်များပင် အရာမထင်တော့ဘဲ အပျော်မယား အဆင့်အတန်း သို့ပင် ရောက်ခဲ့ရသည်။ မြန်မာ့ဓလေ့ ထုံးတမ်းအရ ဤသို့ကာမဂုဏ်ကိစ္စမျိုးတွင် “အပျော်” ဟူ၍ သတ်မှတ်ခံရခြင်းသည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသည်။

ဤသို့သော အခြေအနေများကြောင့် ဘာသာခြား လူမျိုးခြား ယောက်ျားများနှင့် အိမ်ထောင် ဖက်မိ ရသော မြန်မာအမျိုးသမီး၏ အနာဂတ်ဘဝ အာမခံချက်များသည် ရေရေရာရာ မရှိတော့ဘဲ ရင်နင့်စဖွယ် အဖြစ်ဆိုးများသာ ကြုံတွေ့ခဲ့ရသည်။ ထိုသို့သော အဖြစ်ဆိုးများမှ ကင်းလွတ်စေ ရန် ရည်သန် လျက် အမျိုးစောင့်ဥပဒေကို မျိုးချစ် ဆရာတော်များနှင့် ဥပဒေ ကျွမ်းကျင် သူမျိုးချစ်ပြည်သူ များမှ ဖြစ်ပေါ်လာစေ ရန်၊ ပြဌာန်းပေးစေရန် ကြိုးစားဆောင်ရွတ်နေကြခြင်းဖြစ်၏။ မျိုးမချစ်၊ မျိုးမစစ်များကတော့ အခုထိ ကန့်လန့် တိုက်ဆဲဖြစ်သလို ဆက်လက်ပြီးတော့လည်း ကန့်လန့်တိုက်နေဦးမည်သာ ဖြစ်ပါတော့သည်။
 
(ဦးအေးချို-မဟာဝိဇ္ဇာ)

http://yinkhwinlam.blogspot.com/2013/09/blog-post_226.html

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ...

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
 ၂- အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
 

၃- အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူ
    မရှိခြင်း

၎ - ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို
     ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

၅- အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့သာပို့
    ရသဖြင့် ပိုက်ဆံကုန်ခြင်း

၆- နေရာတကာ မီတာဆောင်၊ ဖုန်းခွန်ဆောင် မိမိဘာသာသွားလာရခြင်း

" ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ "

" ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ " - သီတဂူဆရာတော်
    ---------------------------------
    ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ
    ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့်
    ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့
    ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ
    အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်
    မှလည်း မပေးနိုင်ပါဘူး။

    တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့
    တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့
    တစုံတယောက်သည် အခြားတစုံတယောက်ကို
    သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်း
    အောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင်
    မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏
    သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က
    တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

    ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသား
    တယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည်
    ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိ
    ကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို
    အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက
    လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။ "

    -( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
    အရှင်ဥာဏိဿရ)

    Dhamma Danã Source ►
    www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit To >Young Buddhist's Association <Thanks
https://www.facebook.com/excellencemedia

ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ

ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊

အပြစ်နှင့်ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့

ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ 

ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ 

ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။

တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့

တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ 

တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို
သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ 

မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး 

မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ 

 တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသား တယောက်ကို 

သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ 

မိမိ ကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ 

ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။ "

-( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ)