Wednesday, November 13, 2013

" ဖခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ "

ကျုပ်တို့ဖခင်တွေကသားသမီးတွေကိုဘယ်တော့မှပြောမထွက်တဲ့စကားတွေရှိတယ်။ ကျုပ်ပြောပြမယ်..."

ကိုစံရိုးပြောတဲ့စကားတွေကသားသမီးတွေအတွက်မှတ်သားထိုက်သည်.။ သူ့ရင်ဘတ်ကြီးနှင့်
ရင်း၍
ပြာသည့်စကားများဖြစ်သည်.......။ သူသည်(၈)တန်းမျှသာကျောင်းနေဖူးသူဖြစ်သည်။ သို့သော် ဖခင်
တစ်ယောက်၏ခံစားချက်နှင့်မေတ္တာတရား သည်အားလုံးမတူတူပင်ဖြစ်မည်ဟု ကျွန်တော်ထင်လေသည်။

ူ့စကားများကိုကျွန်တော်ရင့်နှင့်အမျှခံစားခဲ့ရသည်.........။
သူပြောတာတွေကိုကျွန်တော်ကတစ်ဆင့်ဖောက်သည်ချပြသူသာဖြစ်သည်.။


"သားသမီးတွေအိမ်ပြန်လာတိုင်းကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်..သူ့ အမေကိုမမြင်တော့.. အမေရော
လို့ မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြတော့ ..အဖေရောလို့မမေးကြဘူး ကျုပ်ခံစားရ
တယ်ဗျာ ။"

"မတွေးမိကြလို့ပါ သားသမီးတွေက ကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်က ကျောင်းလိုက်ပို့မပေးနိုင်တော့ ကျုပ်က သူတို့ကိုမချစ်ဘူးလို့ထင်ကြရော။ ကျုပ်ကလည်း အလုပ်ကိုအစောကြီးသွားရတယ်လေ....။ ဘယ်လိုလုပ်ပြီးပို့ချိန်ရမှာလည်း..။ ဒီတော့ကျုပ်ပြောချင်တယ်..။ ဒီမယ်....သားတို့သမီးတို့...မင်းတို့ကျောင်းသွားဖို့ စီးနေတဲ့စက်ဘီးက ဒီကောင်ကြီးဝယ်ပေးထားတာပါ..။"


"ခက်တယ်ဗျာ....မကြည့်တတ် မမြင်တတ်တဲ့သူတွေကို ကြည့်တတ် မြင်တတ်အောင်  ပြောရတာ
ကိုယ်ရည်သွေးသလို ဖြစ်ဖြစ်နေတယ်.....။ သူတို့ကိုမပြောချင်ဘူးဗျာ............."







"ဒီမယ်.....သေသေချာချာစဉ်းစားကြည့်ကြစမ်းပါ...။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းခွံ့ကျွေးတဲ့
အမေ.. ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့ အမေ မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့
အမေ.....သူတို့အမေကိုတော့ သူတို့ချစ်လိုက်ကြတာ......ချစ်ကြမှာပေါ့.....။ သူတို့အမေ အလုပ်လုပ်နေ တာကို မြင်ကြရတာကိုး....။ အဲဒီထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ဘယ်လောက်အထိ သူတို့ ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူးဗျ......။ ကျုပ်တို့ဖခင်တွေက ယောက်ျားသားတွေပါ မာနရှိတယ်။ သတ္တိရှိတယ်။ မဟုတ်ရင်ငုံ့မခံဘူး ။ ဒါပေမယ့်ဗျာ သားကျွေးမှု မယားကျွေးမှုအတွက်ကျုပ်တို့ရဲ့အလုပ်ရှင်က ကျုပ်တို့အပေါ်ဘယ်လိုပဲ ဆက်ဆံဆက်ဆံ။ ဘယ်လိုပဲ ဗိုလ်ကျကျ သား သမီးလေးတွေရဲ့ မျက်နှာကိုငဲ့ပြီး ယောက်ျားမာနကို ချိုးနှိမ်ခဲ့ရတယ် ။ယောက်ျား သတ္တိကိုချိုးနှိမ်ခဲ့ရတယ်..။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့ ။ သူတို့အမေချစ်တာထက် မလျော့ဘူး ....။ ပိုရင်သာ ပိုမယ်.....။ ဒါပေမယ့်...ကျုပ်တို့လို ဖခင်တွေရဲ့အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ။"

"သားသမီးဆိုတာ ရေချိုးပေးတဲ့အမေ့ကိုသာ ချစ်တတ်ကြတာပါဗျာ ။ စဥ့်အိုး ထဲကို ရေအပြည့် ထမ်းထည့်

ပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြပါဘူး....သူတို့အမေကလည်းသင်မပေး
ဘူးဗျ ။"

