တဲ့။ ဒီစကားကို ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်း ကိုယ်တိုင် ပြောကြားလိုက်တာမို့
ပြည်သူတစ်ယောက် အနေနဲ့ အင်အားတွေ ရှိသွားပါတယ်။ သူရဦးရွှေမန်းရဲ့ ရှေ့ဆုံးစကားလုံးဟာ
‘သူ’ နဲ့ စထားပြီး ပြည်သူဘက်က ပြည်သူနဲ့အတူ ရပ်တည်ပြလိုက်တဲ့ နာယကကြီးရဲ့ ပြည်သူဆန်မှုကို ဂုဏ်ယူစွာဖြင့် ‘သူ’ လည်း ပြည်သူ ပြည်သူလည်း ‘သူ’ လို့ ဆောင်းပါး ခေါင်းစဉ်ကို ပေးလိုက်ပါတယ်။
တကယ်တော့ သူရဦးရွှေမန်းသော် လည်းကောင်း၊ သမ္မတကြီးသော် လည်းကောင်း၊
ဒေါ်အောင်ဆန်းစုကြည်သော် လည်းကောင်း ပြည်သူထဲက ပြည်သူတွေသာ ဖြစ်ပါတယ်။ သူလည်းပြည်သူ ပြည်သူလည်းသူများပါပဲ။ ဘယ်ဂြိုဟ် ဘယ်ကမ္ဘာကမှ ရောက်လာကြတော့တာ မဟုတ်ပါဘူး။ ပြည်သူတွေက ပေးလိုက်တဲ့ လုပ်ပိုင်ခွင့် တာဝန်များကို ထမ်းဆောင်နေကြ
သူများသာ ဖြစ်ပါတယ်။ ပြည်သူကပေးတဲ့ တာဝန်ဆိုတာ ပြည်သူအတွက်သာ ထမ်းဆောင်ရ
မှာကို နောက်က အရိပ်မည်းကြီးအတွက် ထမ်းဆောင်နေရင်တော့ ပြည်သူ့အကျိုး လိုလားတဲ့သူ မဟုတ်တော့ဘဲ ဒီလူ့အကျိုး လိုလားတဲ့သူလို့ပဲ ပြည်သူတွေက မှတ်ယူကြမှာပါ။
ပြည်သူနဲ့ ဒီလူဆိုတဲ့ နှစ်ငါးဆယ် အခန်းဆက် ဇာတ်ဝင်ခန်းတွေ ရပ်ပစ်လိုက်ရမယ့် အချိန်ကို ရောက်နေ
ပါပြီ။ မရပ်နိုင်သေးသူကိုလည်း ‘ရပ်’ လို့ပဲ ပြောလိုက်ချင်ပါတယ်။ အပိုစကားတွေလည်း မပြောချင်ပါ။ အပိုအချိန်တွေလည်း မပေးချင်ပါ။ အပိုအလုပ်တွေလည်း လုပ်မနေချင်ပါ။ ရပ်ကွက်ထဲမှာ အစည်းအဝေး မတက်မနေရဆိုပြီး လက်မှတ်ထိုး တက်ရပါတယ်။ အစည်း အဝေးရောက်တော့ ဓာတ်ပုံရိုက်ပြီး နောက်နေ့ သတင်းစာထဲ ပါလာပါတယ်။ တက်ရောက်တဲ့ သူတွေက အဲဒီအစည်းအဝေးဟာ ဘာအစည်းအဝေး မှန်းတောင်မသိ။ သတင်းစာလည်း ဖတ်မနေဆိုတော့ ဘာဆိုဘာမှန်းတောင် မသိခဲ့ရတဲ့ ကာလတွေကို
ပြည်သူတွေ ဖြတ်သန်းခဲ့တာလည်း ရွှေရတု တိုင်ခဲ့ပါပြီ။ ပြည်သူတွေ ကံကောင်းနိုင်တာက သမ္မတကြီးက ‘မိဘပြည်သူ’ လို့ နားထဲမှာ မယုံနိုင်လောက်အောင်ကို ခေါ်ဝေါ် သုံးနှုန်းလိုက်ပြီး ‘တူတာတွဲလုပ်မယ်’ ဆိုတဲ့ ကမ်းလှမ်းမှုတွေကြောင့် ရွှေနဲ့စိန် ကွဲပြားအောင် ခွဲခြားပြလိုက်သလို ဖြစ်သွားတာပါပဲ။
နာယကကြီး ဆက်ပြောတာက “ဥပဒေ ပြုပြင်တဲ့အခါမှာ တခြားနိုင်ငံတွေမှာ ရှိ၊ မရှိ သုံး၊ မသုံး လေ့လာရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီ၊ မညီ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်” လို့ပါ ပြောလိုက်တော့ နာယကကြီးရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မိန့်ဆိုချက်တွေဟာ အလှတွင် အယဉ်ဆင့်လိုက်သလို ရှေ့နောက် အသွင်တင့်ကာ လိုက်ဖက်ညီသွား ပါတော့တယ်။
ဝိဓူရ သခင်ချစ်မောင်ရဲ့ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည် စာအုပ်ထဲက ရေးသားချက်ကို
ပြောပြချင်ပါတယ်။
“ဒီအစိုးရဟာ မူ၊ ဟန်၊ နည်း သုံးချက်စလုံးကို လွဲနေပါတယ်။ ဖြစ်ရမှာက
၁။ ကမ္ဘာ့မူကို ယူရမယ်၊
၂။ မြန်မာ့ဟန်နဲ့ ပေါင်းစပ်ရမယ်၊
၃။ ပြည်သူ့နည်းကိုပဲ ကျင့်သုံးရမယ်၊
ခုဖြစ်နေတာက
၁။ မြန်မာ့မူကိုပဲ ယူထားတယ်၊
၂။ စစ်ဟန်နဲ့ ပေါင်းစပ်ထားတယ်၊
၃။ ဗျူရို ကရေစီနည်းကိုပဲ ကျင့်သုံးနေတယ်” တဲ့။ အာဏာရှင်တစ်ခေတ်က ဝေဖန်ထားတာပါ။
ယခင်
