Monday, November 25, 2013

လာပြန်ပြီ ! ကိုမိုးဟိန်း (သူရိယနေ၀န်း) ၊ ကိုတေဇ နှင့် ကိုအောင်ကိုဝင်း (MAI , Air KBZ , KBZ Bank) တို့ကို စိန်ခေါ်တယ်တဲ့......


ဒီရက်ပိုင်း Facebook တခွင်မှာ ဒီလူသုံးယောက်သတင်း တော်တော်လေး ၀က်ဝက်ကွဲနေပါတယ်..

ကိုတေဇနှင့် ကိုမိုးဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ တက်ရောက်ခွင့် အတူတူ ရရှိခဲ့သူများ ဖြစ်သည်။ အခုတော့ ကိုမိုးဟိန်းက အမေရိကန်မှ မြန်မာပြည်ပြန်လာပြီး 
ကိုတေဇအား အရောင်တင်ပေးနေလေရဲ့.. ကိုတေဇကလည်း ကိုမိုးဟိန်းကို
ပေါင်ချိန်တွေဆီခေါ်သွားပြီး အရောင်ပြန်တင်ပေးမည်ဟု တရားဝင်ကြေငြာထားသည်.. 
 ပြီးခဲ့သည့် ရက်ပိုင်းက လမ်းဘေးမှာ ဝေနေသော စာတွေအရ ဦးအောင်ကိုဝင်းက ကိုမိုးဟိန်းကို ပိုက်ဆံထုတ်ပေးပြီး ပြိုင်ဘက် ခရိုနီတွေကို ဆော်ပလော်တီးခိုင်းထားသည်တဲ့.. ။

လက်ရှိဦးတေဇ၏ ရုံး အမှတ် ၅ ပြည်လမ်းတွင် တချိန်က ဦးတေဇ ၊ ဦးအောင်ကိုဝင်း ၊
ဦးအောင်သက်မန်း ၊ ဦးလုလု (ခ) ဦးဇော်မင်း တို့အတူတကွ တစ်ရုံးထဲထိုင်ပြီး
 မြန်မာဘီလီယံဂရုပ် (MBG) ဆိုသော ကုမ္မဏီတစ်ခု ထူထောင်၍ အတူတကွ လုပ်ကိုင် ခဲ့ကြသူများဖြစ်ပါသည်.။


စစ်အစိုးရလက်ထက်တွင် ဦးတေဇရော ဦးအောင်ကိုဝင်းပါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အနီးကပ်လူများဟု လူသိများခဲ့သည်။ ခင်ဗျားတို့ အချင်းချင်း ဘာအညိုးအတေးတွေနဲ့ 
ချနေကြသလဲတော့ ကျုပ်မသိပါ။

ခင်ဗျားတို့ အားလုံးကို ကျုပ်စိန်ခေါ်ချင်ပါတယ်.. 
(၁) ခင်ဗျားတို့ အခု ချမ်းသာနေသော ငွေကြေးဥစ္စာတွေ ဘယ်လိုရခဲ့သလဲ ဆိုတာ ပြည်သူကို
      ချပြရဲပါလား .. (ကိုတေဇကတော့ သစ်ခုတ်တာပါတဲ့ ဘာများကျန်ပါသေးလဲ။
      ဦးအောင်ကိုဝင်း MAI , Air KBZ , KBZ Bank တို့ကို ဘယ်ကရသော ပိုက်ဆံတွေနဲ့
     တည်ထောင်ခဲ့ပါသလဲ။ ကိုမိုးဟိန်း ကုန်ကျစရိတ်များပြီး ရှုံးနေသော ဂျာနယ်လုပ်ငန်းအတွက်
     ဘယ်က ပိုက်ဆံတွေနဲ့ လုပ်နေပါလဲ..)

(၂) လက်ရှိ အုပ်ချုပ်နေသော ( အစိုးရ၊ လွှတ်တော် ၊ တပ်) ၊ နောင် အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့
      အတိုက်အခံ ဒီအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ အမှားတွေကို အမုန်းခံပြီး ဝေဖန်ထောက်ပြရဲပါသလား။

(၃) တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ်လိုအပ်နေတဲ့ အရာတွေထဲက တစ်ခုခုကို
     ပြည်သူတွေအတွက် လုပ်ပေးဖို့ ခင်ဗျားတို့မှာ အစီအစဉ် ရှိလား။
    (စစ်အစိုးရလက်ထက် လူကြီးတွေကြောက်လို့ ဟိုလှူရ ဒီလှူရ လုပ်ရတာတွေ၊ သူတပါးအကြောင်း
    အားမနာပ ရေးတာတွေကိုတော့ ပြည်သူအတွက်လုပ်တယ်လို့ မပြောပါနဲ့)

ခင်ဗျားတို့ တကယ်လုပ်ရဲရင် .. ကျုပ်လာပြီး ထိုင်ကတော့မယ်ဗျာ..

ငြိမ်းမောင် 

No comments:

Post a Comment