Monday, November 11, 2013

ကိုလက်စထရောကျစေတဲ့ အစားအစာ (၁၂)မျိုး

ကိုလက်စထရောဆိုတာ…… သွေးထဲမှာစီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကို ကောင်း ကျိုးပြုတဲ့ HDL ကိုလက်စထရောနဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရော ဆိုပြီးရှိကြပါတယ်။ ပမာဏများရင် ခန္ဓာကိုယ် တည်ဆောက်ရာမှာသာမက သွေးကြောတွေကိုပါ အနည်ကျပိတ်ဆို့  စေပါတော့
တယ်။ အထူးသဖြင့် နှလုံးသွေးလွှတ်ကြောတွေကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေတာကြောင့် “နှလုံးရောဂါအစ၊ ကိုလက်စထရောက” လို့  ဆိုနိုင်ပါတယ်။

ကိုလက်စထရော တက်စေတဲ့အကြောင်းရင်းများ
***********************************
 (၁) သွေးဆုံးပြီး အမျိုးသမီးများ (၂) မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရောများတဲ့ ရာဇဝင်ရှိသူများ (၃) အဆီအစိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူများ (၄) အ၀လွန်သူများ (၅) ဆေးလိပ်သောက်လွန်း သူများ…. မှာ ကိုလက်စထရောတွေ တက်လာကြပါတယ်။

ကိုလက်စထရောကျစေတဲ့အစားအစာများ 
******************************
 ကမ္ဘာနဲ့ အ၀ှမ်း ကိုလက်စထရောမြင့်မားမှုကြောင့် လူကြီး-လူရွယ်မရွေး နှလုံးရောဂါဝေဒနာ ခံစားလာ ကြရာ၊ မိမိကိုယ်ကို ကျန်းမာရေးအသိဖြင့် အောက်ပါ အစားအစာတွေနဲ့ ထိန်းသင့်ပါတယ်။


(၁) ကွေကာ အုတ်ထဲမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ နဲ့  သဘာဝ beta-glucol ဓာတ်တွေပါရှိကြပြီး၊ ထိုဓာတ်တွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကိုစုပ်ယူပြီး ခန္ဓာကိုယ်ကနေ ပြန်လည်စွန့် ထုတ်ပေးတာကြောင့် နံက်စာအာဟာရ အဖြစ် ကွေကာအုတ်ကို စားပေးသင့်ပါတယ်။


(၂) အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့ “၀ိုင်နီ” တွေက သွေးအတွင်းမှ မလိုလားအပ်တဲ့ အဆီများကို ဖယ်ရှား ပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချစေပြီး နှလုံးအဆို့ရှင်များ ပွင့်လာစေ
ပါတယ်။ နှလုံးသွေးကြော ပိတ်ဆို့ ခြင်း ကြောင့်ဖြစ်ပ်ါစေတတ်သော နှလုံးရောဂါအမျိုးမျိုး၊ လေသင်တုန်း
ဖြတ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် စပ်ဆက်တဲ့ နှလုံးယိုယွင်းမှုတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။


(၃) ငါးသလောက်ယောက္ဖ၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါး၊ ပင်လယ်ငါးပြားကြီး စတဲ့ ပင်လယ်ငါးအမျိုးမျိုးတို့ မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါရှိနေတာကြောင့် ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့ HDL ကိုလက်စထရောကို မြှင့်ပေးပြီး၊ မကောင်းတဲ့ LDLကိုလက်စထရောကို လျော့ချပေးပါတယ်။ ဒါ့ပြင် အဲဒီ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက နှလုံးရောဂါနဲ့  ဦးနှောက်ဇရာ အကြိုရောဂါတို့ ကို ကာကွယ်ပေးပါ
တယ်။


