Tuesday, October 22, 2013

♥♥♥ ဘ၀ဒဿနအမြင် ♥♥♥

  • Forget injures, never forget kindnesses.
နာကျင်မှု့ကို မေ့ပျောက်ပစ်ပါ။ ကြင်နာမှုကို အစဉ်သတိရပါ။
ကွန်ဖြူးရှပ်စ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Time cancels young pain.
အချိန်ဆိုတဲ့သမားတော်က နာကျင်မှုကို ကုစားပါလိမ့်မယ်။
ယူရီပီဒက်စ်(ဂရိပြဇာတ်စာရေးဆရာ)
thin_green.gif
  • Everything has its beauty but not everyone sees it.
အရာရာတိုင်းတွင် အလှတရားရှိသော်လည်း လူတိုင်းမမြင်နိုင်ပေ။
ကွန်ဖြူးရှပ်စ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Imagination is more important than knowledge.
စိတ်ကူးစိတ်သန်းဟာ ဗဟုသုတထက် ပိုအရေးကြီးပါတယ်။
အဲလ်ဘော့အိုင်းစတိုင်း(ရူပဗေဒပညာရှင်)
thin_green.gif
  • A friend is a second self.
မိတ်ဆွေစစ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွားပါပဲ။
အရစ္စတိုတယ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Slow and steady wins the race.
ဖြည်းဖြည်းနှင့်မှန်မှန် အောင်ပွဲခံ။
အီစွပ်ပုံပြင်
thin_green.gif
  • In charity there is no excess.
ပေးကမ်းစွန့်ကြဲမှုတွင် ပိုသည်ဟူ၍မရှိ။
ဆာဖရန်စစ်ဘေကွန်(စာရေးဆရာ၊ အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Familiarity breed contempt.
အရောဝင်က အရိုအသေတန်သည်။
အီစွပ်ပုံပြင
thin_green.gif
  • Union gives strength.
စည်းလုံးခြင်းသည် အင်အား။
အီစွပ်ပုံပြင်
thin_green.gif
  • Hope is a waking dream.
မျှော်လင့်ချက်ဆိုတာ နိုးနေတုန်းမက်တဲ့ အိပ်မက်လိုပါပဲ။
အရစ္စတိုတယ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Happiness depends upon ourselves.
မိမိ၏ပျော်ရွှင်မှုကို မိမိသာလျှင် ဖန်တီးနိုင်သည်။
အရစ္စတိုတယ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • It is easy to be brave from a safe distance.
ပုဆိုးခြုံထဲက လက်သီးပုန်းပြ။
အီစွပ်ပုံပြင်
thin_green.gif
  • The smaller the mind the greater the conceit.
ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်သူသည် စိတ်ဓာတ် သေးသိမ်သူဖြစ်သည်။
အီစွပ်ပုံပြင်
thin_green.gif
  • To invent, you need a good imagination and a pile of Junk.
တီထွင်တတ်ရန်မှာ သင့်တွင် စိတ်ကူးစိတ်သန်းကောင်းနှင့် ပစ္စည်းပစ္စယ တစ်ပုံတစ်ပင်ရှိရန် လိုအပ်သည်။
သောမတ်စ် အေ အက်ဒီဆင်(တီထွင်မှုပညာရှင်)
thin_green.gif
  • Sentiment without action is the ruin of the soul.
လက်တွေ့မပါတဲ့ စိတ်ကူးယဉ်သက်သက်ဟာ လူကို ပျက်စီးစေပါတယ်။
အက်ဒွပ်အာဘေူး
(အခြေခံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပညာရှင်)
thin_green.gif
  • The more I want to get something done, the less I call it work.
အလိုကြီးလေ အရနည်းလေပါပဲ။
ရစ်ချတ်ဘက်ခ်ျ(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Everything comes to him who hustles while he waits.
စောင့်ဆိုင်းနေလျှင် သင့်ထံသို့ မည်သည့်အရာမျှ ရောက်လာမည်မဟုတ်။
သောမတ်စ် အေ အက်ဒီဆင်(တီထွင်မှုပညာရှင်)
thin_green.gif
  • I never did a day’s work in my life. It was all fun.
ကျွန်တော့်ဘ၀မှာ အလုပ်မလုပ်တဲ့နေ့ မရှိပါဘူး။ အလုပ်လုပ်နေတာဟာ အပျော်တွေ ရရှိနေခြင်းပါပဲ။
သောမတ်စ် အေ အက်ဒီဆင်(တီထွင်မှုပညာရှင်)
thin_green.gif
  • Opportunity is missed by most people because it is dressed in overalls and looks like work.
