- စစ်သားက သမ္မတဖြစ်တယ်။
- စစ်သားက ၀န်ကြီးဖြစ်တယ်။
- စစ်သားက လွှတ်တော်ဥက္ကဌဖြစ်တယ်။
- စစ်သားက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။
- စစ်သားက ညွှန်ချုပ်ဖြစ်တယ်။
- စစ်သားက ညွှန်မှူးဖြစ်တယ်။
- စစ်သားက ဦးစီးအရာရှိဖြစ်တယ်။
- စစ်သားက ရဲမှူးဖြစ်တယ်။
- စစ်သားက ရဲအုပ်ဖြစ်တယ်။
- စစ်သားက ..................
- ................................. ဖြစ်တယ်။
- သူတို့မဖြစ်နိုင်တာ ဘာရှိလဲ။
- စစ်သားက ဗုံးမထောင်ဘူး။
- စစ်သားက ဗုံးမခွဲဘူး။
- စစ်သားက အကြမ်းမဖက်ဘူး။
- စစ်သားက ပြည်သူကို မနှိပ်စက်ဘူး။
- စစ်သားက ပြည်သူတွေကို ဂုတ်သွေးမစုပ်ဘူး။
- စစ်သားက မခိုးဘူး။
- စစ်သားက ............. မလုပ်ဘူးတဲ့။
- သူ့ကျွန်ဘ၀တိုင်းပြည်ကို ကယ်တင်ဖို့ နယ်ချဲ့တွေကို ဦးဆောင်ပြီး တိုက်ထုတ်ခဲ့တာ။
- တိုင်းပြည် ချောက်ထဲကျဖို့ တစ်လက်မအလိုမှာ ကယ်တင်ခဲ့တာ။
- တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ထားတာ။
- ပြည်ပအားကို ပုဆိန်ရိုးတွေကို နှိပ်ကွပ်ထားတာ။
- ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ပြည်ပနိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်ပေးထားတာ။
- ပြည်သူတွေ လုံခြုံအေးချမ်းရေးအတွက် ခြင်ထောင်လှန်ပြီး ဧည့်စာရင်းစစ်တဲ့ ဥပဒေကို တီထွင်ပေးထားတာ။
- သူတို့က ၂၀၀၈ ကို တီထွင်ပေးထားတာ။
- သူတို့က လွှတ်တော်ကြီး တည်ဆောက်ပေးထားတာ။
- သူတို့က ကိုယ်စားလှယ်တွေ လုပ်ပေးထားတာ။
- သူတို့က .............. ပေးထားတာ။
- သူတို့ ............... ခဲ့တဲ့ နိုင်ငံ။
- သူတို့ ............... ခဲ့တဲ့ နိုင်ငံ။
ဒီတော့
ဒီနိုင်ငံဟာ
ဘယ်သူ့နိုင်ငံလဲဆိုတာ......။
No comments:
Post a Comment