(၄) သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေမှာ polyunsaturated(ခေါ်)သွေးထဲမှာ ကိုလက်စထရောတွေ မစုဝေးနိုင် အောင် ပြုပြင်ပေးတဲ့ သဘာဝဓာတုဓာတ်တစ်မျိုးပါရှိနေတာမို့ ၊ ကိုလက်စထရောကျစေတဲ့ အကောင်းဆုံးအစားအစာများ ဖြစ်ကြပါတယ်။ (သို့ သော် တန်ဆေး လွန်ဘေး
ဖြစ်တတ်တာမို့  အစေ့အဆန်တွေကို တနေ့ လျှင် မိမိလက်တစ်ဆုပ်စာ ပမာဏထက် ပို၍ မစားသင့်ပါဘူး) 


(၅) ပဲတောင့်ရှည်(ခေါ်)ပဲသီး၊ ဗိုလ်စားပဲ စတဲ့ အစိမ်းရောင်ပဲအမျိုးမျိုးတွေက အမျှင်ဓာတ်များပြီး၊ ပရိုတင်းဓာတ်အပြည့်အ၀ ပါရှိကာ အဆီပါဝင်မှုလွန်စွာနဲပါးတာကြောင့် နှလုံးရောဂါရှိသူတွေအတွက် ထိုအစိမ်းရောင်ပဲသီးတို့က အကောင်းဆုံး အိမ်တွင်း သမားတော်များပါဘဲ။ အာရီဇိုးနားတက္ကသိုလ်မှ ဆေး
သုတေသီတွေရဲ့လေ့လာစမ်းစစ်မျက်များအရ၊ နေ့ စဉ် အစိမ်းရောင်ပဲသီး ၁-ခွက်စာပမာဏ ပုံမှန်စားသုံးသူ
မှာ သွေးထဲရှိ ကိုလက်စထရော ၈% အထိ ကျဆင်းသွားစေကြောင်း၊ ခန္ဓာကိုယ်မှ ကိုလက် စထရောစုပ်ယူ
မှုကို နှေးကွေးလာအောင်ကူညီပေးကြောင်း၊ အခြားသော ပဲမျိုးနွယ်ဝင်များဖြစ်ကြတဲ့ ပဲကတ္တီပါနဲ့ ပဲထောပတ်များကလည်း ကိုလက်စထရောကျစေတဲ့ အစားအစာများဖြစ်ကြောင်း အကြံပြု ထားပါတယ်။


(၆) လ္ဘက်စိမ်းရွက် (လ္ဘက်ရည်ကြမ်း) တစ်နေ့ တစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ အဆီများကို လျှော့ချပေးတာ ကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို အလိုလိုနှိမ်နင်းရာရောက်ပါ
တယ်။ ဒါ့ပြင် ကင်ဆာရောဂါတော်တော်မျာများကို ကာကွယ်ပေးရုံသာကမ၊ အရွယ်တင်နုပျိုလာစေပါ
တယ်။ 


(၇) အညိုရောင်ချောကလက်ထဲမှာပါတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေက သွေးထဲရှိ ကောင်းတဲ့ကိုလက်
စထရောတွေကို တိုးပွား စေနိုင်လို့ ကျား-မ အရွယ် (၃)ပါးမရွေး ချောကလက်ဖျော်ရည်ပူပူလေး သောက်
ပေးသင့်ပါတယ်။


(၈) ထောပတ်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာမှန်သော်လဲ၊ “မာဂျရင်း” ကတော့ အပင်ကရတဲ့ ဘသာဝဆေး ဘက်ဝင် စတီရောနဲ့ပြုလုပ်ထားတာကြောင့် သွေးထဲရှိ ကိုလက်စထရောကို ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့ပါးသွားစေပါတယ်။


