Sunday, February 16, 2014

မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး

မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး
~~~~~~~~~~~~~~~~~~~~~~~~~
( နပ္ပိယသုတ် ၊ အင်္ဂုတ္တရနိကာယ် ၊ ဒသနိပါတ် ဆယ်ပါးစုတရားများအပိုင်း မှ )

၈၇။ ဗုဒ္ဓမြတ်စွာဘုရားသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဟောကြားတော်မူသည်။

(၁) အဓိကရုဏ်းဖြစ်အောင်လုပ်တတ်၍ အဓိကရုဏ်းငြိမ်းအေးခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊

(၂) အကျင့်သိက္ခာကို မလိုလားသူဖြစ်၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၃) ယုတ်မာသောအလိုရှိသူဖြစ်၍ ယုတ်မာသောအလိုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့ မရှိခြင်း၊

(၄) အမျက်ဒေါသကြီးသူဖြစ်၍ အမျက်ဒေါသ ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း

(၅) သူ့ကျေးဇူးကို ချေဖျက်တတ်သူဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်ခြင်းကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၆) ကောက်ကျစ်စဉ်းလဲသူဖြစ်၍ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းမှု မရှိခြင်း၊

(၇) လှည့်စားတတ်သူဖြစ်၍ လှည့်စားမှု မာယာ ကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၈) တရားသဘောကို စူးစမ်းဆင်ခြင်လေ့ မရှိသူဖြစ်၍ တရားသဘောကို စူးစမ်းဆင်ခြင်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၉) တစ်ပါးတည်းကိန်းအောင်းလေ့ မရှိသူဖြစ်၍ တစ်ပါးတည်းကိန်အောင်းခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၁၀) သီတင်းသုံးဖော်တို့အား အစေ့အစပ် ( လောကဝတ် ) မပြုတတ်သူဖြစ်၍ အစေ့အစပ်ပြုခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊

ဟူသောတရားဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို မဖြစ်စေကုန်။ ရဟန်းပြုခြင်း၏အကျိုးနှင့် ပေါင်းစည်းညီညွတ်မှုကို မဖြစ်စေကုန်။

ဥပမာ- မြင်းရိုင်းတစ်ကောင်အား ( ငါ့အား အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း လူတို့သည် သူလိုလားတောင့်တသည့်အတိုင်း ပြုလုပ်မြည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် မြင်းကြမ်း၌ မစွန့်ပယ်ရသေးသည့် ကောက်ကျစ်စဉ်းလဲမှုများ ရှိနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။

ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်လုပ်တတ်ခြင်းစသော အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း သီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ မပယ်ရသေးပဲရှိနေသည်ကို တွေ့မြင်ရသောကြောင့်ဖြစ်ပေသည်။

အဓိကရုဏ်းဖြစ်အောင် မလုပ်တတ်ပဲ အဓိကရုဏ်း ငြိမ်းအေးခြင်းကို ချီးမွမ်းလေ့ရှိခြင်း၊ အကျင့်သိက္ခာကို လိုလား၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း၊ အလိုနည်းသူဖြစ်၍ အလိုဆိုးကိုဖျောက်ပယ်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း စသောတရား ဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို ဖြစ်စေကုန်၏။

ဥပမာ- အမျိုးကောင်းသော အာဇာနည်မြင်းက ( ငါ့အားလူတွေက အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း မဖြစ်သော်ငြားလည်း လူတို့သည် ထိုမြင်းကို အာဇာနည်မြင်းအရာ၌ထား၍ ကျွေးမွေးပြုစုမြည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုမြင်း၌ ကောက်ကျစ်စဉ်းလဲမှုများပယ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။

ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်မလုပ်တတ်ပဲအဓိကရုဏ်းငြိမ်းအေးခြင်းကို၏ ဂုဏ်ကိုချီးမွမ်းလေ့ရှိခြင်းစသော တရားဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်းမ ဖြစ်ငြားသော်လည်း ဥာဏ်ပညာရှိသောသီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ ပယ်အပ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်ဟု- ဟောကြားတော်မူခဲ့ပါသည်။
 

မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး

~~~~~~~~~~~~~~~~~~~~~~~~~
( နပ္ပိယသုတ် ၊ အင်္ဂုတ္တရနိကာယ် ၊ ဒသနိပါတ် ဆယ်ပါးစုတရားများအပိုင်းမှ )

၈၇။ ဗုဒ္ဓမြတ်စွာဘုရားသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို
      အကြောင်းပြု၍ အောက်ပါအတိုင်း ဟောကြားတော်မူသည်။

(၁) အဓိကရုဏ်းဖြစ်အောင်လုပ်တတ်၍ အဓိကရုဏ်းငြိမ်းအေးခြင်းကို
     ချီးမွမ်းလေ့မရြှိခင်း၊

(၂) အကျင့်သိက္ခာကို မလိုလားသူဖြစ်၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊

(၃) ယုတ်မာသောအလိုရှိသူဖြစ်၍ ယုတ်မာသောအလိုကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းလေ့ မရှိခြင်း၊

(၄) အမျက်ဒေါသကြီးသူဖြစ်၍ အမျက်ဒေါသ ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၅) သူ့ကျေးဇူးကို ချေဖျက်တတ်သူဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်ခြင်းကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊

(၆) ကောက်ကျစ်စဉ်းလဲသူဖြစ်၍ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်းကို
     ချီးမွမ်းမှု မရှိခြင်း၊

(၇) လှည့်စားတတ်သူဖြစ်၍ လှည့်စားမှု မာယာ ကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၈) တရားသဘောကို စူးစမ်းဆင်ခြင်လေ့ မရှိသူဖြစ်၍ တရားသဘောကို
     စူးစမ်းဆင်ခြင်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊

(၉) တစ်ပါးတည်းကိန်းအောင်းလေ့ မရှိသူဖြစ်၍ တစ်ပါးတည်းကိန်အောင်းခြင်းကို
     ချီးမွမ်းလေ့မရှိခြင်း၊

(၁၀) သီတင်းသုံးဖော်တို့အား အစေ့အစပ် ( လောကဝတ် ) မပြုတတ်သူဖြစ်၍
        အစေ့အစပ်ပြုခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊

ဟူသောတရားဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို မဖြစ်စေကုန်။ ရဟန်းပြုခြင်း၏အကျိုးနှင့် ပေါင်းစည်းညီညွတ်မှုကို မဖြစ်စေကုန်။

ဥပမာ- မြင်းရိုင်းတစ်ကောင်အား ( ငါ့အား အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း လူတို့သည် သူလိုလားတောင့်တသည့်အတိုင်း ပြုလုပ်ကြမည်မဟုတ်။
အဘယ့်ကြောင့်ဆိုသော် မြင်းကြမ်း၌ မစွန့်ပယ်ရသေးသည့် ကောက်ကျစ်စဉ်းလဲမှုများ ရှိနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။

ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်လုပ်တတ်ခြင်းစသော အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း ဖြစ်ငြားသော်လည်း သီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်မဟုတ်။ 
အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ အကုသိုလ်တရားဆိုးများ မပယ်ရသေးပဲရှိနေသည်ကို တွေ့မြင်ရသောကြောင့်ဖြစ်ပေသည်။

အဓိကရုဏ်းဖြစ်အောင် မလုပ်တတ်ပဲ အဓိကရုဏ်း ငြိမ်းအေးခြင်းကို 
ချီးမွမ်းလေ့ရှိခြင်း၊ အကျင့်သိက္ခာကို လိုလား၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို 
ချီးမွမ်းလေ့ရှိခြင်း၊ အလိုနည်းသူဖြစ်၍ အလိုဆိုးကိုဖျောက်ပယ်ခြင်းကို ချီးမွမ်းလေ့ရှိခြင်း 
စသောတရား ဆယ်ပါးတို့သည် ချစ်ခင်လေးစားမှုကို ဖြစ်စေကုန်၏။

ဥပမာ- အမျိုးကောင်းသော အာဇာနည်မြင်းက ( ငါ့အားလူတွေက 
အာဇာနည်မြင်းအရာ၌ထား၍ အာဇာနည်မြင်းသဖွယ် ကျွေးမွေးပြုစုကြပါမူ
 ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း မဖြစ်သော်ငြားလည်း လူတို့သည် 
ထိုမြင်းကို အာဇာနည်မြင်းအရာ၌ထား၍ ကျွေးမွေးပြုစုမြည်သာဖြစ်၏။ 
အဘယ့်ကြောင့်ဆိုသော် ထိုမြင်း၌ ကောက်ကျစ်စဉ်းလဲမှုများပယ်ပြီးဖြစ်သည်ကို
 တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။

ထိုဥပမာအတိုင်းပင် အဓိကရုဏ်းဖြစ်အောင်မလုပ်တတ်ပဲ
အဓိကရုဏ်းငြိမ်းအေးခြင်းကို၏ ဂုဏ်ကိုချီးမွမ်းလေ့ရှိခြင်းစသော တရားဆယ်ပါးနှင့် ပြည့်စုံသောရဟန်းအားလည်း ( ငါ့ကိုသီတင်းသုံးဖေါ်တို့က ရိုသေလေးစားကြပါမူ ကောင်းလေစွ) ဟူ၍ လိုလားတောင့်တခြင်း
မဖြစ်ငြားသော်လည်း ဥာဏ်ပညာရှိသောသီတင်းသုံးဖေါ်တို့သည် ထိုရဟန်းကို ရိုသေလေးစားကြမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်း၌ 
အကုသိုလ်တရားဆိုးများ ပယ်အပ်ပြီးဖြစ်သည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်ဟု
ဟောကြားတော်မူခဲ့ပါသည်။
 

No comments:

Post a Comment