Saturday, December 21, 2013

တက္ကသိုလ်

ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ
ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာ

မျှော်နေခဲ့ပြီး ရောက်သွားတော့မှ
မလှပခဲ့တဲ့ အိပ်မက်လေး

ရယ်သံတွေက လွှမ်းလိုက်
ကျည်ဆံတွေက ကြမ်းလိုက်
ဖွင့်လိုက်၊ ပိတ်လိုက်….
နိုးလိုက်၊ အိပ်လိုက်နဲ့.....

အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်

သြော်
နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ
မှန်းဆလို့  ချစ်နေချင်သေးတယ်။

ကောင်းကင်ကို

No comments:

Post a Comment