(၉) ဟင်းနုနယ်ရွက်တွေက သွေးတွင်းကိုလက်စထရောကျစေတဲ့ အကောင်းဆုံးသဘာဝ အစိမ်း ရောင်
ဟင်းသီးဟင်းရွက် ဖြစ် ပါတယ်။ ၄င်းထဲမှာပါရှိတဲ့ လူတိန်းဓာတ်က သွေးလွှတ်ကြောနံရံမှာ ကိုလက်စ ထရောတွေစုပြုံနေတာကို ကာကွယ်ပေး နိုင်ပါ တယ်။ ဒါ့ပြင် ဇရာကြောင့်ဖြစ်တတ်တဲ့ မျက်ကြည် လွှာပျက်စီးမှုကို တားဆီးပေးနိုင်လို့  အရွယ် ၃-ပါးမရွေး စားသုံးသင့်ပါတယ်။


(၁၀) ထောပတ်သီးထဲမှာ နှလုံးကျန်းမာစေတဲ့ သဘာဝ မပြည့်ဝဆီတွေ အလုံအလောက်ပါရှိနေပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်မှ ကိုလက်စထရော စုပ်ယူမှုကိုပါ လျော့နည်း အောင် ပံ့ပိုးပေးတာမို့  ထောပတ်သီး မကြာခဏစားပေးပါ။ (ချေဖျက်လွယ်တဲ့ အမျှင်ဓာတ်များပါရှိသော အသီးအနှံများဖြစ်ကြတဲ့ ပန်းသီး၊ သစ်တော်သီး၊ စပျစ်၊ စတော်ဘယ်ရီ၊ လိမ္မော်၊ ဂရိတ်ဖရုသီးများကလဲ ကိုလက်စထရောချပေးတဲ့ သစ်သီးလေးတွေပါဘဲ) 


(၁၁) ကြက်သွန်ဖြူက သွေးထဲက ကိုလက်စထရောတွေကို ချပေးတဲ့ အကောင်းဆုံး စားဖိုဆောင်သမား
တော်ပါဘဲ။ ၄င်းက သွေး ကြောနံရံတွေမှာ သွေးခဲပိတ်ဆို့ အနည်ကျခြင်းကို ကာကွယ်ပေးတာကြောင့် နှ
လုံးသွေးကြောကျဉ်းရောဂါ မဖြစ်စေတော့ပါဘူး။ ဒါ့ပြင် သွေးပေါင်ကျခြင်းနဲ့ ပြင်ပကူးစက်ရောဂါပိုးတွေ အလွယ်တကူဝင်မလာနိုင်အောင် တိုက်ထုတ်ပေးတာကြောင့် တစ်နေ့ကို ကြက်သွန်ဖြူ အနည်းဆုံး နှစ်မြွှာ
ကနေ လေးမွှာအထိ စားပေးပါ။ (သို့ သော် တစ်နေ့ ကို လေးမွှာထက် ပိုမစားသင့်ပေ) 


(၁၂) သံလွင်ဆီထဲမှာ ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ မပြည့်ဝဆီတွေကြွယ်ဝစွာပါရှိနေတာကြောင့် သွေး
တွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးပါတယ်။ သံလွင်ဆီက နှလုံးကိုကျန်းမာစေတဲ့
အပြင် ဝမ်းဗိုက်ကအဆီတွေကိုပါ ချပေးနိုင်ပါတယ်။

ကိုလက်စထရောတက်သူများ ရှောင်ရှားသင့်တဲ့အစားအစာများ
***************************************
(၁) အနီရောင်အသားတွေထဲမှာ ပြည့်ဝဆီတွေပါနေလို့  အသားလျော့စားပါ 
(၂) အဆီပါတဲ့ နွားနို့ တွေက မကောင်းတဲ့ LDL ကိုလက်စထရောကို အလွန်အမင်းမြင့်တက်စေတာကြောင့်
      အဆီမပါတဲ့ နို့ ၊ ဒိန်ချဉ်တွေကိုသောက်ပါ
(၃) ထောပတ် မစားပါနဲ့ 
(၄) ကြက်ကြော်တွေက ကိုလက်စထရောတက်စေလို့ ၊ ကြက်ကြော် စားသုံးမယ့်အစား ကြက်ကင် စားပေး
     ပါ။

10-11-2103 နေ့ ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment