Wednesday, November 13, 2013

ကဲ အပျင်းပြေ ဗဟုသုတလေးတွေ ဖတ်ရအောင်ဗျာ........

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ..

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေ အတွက်ထက်

     ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်။

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ။

     ဘုရင်မကြီးဟာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာတစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင် ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)

     တစ်လုံးသာ ရှိပါတယ်။


(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်။

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ်။

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ။
     အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့် ဖြစ်သည်။

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်အသက်ရှင်နေ

       နိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရ သောကြောင့်သာ
       ဖြစ်ပါသည်

(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60 ပတ်မိ မှာ

      ဖြစ်ပါတယ်။

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်။

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ် ။

      အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကို မြင်လိုက်ရတဲ့ အချိန်မှာ
      လွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ။

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသော မပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့

       ပျားရည်ဖြစ်ပါတယ်၊၊

(16) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့

       မဖြစ်နိုင်ပါဘူး၊၊

(17) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်

       200 grams ပိုလေးပါတယ်။

(18) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော်ရှိပြီး

      (hello)ဟလို ဟူသော နှုတ်ခွန်းဆက် စကားလုံး မရှိပေ၊၊

(19) ကမ္ဘာပေါ်တွင်ရှိသော လူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက

       အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့်
        အာဖရိကတိုက်မှ 8 ယောက် စီရှိမှာ ဖြစ်ပါတယ်၊၊ ထိုအထဲမှ တစ်ယောက်တည်းကသာလျှင်
        ကွန်ပြူတာတစ်စုံကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်၊၊

(20) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း ဖြစ်ပြီး၊

      နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့် သွားခြင်းမရှိပေ

(21) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ် ဖြင့် လောင်ကျွမ်းခံရမည်

       ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင် ထက် ပိုမိုသော အပူချိန်ဖြစ်သည်။

(22) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သော တစ်ခုတည်းသော ငှက်မှာ

       ဇီးကွက်ဖြစ်သည်။

(23) ပုံမှန်အားဖြင့် တနေ့တာ အတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်

      ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊
      (သြော်... မိန်းမ မိန်းမ )

(24) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်း

      နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(25) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက် သတ္တ၀ါကတော့

       ဆင်ဖြစ်ပါတယ်။

(26) ဂေါက်ရိုက် ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့ တလန်ပြည်မှ စတင် တီထွင်ခဲ့

      တယ်လို့ ဆိုပါတယ်၊၊ သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only Ladies Forbidden " လို့
      သတ်မှတ် ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါ တယ်၊၊ also call
      Game Of Lazy Fallows

(27) ခြဘုရင်မ တစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ

       သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(28) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)

       ဖြစ်ပါတယ်။

(29) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်။

(30) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊ သမ္ဓတ ကနေဒီကတော့ အထက် လွှတ်တော် အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ ရပါတယ်၊၊

(31) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊

(32) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူး

       နာမည်ဟာလည်း လင်ကွန်းဖြစ်နေ ပြန်ပါတယ်။

(33) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ ရင်သွေးတစ်ဦးစီ

      ဆုံးပါးသွားခဲ့ရပြန်ပါတယ်။ သမ္ဓတနှစ်ဦး စလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး
      ဦးခေါင်းကိုပဲ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(34) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး

       တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ သမ္ဓတကြီး လင်ကွန်းကို နိုင်ငံရေး
       လောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ 1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး
       သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင် ကတော့ 1908 ခုနှစ်မှာ မွေးဖွားသူ ဖြစ်
      ပါတယ်၊၊

credit and Thx >> အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ


အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment