Thursday, October 31, 2013

“ဗုဒ္ဓ၀ါဒနှင့်ပတ်သက်သော..အတွေးအခေါ်များ..”

(နှစ်မိနစ်ခန့်အချိန်ပေးပြီးဖတ်ရှုပေးပါရန်..)

၁။ မြွေဝင်၊ပျားစွဲခြင်းကြောင့်..ချမ်းသာတယ်လို့..ယူဆရင်......ဗြဟ္မဏ၀ါဒ။

    အလုပ်ကြိုးစားခြင်း..ကုသိုလ်..ရှိခြင်းကြောင့်.. ချမ်းသာတယ်လို့ယူဆရင်... ..ဗုဒ္ဓ၀ါဒ။

၂။ ဖွတ်တက်လို့၊ လင်းတနားလို့..ဆင်းရဲတယ်လို့..ယူဆရင်..ဗြဟ္မဏ၀ါဒ။

    အလုပ်မလုပ်လို့..နှစ်လုံး..သုံးလုံး..လောင်းကစားလုပ်လို့..အကုသိုလ်ရှိလို့.. ဆင်းရဲတယ်ယူဆရင်...
    ဗုဒ္ဓ၀ါဒ။

၃။ လက်ယပ်ခေါ်တဲ့အရုပ်လေးရှိလို့..ပုလင်းအစိမ်းထဲမှာ..နှင်းဆီပွင့်စိုက်လို့.. ပိုက်ဆံနဲ့ပုံဖော်ထားတဲ့..

    ဇီးကွက်ရုပ်..လာဘ်ခေါ်အဆောင်ရှိလို့...ဈေးရောင်းကောင်းတယ် ယူဆရင်..ဗြဟ္မဏ၀ါဒ
    ၀ီရိယ..ဥာဏ်ယှဉ်..စေတနာ..မေတ္တာထားပြီး..ဈေးရောင်းကောင်းတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၎။ ရက်ရာဇာက..ကောင်းကျိုးပေးပြီး..ပြဿဒါးက မကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ

    ကုသိုလ်က..ကောင်းကျိုးပေးပြီး..အကုသိုလ်က..မကောင်းကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၅။ စနေ၊တနင်္ဂနွေ..စတဲ့..ဂြိုဟ်တွေက..ကောင်းကျိုးပေးတယ် ယူဆရင်... ဗြဟ္မဏ၀ါဒ။ 

     ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆရင်..ဗုဒ္ဓ၀ါဒ။

၆။ ခရီးသွားတဲ့အခါ..နဂါးလှည့်သင့်မှု..မသင့်ကြောင့်..ကောင်းကျိုး..ဆိုးကျိုးပေးတယ်

    ယူဆရင်..ဗြဟ္မဏ၀ါဒ။ 
    ကုသိုလ်..အကုသိုလ်က..ကောင်းကျိုး..ဆိုးကျိုးပေးတယ် ယူဆမှ..ဗုဒ္ဓ၀ါဒ။

၇။  စုံဂဏန်း..မဂဏန်း(၁၃)ဂဏန်း၊ကိုးဂဏန်းတွေက..ကောင်းကျိုး..ဆိုးကျိုးပေးတယ်..ယူဆရင်...

     ဗြဟ္မဏ၀ါဒ။
     ကုသိုလ်..အကုသိုလ်..က..ကောင်းကျိုး..ဆိုးကျိုး..ပေးတယ်ယူဆမှ..ဗုဒ္ဓ၀ါဒ။

၈။ အလောင်း..ကိုင်တာချင်း..တူပါရက်..သုဘရာဇာကို အဝေးမှ ရှောင်ပြီး..ဆရာဝန်..ဖြစ်မဲ့သူကိုတော့..

     သမက်ဖမ်းခြင်းသည်..ဗြဟ္မဏ၀ါဒ..။ 
      အယူအဆွဲမရှိဘဲ..နှစ်ဦးလုံးကို..တန်းတူဆက်ဆံခြင်းသည်..ဗုဒ္ဓ၀ါဒ။

၉။  လူသေပြီး(၇)ရက်လည်မှ..အိမ်မှထွက်သွားသည်ဟု ယူဆလျှင်..ဗြဟ္မဏ၀ါဒ၊ 

     စုတိပြီး..နောင်ပဋိသန္ဓေဖြစ်သည်ဟု..ယူဆလျှင်..ဗုဒ္ဓ၀ါဒ။

ဆရာတော်...မေတ္တာရှင်-ရွှေပြည်သာ (ကာယကံမေတ္တာနှင့်ဓမ္မအမေးအဖြေများ)
 

ဓမ္မဒါန-
ကိုကျော်စိုးလင်း-စုစည်းတင်ပြသည်..။


Kyaw Soe Linnposted toTemi NP

No comments:

Post a Comment