ကင်ဆာ ရောဂါသည် အလွန် ကြောက်စရာ ကောင်းသော ရောဂါ တစ်မျိုးဟု လူတိုင်း သိကြသည်။
ဗဟုသုတ အနေဖြင့် ရင်သား ကင်ဆာ ဖြစ်ပွား စေနိုင်သည့် အရာများ ကို တင်ပြ
လိုပါသည်။
ချိုင်းချွေးနံ့ ပျောက်ဆေး တွင် ပါဝင်သော Toxins သည် ခန္ဓာ ကိုယ် အတွင်း
ဝင်ရောက် ပြီး ကင်ဆာ ဖြစ်စေ နိုင်သည်။ ၎င်း Toxins သည် ချိုင်းမွေး ရိတ်ရာတွင်
အရေပြား ပေါက်ပြဲကာ တစ်ဆင့် သွေးထဲသို့ လျင်မြန်စွာ ဝင်ရောက် နိုင်သည် ဟု
၂ဝ၁၁ ခုနှစ် ထုတ် Europern Journal of Cancer Prevention တွင်
ချိုင်းချွေးနံ့ ပျောက်ဆေး အသုံးအဆောင် ပစ္စည်းများ မှာ ကင်ဆာ ၏
အရင်း အမြစ်
ဖြစ်ကြောင်း ပြော ထားသည် ကို တွေ့ရသည်။
ရင်သားတစ်သျှူး အများစု သည်
ရင်ဘတ် အပေါ်ပိုင်း တွင် ပိုမို ရှိသကဲ့သို့ ယင်း ချိုင်းချွေးနံ့ ပျောက်ဆေး အသုံးပြုသည့် နေရာမှာလည်း ရင်သားအပေါ် အပြင်ဘက်အပိုင်းတွင် ဖြစ်သောကြောင့် အမေရိကန် ကင်ဆာ အဖွဲ့ ( Ame-rican Cancer Society ) က ရင်သား အပေါ်
အပြင်ဘက် အပိုင်း တွင် ဖြစ်ပွားသော ရင်သား ကင်ဆာ၏ အချိုးအစား နှင့် တူ ညီ
ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ တွင် ၂ဝ၁၂ ခုနှစ်၌ ရင်သား ကင်ဆာ ဖြစ်ပွားသူ
အမျိုးသမီးများ နှင့် ကင်ဆာ မဖြစ်ပွား သော အမျိုးသမီး ဦးရေ ၁၆ဝဝ ကို
နှိုင်းယှဉ် ကြည့်ပါက ချိုင်းမွေး ရိတ်ခြင်းနှင့် ချွေးနံ့ပျောက်ဆေး
သုံးသူ
တို့သည် ရင်သား ကင်ဆာနှင့် ဆက်စပ် မှုမ ရှိကြောင်း တွေ့ရှိ ရသော် လည်း ၂ဝ၁၃
ခုနှစ် တွင်
တွေ့ရှိချက် များ အရ ရင်သား ကင်ဆာ ဖြစ်ပွားနေသော
အမျိုးသမီးငယ်များ သည် ချိုင်းမွေး မကြာခဏ ရိတ်ခြင်း နှင့် အတူ ချိုင်းနံ့
ပျောက်ဆေး များ ကို ငယ်စဉ် ကတည်းက စတင် အသုံးပြု သူများ ဖြစ်ပါက ရင်သား
ကင်ဆာနှင့် ဆက်စပ် နေကြောင်း ကောက်ချက် ချခဲ့ ကြသည်။
ရင်သား ကင်ဆာ သည်
အမျိုးသမီး များ အတွက် အကြီးမား ဆုံး ပြဿနာ ဖြစ်ပြီး ရင်သား ကင်ဆာ
မဖြစ်ပွား အောင် ကာကွယ် တားဆီး နိုင်သော အရာများ လည်း ရှိသည်။
သို့သော် အနံ့အသက် ပျောက်ဆေး မသုံးစွဲ ခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်ပေါ်ခြင်း ကို
တားဆီး ပေးနိုင်
မည် မဟုတ်ကြောင်း ကိုလည်း အသိ ပေးအပ် ပါသည်။
No comments:
Post a Comment