လူအများအပြားဟာ အခွင့်အရေးတွေ လွဲချော်နေကြတယ်။ အဲဒါဟာ အလုပ်ကို သေသေချာချာ ဇောက်ချမလုပ်ကိုင်ကြလို့ပဲ ဖြစ်တယ်။
သောမတ်စ် အေ အက်ဒီဆင်(တီထွင်မှုပညာရှင်)
thin_green.gif
  • United we stand, divided we fall.
နွားကွဲက ကျားဆွဲမည်။
အီစွပ်ပုံပြင်
thin_green.gif
  • While there’s life, there’s hope.
ဘ၀ရှိလျှင် မျှော်လင့်ချက်ရှိမည်ပင်။
စစ်စီရို(အီတလီစာရေးဆရာ)
thin_green.gif
  • To be loved, be lovable.
ချစ်ခင်မှုကို ခံယူနိုင်ရန်မှာ ချစ်စရာ ကောင်းဖို့လိုလေသည်။
အိုဗစ်(ကဗျာဆရာ)
thin_green.gif
  • The important thing is not to stop questioning.
အရေးကြီးတာကတော့ စဉ်ဆက်မပြတ် စူးစမ်းလေ့လာနေဖို့ပါပဲ။
အဲလ်ဘတ်အိုင်းစတိုင်း(ရူပဗေဒပညာရှင်)
thin_green.gif
  • A wise man will make more opportunities than he finds.
ပညာရှိသည် အခွင့်အလမ်းကောင်းမျးကို သူတေါ့မြင်သည်ထက် ပိုမိုဖန်တီးနိုင်လိမ့်မည်။
ဆာဖရန်စစ်ဘေကွန်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • It is a great thing to know our vices.
မကောင်းမှုကို မကောင်းမှုဟု ထိုးထွင်းသိမြင်ခြင်းသည် ကြီးမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည်။
စစ်စီရို(အီတလီစာရေးဆရာ)
thin_green.gif
  • The beginning is the most important part of the work.
အလုပ်ရဲ့ အရေးကြီးဆုံး အပိုင်းကတော့ အစပိုင်းပါပဲ။
ပလေတို(ဂရိအတွေးအခေါ်ပညာရှင်)
thin_green.gif
  • Never promise more than you can perform.
လုပ်နိုင်သည်ထက် ပို၍ ကတိမပေးပါနှင့်။
ပတ်ဘလီလီယပ်စ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Do not turn back when you are just at the goal.
ပန်းတိုင်ရောက်ခါနီး နောက်ပြန်မလှည့်ရာ။
ပတ်ဘလီလီယပ်စ်(အတွေးအခေါ်ပညာရှင်)
thin_green.gif
  • It is a great ability to be able to conceal one’s ability.
အရည်အချင်းကို သိုသိပ်နိုင်စွမ်းရှိခြင်းသည် ကြီးမြတ်သော အရည်အချင်းတစ်ရပ်ပင် ဖြစ်သည်။
ဖရန်ကိုအစ်ဒီလာရိုချီဖော်ကော့ဒ်(စိတ္တဗေဒပညာရှင်)
thin_green.gif
  • The only time people dislike gossip is when you gossip about them.
လူအများ အတင်းအဖျင်းကို မနှစ်သက်သော အချိန်မှာ သူတို့ ကိုယ်တိုင် အတင်း အပြောခံရချိန်ပင် ဖြစ်သည်။
ဝီလ်ရောဂျားစ်(ဟာသဆရာ)
thin_green.gif
  • I wasted time, and now doth time waste me.
ကျွန်ုပ် အချိန်ဖြုန်းခဲ့၍ ယခု ကျွန်ုပ်ကို အချိန်က ပြန်ဖြုန်းနေလေပြီ။
ဝီလျံရှိတ်စပီးယား(ပြဇာတ်ရေးဆရာနှင့် ကဗျာဆရာ)
thin_green.gif
  • They can conquer who believe they can.
အောင်စိတ်ရှိသူများသာ အောင်မြင်နိုင်သည်။
ဗီရ်ဂီလ်(အီတလီ ကဗျာဆရာ)
thin_green.gif
  • Doubt is not a pleasant condition, but certainly is absurd.
သံသယဟူသည် နှစ်လိုဖွယ်မဟုတ်။ သို့သော်လည်း သေချာသည်မှာ ဖြစ်နိုင်ခြေ နည်းခြင်းပင်။
ဗော်လ်တဲယား(ပြင်သစ် ကဗျာဆရာ)
thin_green.gif
  • Every man is guilty of all the good he didn’t do.
ကောင်းမှုမပြုခဲ့သူတိုင်း အပြစ်ကိုယ်စီရှိကြသည်ပင်။
ဗော်လ်တဲယား(ပြင်သစ် ကဗျာဆရာ)
thin_green.gif
  • Fortune favours the brave.
ရဲရင့်သူဘက်မှာ ကံကြမ္မာ။
ဗီရ်ဂီလ်(အီတလီ ကဗျာဆရာ)
thin_green.gif
  • Little by little, one travels far.
တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ။
ဂျေအာရ်အာရ်တိုကိန်း(အင်္ဂလိပ် စာရေးဆရာ)
thin_green.gif
  • Patience is a virtue.
စိတ်ရှည်ခြင်းသည် မင်္ဂလာတစ်ပါးပင်။
အီစွပ်ပုံပြင်
thin_green.gif
  • A faithful friend is the medicine of life.
သစ္စာရှိတဲ့ မိတ်ဆွေတစ်ယောက်ဟာ ဘ၀ရဲ့ ဆေးတစ်ပါးပါပဲ။
အီစွပ်ပုံပြင်
thin_green.gif
  • All we have to decide is what to do with the time that is given to us.
ပေးလာသေအချိန်ကို မည်သို့အကျိုးရှိအောင် အသုံးချမည်ဆိုသည်ကို အားလုံးဆုံးဖြတ်ရမည် ဖြစ်သည်။
ဂျေအာရ်အာရ်တိုကိန်း (အင်္ဂလိပ်စာရေးဆရာ)
thin_green.gif
  • Cowards are cruel.
သူရဲဘောကြောင်သူများသည် ရက်စက်တတ်ကြသည်။
အီစွပ်ပုံပြင်
thin_green.gif
  • Love see no fault.
ချစ်လျှင်အပြစ်မမြင်ကြပေ။
ဗီရ်ဂီလ် (အီတလီ ကဗျာဆရာ)
thin_green.gif
  • He who loves believes.
ချစ်သောသူသည် ယုံလွယ်၏။
ဆာဖရန်စစ်ဘေကွန် (အတွေးအခေါ်ပညာရှင်)
thin_green.gif
  • The less people think, the more they talk.
တွေးတောမြော်မြင်မှု နည်းလေလေ စကားပိုပြောလေလေ။
စစ်စီရို (အီတလီ စာရေးဆရာ)
thin_green.gif
  • Too much humility is pride.
အောက်ကျို့လွန်းခြင်းသည်ပင်လျှင် မာန်မာနရှိခြင်းပင်။
အီစွပ်ပုံပြင်
thin_green.gif
  • In high water the lotus blooms high.
ရေမြင့်က ကြာတင့်၏။
ဂျေအာရ်အာရ်တိုကိန်း (အင်္ဂလိပ် စာရေးဆရာ)
thin_green.gif
  • Measure is medicine.
တန်ဆေး လွန်ဘေး။
ဝီလ်ရောဂျားစ် (ဟာသဆရာ)
thin_green.gif
  • Barking of the dog cannot move the mountain.
ခွေးဟောင်၍ တောင်မရွေ့။
အီစွပ်ပုံပြင်
thin_green.gif
  • Whispered words are heard after.
တိုးတိုးပြောသော စကားများကို ဝေးဝေးမှ ကြားရတတ်သည်။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • Rumour is a great traveller.
ခြေအမြန်ဆုံး ခရီးသည်ဟာ ကောလဟာလပါပဲ။
အီစွပ်ပုံပြင်
thin_green.gif
  • No man is wise at all times.
ဘ၀တစ်လျှောက်လုံး မည်သူမျှ ပညာအမြော်အမြင် မရှိနိုင်။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • Sorrow comes, unsent for.
မခေါ်ဘဲ ရောက်လာတတ်သော ဧည့်သည်ကား ၀မ်းနည်းခြင်းပင် ဖြစ်သည်။
အီစွပ်ပုံပြင်
thin_green.gif
  • Time change and we with them.
