Tuesday, October 8, 2013

ရွေးချယ်ခွင့်

ပါတီတိုင်းမှာ
နာဇီရိုင်းတွေ
နာရီတိုင်း
ဘာမထီ‘ဆိုင်း’ နဲ့
အသာတကြည် မှိုင်းတိုက်နိုင်တာမို့
‘ဗလာချီ’သမိုင်းဆိုက်နိုင်တာမို့
ပြေးပေါက်ကြိုရှာ အတင်းသွားရင်း
အတွေးလျှောက်ပိုကာ စဉ်းစားမိတယ်။

“ရွေးကောက်ပွဲ ဆိုတာ

သေဒဏ်ကျပြီးသား လူတယောက်ကို

လျှပ်စစ်ကုလားထိုင် နဲ့ ကြိုးမိန့်

တခုခု ရွေးခိုင်းနေသလိုပဲ”။



ကောင်းကင်ကို
ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၆) ထဲကပါ။  

No comments:

Post a Comment