Thursday, November 14, 2013

မိုနာလီဇာ အပြုံးထက် သာတယ်

ဒီညမှာလည်း
မနေ့ကလိုမျိုး
နှာခေါင်းရှုံ့သူများရှိမလားလို့
လမင်းနဲ့အတူလိုက်ရှာခဲ့တယ်။

အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုမှာ
ဝါကျတွေက မညီမညာနဲ့
စကားလုံးတွေတစ်ခုပြီး
တစ်ခု သုံးတာတောင်
အက္ခရာတွေက မပြည့်စုံဘူး။

လီယိုနာဒို ဒါဗင်ချီ ငိုရလောက်အောင်
မင်းရဲ့နှာခေါင်းရှုံ့ပုံက အသက်ဝင်လေတော့
အနည်းဆုံးတော့
မိုနာလီဇာ ထက်သာမယ်ဆိုတာ
နံရံတွေမေးကြည့်ရင်သိနိုင်တယ်။

နောက်တော့
ဂဏာမငြိမ်တဲ့ ငါ့မျက်လုံးတွေက
မနေ့က သူထိုင်တဲ့ (PC4) မှာ
လမင်းများသာနေမလားလို့
အကြိမ်ကြိမ် ရစ်ဝဲငေးမိတယ်။။              ။။

မိန်နွေ
 
မောင်(စွယ်စုံကျမ်း) 

No comments:

Post a Comment