Sunday, January 12, 2014

သီချင်းစောင်းစောင်း သီချင်းထောင်း

တေးရေး/တေးဆို။ ။နတ်ခမ်းလိတ်နှင့်C A H P
တေးဂီတ။ ။စောင်းထောင်း
ဟာမိုနီ။ ။စောင်းထောင်းအဖွဲ့
 
======================================
(စိုင်းထီးစိုင် .. "သဘာဝရဲ့ ရင်သွေးငယ်တွေ" သံစဉ်အတိုင်းသီဆိုရန်)
======================================

ရန်ကုန်နဲ့  ဝေးဝေး ဝေးတဲ့ နယ်မြေ
နေပြည်တော်သွားပီး ဆောက်ကြမယ်လေ
တသက်လုံးပုန်းအောင်းဘို့  နေရာကိုရှာဖွေ
ဖွတ်ကြားတို့  ကြပ်ပြေးနယ်မြေ ..............


ဗမာပြည်မှာ သူခိုးသူဝှက် အပေါဆုံးနယ်မြေ
လူလိမ်တွေအများဆုံး ရှိတဲ့ နယ်မြေ
ကလိမ်ကကျစ်တို့  အများဆုံး နေထိုင်ရာနယ်မြေ
ဖွတ်ကြားတို့  ကြပ်ပြေးနယ်မြေ
ဖွတ်ကြားတို့  ကြပ်ပြေးနယ်မြေ ..................

..............................
.........................................

လိုချင်တာအားလုံး ခိုးယူနေ
အာဏာကိုလဲ အလွဲသုံးစားနေ
တိုင်ပင်ညှိနှိုင်းပီး ခိုးကာလေ
နိုင်ငံတော်ဘဏ္ဍာတောင် ခိုးလို့ နေ သူခိုးကြီးများ စုကာနေ......

နေပြည်တော်လို့ တော့  ဆိုင်းဘုတ်တင်နေ
နေခြင်စရာတစက်မှ မရှိတဲ့ နယ်မြေ
ဂူအောင်းပီး မီးတုတ် ကိုင်ကာနေထိုင်နေ
ဖွတ်ကြားတို့  ကြပ်ပြေးနယ်မြေ
ဖွတ်ကြားတို့  ကြပ်ပြေးနယ်မြေ


Credit Photo to C A H P

No comments:

Post a Comment