Sunday, December 1, 2013

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ကချင်ရိုးရာဝတ်စုံနှင့် စောင်းတီးခတ်ဖျော်ဖြေမည်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် 53th Miss International Beauty Pageant 2013 ပြိုင်ပွဲတွင်
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အဖြစ် ဂုဏ်ရည်အေးကျော်က ၀င်ပြိုင် မည်ဖြစ်သည်။ ၎င်းသည် Miss International စင်မြင့်ထက်တွင် ကချင်ရိုးရာဝတ်စုံ ၀တ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ ရိုးရာတူရိယာဖြစ်
သော စောင်းကို တီးခတ်ဖျော်ဖြေပြသမှုများ ပြုလုပ် သွားရန်ရှိကြောင်း သိရသည်။ ထို ပြိုင်ပွဲတွင် ယှဉ်ပြိုင်
မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ စာနယ်ဇင်း
ရှင်းလင်းပွဲပြုလုပ်စဉ် အချိန်တိုအတွင်း ပရိသတ်အတွက် မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက် ပါသည်။

 မေး။ ဒြီပိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင် မှုတွေ လုပ်ထားပါသလဲ။

 ဖြေ။ လိုအပ်တဲ့ပြင်ဆင်လေ့ကျင့်မှု တွေတော့ အများကြီးပြုလုပ်ထားပါ တယ်။ ဆရာမတွေကလည်း အနီးကပ် လေ့ကျင့်မှုတွေပြုလုပ်ပေးကြပါတယ်။ avhusihfrIawGjyKvkyfay;Muygw,f/ Miss Myanmar International Local ပြိုင်ပွဲမှာကတည်းက အတွေ့ အကြုံတွေရယ်၊ စင်ပေါ်မှာ မေးခွန်း တိုင်းကို အောင်
အောင်မြင်မြင် ဖြေဆို နိုင်ခဲ့တာတွေရယ်၊ အကောင်းဆုံး Performance တွေ ပြနိုင်ခဲ့တယ်။ အဲဒီလိုအတွေ့အကြုံတွေ၊ လေ့ကျင့်မှု တွေ အကုန်လုံးစင်ပေါ်မှာ အသုံးချ ကြိုးစားသွားမှာပါ။
 
 မေး။ ဘာကြောင့် ကချင်ရိုးရာဝတ်စုံ ၀တ်ဖို့ စီစဉ်ရတာပါလဲ။
 
 ဖြေ။ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီး တော့ အခုလို စီစဉ်တာလည်းပါပါ တယ်။

 မေး။ ဒြီပိုင်ပွဲြွဲပိုင်ြဖစ်ရတဲ့ အကြောင်းရင်းကို ပြောပြပါ။

 ဖြေ။ ခုနက ဆရာမ ဒေါ်တင်မိုးလွင် ပြောသလို မြန်မာအမျိုးသမီးတွေဟာ အသားအရေ ကြည်လင်
တောက်ပြောင် ကောင်းမွန်တယ်။ ကမ္ဘာ့အလယ်မှာ ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်တယ်ဆိုတာ မျိုးလည်း ပါတာပေါ့။ အရင်က ဓာတ်ပုံတွေ ဗွီစီဒီတွေရိုက်ခဲ့တယ်။ အနုပညာလမ်းကြောင်းပေါ်မှာရှိခဲ့ပါ တယ်။ အဲဒီလမ်းကြောင်းပေါ်မှာ အောင်မြင်ချင်တဲ့အတွက်လည်း ပါတာ ပေါ့။ နိုင်ငံကိုယ်စားပြုပြီးပြိုင်ရမှာ ဖြစ်လို့ အများကြီးကြိုးစားယှဉ်ပြိုင်သွား မှာပါ။
မေး။ ဂျပန်အတွေ့အကြုံက အခုမုမှ ရှိတာလား၊ အရင်ကရောရှိခဲ့ဖူးလား။

 ဖြေ။ ဂုဏ်ရည်ရဲ့အစ်မက ဂျပန် မှာရှိတော့ မိသားစုလိုက်ရောက်ဖူး တယ်။ ဂျပန်စကားပြောလည်း နည်းနည်းသင်ထားတယ်။ ပြိုင်ပွဲပြုလုပ် တဲ့ရည်ရွယ်ချက်ကိုက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပျံ့နှံ့စေချင်
တာမျိုး ပါတယ်လို့ သုံးသပ်မိတာကြောင့် ကြိုတင်ပြီးတော့ သူတို့ရဲ့ယဉ်ကျေးမှုကို လေ့လာထားတာတွေ
ရှိတယ်။

 မေး။ စောင်းတီးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးပြောပြပါဦး။
 
ဖြေ။ စောင်းတီးခတ်မှာက မြန်မာ သံစဉ်နဲ့ ဂျပန်သံစဉ်တို့ကို တီးခတ် မယ်။ မြန်မာသီချင်းအဖွင့်နဲ့ အပိတ် ကြားမှာ ဂျပန်သံစဉ်တီးခတ်မှာဖြစ်ပါ တယ်။

 မေး။ ပရိသတ်ကို ဘာများပြောချင် ပါသလဲ။

 ဖြေ။ ဂုဏ်ရည်ကို အားပေးမယ့် ပရိသတ်တွေအနေနဲ့ တရားဝင်မဲပေး လို့ရနေပါပြီ။ facebook Link တွေ
jဖစ်တဲ့ “Gonyiayekyaw”ကနေ လည်း မဲပေးနိုင်ပါတယ်။ Facebook ပေါ်က Page  တွေ၊ Fun တွေကနေ လည်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ၊ မဲပေးဖို့ Link တွေ Share ပေးထားပါ တယ်။ အားပေးကြပါလို့ ပြောချင်ပါ တယ်။
 
ထို ပြိုင်ပွဲသည် ၁၉၆၀ ပြည့်နှစ်ကတည်းက ကျင်းပခြင်းဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်တွင် (၅၃) ကြိမ်မြောက်
အဖြစ် ကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းအနက်မှ မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် မည့် အလှမယ် ဂုဏ်ရည်အေးကျော်သည် ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ပျံသန်းမည့်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး စခန်းသွင်း လေ့ကျင့်ခြင်းတို့အပြင် ဒီဇင်ဘာ ၁၇ ရက်တွင် ပြိုင်ပွဲကြီး
ပြုလုပ်၍ ဒီဇင်ဘာ ၂၃၊ ၂၄ ရက် ခန့်တွင် ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားသည်။ 
 
၎င်းသည် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျင်းပ သည့် Miss Myanmar International 2013ဆုကို ရရှိထားသူ
လည်းဖြစ် ကြောင်း သိရသည်။ 

ထက်ခိုင်(စမ်းချောင်း) 
 JACBA

No comments:

Post a Comment