အချိန်နှင့်အမျှ ကျွန်ုပ်တို့ ပြောင်းလဲနေကြသည်။
ဂျေအာရ်အာရ်တိုကိန်း (အင်္ဂလိပ် စာရေးဆရာ)
thin_green.gif
  • Love conquers all but hunger.
အချစ်သည် ဆာလောင်မွတ်သိပ်ခြင်းမှတစ်ပါး အရာရာကို ဖြည့်ဆည်းပေးနိုင်သည်။
ဝီလ်ရောဂျားစ် (ဟာသဆရာ)
thin_green.gif
  • He that spares his rod hates his son.
ကြိမ်မသုံးသူသည် သားကို မုန်းသူဖြစ်သည်။
ဂျေအာရ်အာရ်တိုကိန်း (အင်္ဂလိပ်စာရေးဆရာ)
thin_green.gif
  • Do one thing at a time.
တစ်ချိန်တွင် အလုပ်တစ်ခုသာ လုပ်ပါ။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • Anger has no eyes.
မျက်စိမရှိသောအရာကား ဒေါသပင်။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • Anger is a brief madness.
ဒေါသထွက်ခြင်းသည် ခေတ္တမျှ ရူးသွပ်သွားခြင်းပင် ဖြစ်သည်။
ဘာဖရန်စစ်ဘေကွန် (စာရေးဆရာနှင့် အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Beauty is a short-lived reign.
ခဏမျှသာ လွှမ်းမိုးနိုင်စွမ်းရှိသော အရာကား အလှအပပင် ဖြစ်သည်။
ပတ်ဘလီလီယပ်စ်ဆိုင်ရပ်စ် (အတွေးအခေါ်ပညာရှင်)
thin_green.gif
  • There is nothing permanent except change.
ပြောင်းလဲခြင်းဟူသော တရားမှတပါး အစဉ်တည်မြဲသော အရာဟူ၍ ဘာမျှမရှိ။
အရစ္စတိုတယ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • A cheerful wife is a gift of life.
ကြည်သာရွှင်ပျသော ဇနီးသည် ဘ၀၏လက်ဆောင်မွန် ဖြစ်သည်။
စစ်စီရို (အီတလီစာရေးဆရာ)
thin_green.gif
  • You cannot please everybody.
သင်သည် လူတိုင်းအပေါ် ကျေနပ်နှစ်သိမ့်စေနိုင်မည် မဟုတ်ပေ။
အရစ္စတိုတယ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • He that never climbed never fell.
ဘယ်တုန်းကမှ မတက်ခဲ့ဖူးသူဟာ ဘယ်တုန်းကမှလည်း မကျခဲ့ဖူးပါဘူး။
အရစ္စတိုတယ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • The bait hides the hook.
ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်။
စစ်စီရို (အီတလီစာရေးဆရာ)
thin_green.gif
  • East or west home is best.
ဘယ်မှာနေနေ မိမိအိမ်သည်သာ အကောင်းဆုံးနေရာ။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ် ပညာရှင်)
thin_green.gif
  • Living is an art.
အသက်ရှင်နေထိုင်ခြင်းသည် အတတ်ပညာတစ်ရပ် ဖြစ်သည်။
ဂျေအာရ်အာရ်တိုကိန်း (အင်္ဂလိပ်စာရေးဆရာ)
thin_green.gif
  • The more you love, the more you suffer.
ပိုချစ်လေလေ၊ ပိုခံစားရလေလေ။
ဆာဖရန်စစ်ဘေကွန် (အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Man is a social animal.
လူသည် ပေါင်းသင်းတတ်သော လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်။
စစ်ခီရိ (အီတလီ စာရေးဆရာ)
thin_green.gif
  • Beauty and brain not go together.
အလှနှင့် အသိဥာဏ် အတူယှဉ်တွဲ တွေ့ရခဲသည်။
အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ်ပညာရှင်)
thin_green.gif
  • All the world is a stage and we are players.
ကမ္ဘာကြီးတစ်ခုလုံးသည် ဇာတ်ခုံဖြစ်ပြီး ကျွန်ုပ်တို့သည် ဘ၀ဇာတ်ခုံတွင် ပါဝင်သရုပ်ဆောင် နေသူများဖြစ်ကြသည်။
စစ်ခီရိ (အီတလီ စာရေးဆရာ)
thin_green.gif
  • Look to the mind, not to the outward appearance.
လူတစ်ဦး၏ အပေါ်ယံအသွင်အပြင်ကို မကြည့်ပဲ အတွင်းစိတ်ကိုသာ ကြည့်ပါ။
အီစွတ် (ဂရိလူမျိုး ပုံပြင်ရေးဆရာ)
thin_green.gif
  • No man is happy who does not think himself so.
ကိုယ့်ကိုယ်ကို ပျော်ရွှင်သည်ဟု မထင်မှတ်သူမှန်သမျှ မပျော်ရွှင်ကြ။
မားကပ်စ်အူရီလီးယပ်စ်အန်တိုနီးယပ်စ်။
thin_green.gif
  • Absence makes the heart grow fonder.
ဝေးတသက်သက်။
သောမတ်စ်ဟေနီးစ်ဘေလီ (အင်္ဂလိပ်ပြဇာတ်နှင့် စာရေးဆရာ)
thin_green.gif
  • Think as men of action, act as men of thought.
လက်တွေ့သမားများကဲ့သို့ စဉ်းစားပြီး တွေးခေါ်သူများကဲ့သို့ လုပ်ဆောင်ပါ။
ဟင်နရီဘတ်ဂ်ျဆန် (ပြင်သစ်အတွေးအခေါ်ပညာရှင်)
thin_green.gif
  • Look twice before you leap.
ပွဲမ၀င်ခင် အပြင်က ကျင်းပ။
ချားလော့တီ ဘရွန်တီ(အင်္ဂလိပ်စာရေးဆရာ)
thin_green.gif
  • Self first in every cause.
နေရာတိုင်းတွင် အတ္တကို ရှေ့တန်းတင်တတ်သည်မှာ လူ၏ ဘဘာဝ ဖြစ်သည်။
သောမတ်စ်ချက်တာတန် (အင်္ဂလိပ် ကဗျာဆရာ)
thin_green.gif
  • The spoken voice perishes; the written word remains.
နှုတ်တစ်ရာ၊ စာတစ်လုံး။
ဝီလျံကက်စ်တန် (အင်္ဂလိပ်လူမျိုး ပုံနှိပ်ထုတ်ဝေရေးသမား)
thin_green.gif
  • Love’s a blind guide, and those that follow him too often lose their way.
အချစ်ဆိုသော မျက်မမြင်လမ်းပြနောက်မှ လိုက်ပါကြသူမှန်သမျှ ရံဖန်ရံခါ၌ လမ်းပျောက်တတ်ကြမြဲဖြစ်သည်။
ကိုလေးစစ်ဘာ (အင်္ဂလိပ်လူမျိုး ရုပ်ရှင်မင်းသားနှင့် စာရေးဆရာ)
thin_green.gif
  • There is a time of speaking and a time of being still.
စကားပြောသင့်သည့် အချိန်ရှိသကဲ့သို့ ရေငုံနှုတ်ပိတ်နေသင့်သည့် အချိန်လည်းရှိသည်။
ဝီလျံကက်စ်တန် (အင်္ဂလိပ်လူမျိုး ပုံနှိပ်ထုတ်ဝေရေးသမား)
thin_green.gif
  • Strong drink is not only the devil’s way into a man, but man’s way to the devil.
အရက်သေစာသောက်စားခြင်းသည် လူ့ခန္ဓာကိုယ်အတွင်းသို့ မကောင်းဆိုးရွား ၀င်ရောက်ခြင်းဖြစ်သကဲ့သို့ မကောင်းဆိုးရွား၏ ကိုယ်တွင်းသို့ လူက ၀င်ရောက်ခြင်းလည်း ဖြစ်သည်။
အဒမ်ကလာကီ (အင်္ဂလိပ်လူမျိုး ဘာသာရေးသမား)
thin_green.gif
  • It was not time to shut the stable when the horse be lost and gone.
မိုးလွန်မှ ထွန်ချ။
ဝီလျံကက်စ်တန် (အင်္ဂလိပ်လူမျိုး ပုံနှိပ်ထုတ်ဝေရေးသမား)
thin_green.gif
  • Say not always what you know, always know what you say.
မိမိသိသည်များကို အမြဲထုတ်ဖော် မပြောသင့်သော်လည်း မိမိပြောသည့် အကြောင်းအရာများနှင့် ပါတ်သက်၍မူ အမြဲသိရှိထားရမည်။
မားကပ်စ်အူရီလီယပ်စ်ကလော်ဒီးယပ်စ် (ရောမဧကရာဇ်)
thin_green.gif