"ဒီလိုပဲ သရက်သီးခူးကျွေးတဲ့ သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ ချစ်လိုက်ကြတာ......။ ဒီသရက်ပင်ကို မိုးထဲ လေထဲ ရွံ့ထဲဗွက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေ
ရဲ့
နှလုံးသားကိုတော့ နားမလည်ကြဘူး...မမြင်ကြဘူး.........။ မြင်တတ်အောင် မေမေတွေက မပြောပြကြဘူး...........။"

"သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ....ကျုပ်တို့လို ဖခင်တွေရဲ့
ချွေးဖိုးကို
တော့ တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ.... တစ်သက်လုံးစို့နေတဲ့ချွေးကိုနို့လောက်မချိုမြိန်ဘူးလို့
ထင်တတ်ကြတယ်ဗျ.။"

"ထီးမိုးပေးတဲ့ မေမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ လုံခြုံနွေးထွေးတဲ့ ဘ၀ကို ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့ မေတ္တာကိုတော့မသိကြ မမြင်ကြဘူးဗျာ......၀မ်းနည်း တယ်ဗျာ...။"

"သားသမီးတွေက ခက်တယ်ဗျ....သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီး တိုက်တဲ့ အမေ့ကိုတော့ ချစ်ကြတယ်.....အဲဒီသောက်ရေအိုးကို ရေအပြည့်ဖြည့်ပေးထားတာ ကျုပ်တို့အဖေတွေပါဗျာ.... ဒီလိုပြောရမှာ ရှက်တယ်ဗျာ.....ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီးမပြောချင်ဘူး........။"

"ပန်းပန်ပေးတဲ့မိခင်ရဲ့ အချစ်ကိုသာ ခံစားတတ်ကြတာပါ....ပန်းပင်ကိုပျိုးပြီး ပန်းကလေးတွေ
ပွင့်လာ
အောင် ရေလောင်းပေါင်းသင်ပေးနေတဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး.....သိစေချင်တယ်ဗျာ..............။"
"ဘီယာတစ်ခွက်...အရက်တစ်ပက်နဲ့ကျုပ်ရဲ့မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေ

ကို သွေးထိုးပေးတယ်ဗျ....ကျုပ်မှာလည်း အပေါင်းနဲ့အသင်းနဲ့ဗျ......။ တစ်ခါတစ်လေလည်း အလိုက်အ
ထိုက်ဆိုတာရှိတာပေါ့..။ ကျုပ်ဘာပဲလုပ်လုပ်ကျုပ်သားသမီးနဲ့မိန်းမအတွက်စဉ်းစားခဲ့တာချည်းပါပဲ...။
သူတို့က ဒါကို ထည့်မတွက်ကြပါဘူးဗျာ.....အိမ်ရှင်မတွေက သူတို့ပြောချင်တဲ့ စကားတွေကို တိုက်ရိုက် မပြောဘူးဗျ....သားသမီးတွေကို သွေးထိုးပေးတယ်။ သားသမီးတွေကတစ်ဆင့် ပြောခိုင်းတယ်..... ဒီလိုနဲ့ သားသမီးတွေက ကျုပ်ကို မုန်းသွားကြရော.....မုန်းအောင်သင်ပေးနေတာတော့ မဟုတ်ဘူး.... မချစ် တတ်အောင်သင်ပေးနေသလိုဖြစ်နေတော့တယ်............။"

"မိကောင်းဖခင်ဆိုတဲ့ စကားကို အိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်... မြန်မာစကားက အဓိပ္ပါယ်

လေးနက်တယ်ဗျ........။ မိကောင်းဖခင်ဆိုတာ.....အမိကောင်းမှ အဖကိုခင်တယ်လို့ ဆိုလိုတာဗျ....... အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရင် အဲဒီသားသမီးရဲ့မိခင်မကောင်လို့ပဲ........။ အခု ကျုပ်သားသမီးတွေက ကျုပ်ကိုချစ်ရကောင်းမှန်း မသိကြဘူး.... အမိမကောင်းတော့ အဖကို မခင်ဘူးပေါ့...... မချစ်ဘူးပေါ့ဗျာ.....။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပေါ့ဗျာ ။"

ကိုစံရိုးကတော့ ပြောချင်တာပြောခွင့်ရလို့ကျေနပ်သွားရှာသည်.....။ သူပြောတဲ့စကားတွေဟာကျွန်တော်ပြောချင်နေတဲ့ စကားတွေပါပဲ......။

အိမ်ရှင်မတွေ သားသမီးတွေဖတ်မိကြပါစေလို့ ...............
 

*** ဦးဘုန်း (ဓာတု) ****

No comments:

Post a Comment