အကြောင်းကိစ္စတွေထားလို့ ယခုကမ္ဘာ့မူကို စယူလာတာမို့ တခြားနိုင်ငံက
စံနှုန်းတွေနဲ့ အညီလို့ ပြောလာတဲ့ အပေါ်မှာတော့ ကျွန်တော်တို့
နှစ်ထောင်းအားရကို ကြိုဆို ကြရပါလိမ့်မယ်။ ယခုဖွဲ့စည်းပုံမှာ ကမ္ဘာ့မူနဲ့
မတူရုံမက လွဲနေရုံမျှမက ကဲနေတဲ့ အချက်အလက်တွေကို နာယကကြီးရဲ့ စကားအရ
စိတ်ထားအရဆိုရင် ပြုပြင်ခွင့် ကြုံနေလို့ပါပဲ။ လက်မနှေးရမယ့် အခွင့်အရေးပါ။
ဒီနေရာမှာ ဖွဲ့စည်းပုံလို့ ပြောလိုက်တာနဲ့ သတင်းလောကထဲမှာ၊ အရပ်ထဲ သာရေးနာရေး ပွဲတွေမှာ
နေရာအယူဆုံး လူပြောအများဆုံး လူစိတ်အဝင်စားဆုံး လူတွေ မကျေမနပ် အပြောဆုံး “ဒါကြီးက ဘာကြီးလဲ” ဆိုတဲ့ အရာနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက တစ်စုံတစ်ယောက်ကို ကန့်သတ်ထားတဲ့ ဥပဒေဖြစ်ပြီး နောက်တစ်ခုကတော့ လွှတ်တော်ထဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကြားထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းအထိ ထည့်သွင်းထားတာကိုပါပဲ။ နာယကကြီးရဲ့ စကားအရပဲ တခြားနိုင်ငံတွေမှာ ရှိ၊ မရှိ သုံး၊ မသုံး လေ့လာရမှာပါ။
ဒီမိုကရေစီ ဆိုတာကိုက ပြည်သူ့အာဏာ ပိုင်စိုးမှု၊ ပြည်သူ့ရွေးချယ်မှုသာ ဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ ဆိုပါရင်လည်း ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေနဲ့သာ ဖွဲ့စည်းရမှာကို ဘယ်ကနေ ဘယ်လိုကြောင့် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဆိုတာ ဖြစ်ပေါ်လာရပါသလဲ။ အရေအတွက်အရ ကြည့်လိုက် ပြန်တော့လည်း နည်းတာမဟုတ်။ ၂၅ ရာခိုင်နှုန်းကြီးများတောင်။ ဖွဲ့စည်းပုံပြင်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလို အင်မတန် သတ္တိကောင်းတဲ့ စစ်သားကိုယ်စားလှယ် တစ်ယောက် မပါမချင်း ဒီမိုကရက်တစ် အရေအတွက်တွေက ဘယ်လောက်ပဲ ၁၀၀ ရာခိုင်နှုန်းစလုံးက ပြင်ချင်နေနေ ဥပဒေအရ ပြင်မရ။ ဒါ ဒီမိုကရေစီလား ဆိုတဲ့ မေးခွန်းတွေဟာ မကြားချင်ဆုံးပါပဲ။ ခုရေးပြနေတာတောင် ဖတ်ရှုရတာ ပျင်းတယ်။ ကလေးကအစ ပြောနေကျ ဆိုတာလို ဖြစ်နေတာပါ။
ကျွန်တော်သိတာက ဖွဲ့စည်းပုံ
စရေးဆွဲစဉ်ကာလက အင်ဒိုနီးရှားလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၁၀
ရာခိုင်နှုန်း ပါဝင်နေချိန်ဖြစ်တော့ အစိုးရ သတင်းစာတွေမှာ အင်ဒိုနီးရှားရဲ့
ဖွဲ့စည်းပုံဥပဒေကို တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံတွေထက် အလေးပေးပြီး
ရှည်ရှည်ဝေးဝေး ရေးပြနေတာတွေတော့ ဖတ်ရပါတယ်။ နောက်တော့ ၁၉၉၇ မှာ
အင်ဒိုနီးရှားဟာ တပ်မတော်သား ၁၀ ရာခိုင်နှုန်းကို ဖွဲ့စည်းပုံထဲက အပြီးပိုင်
ဖယ်ရှားလိုက်သော်လည်း ၂၀၀၈ မြန်မာ့ ဖွဲ့စည်းပုံ ထဲမှာတော့ ကမ္ဘာမှာမပါတဲ့
၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များဟာ နေရာယူထား လိုက်ပါတော့တယ်။
ဘွတ်ဖိနပ်တစ်ဖက်၊ ညှပ်ဖိနပ်တစ်ဖက် စီးထွက်လာတဲ့ လွှတ်တော်ကြီးမှာ ‘ပြည်သူ့အသံ လွှတ်တော်အသံ’ ဆိုသော်လည်း ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးက ပြင်ချင်ပါတယ်ဆိုရင် ပြင်လို့ရပါ့မလား မေးရင်
ရေးထားတာ အလကား မဖြစ်စေလိုပါ။ ပြည့်ပြည့်စုံစုံ ရေးပြရရင်တော့ ‘ပြည်သူ့စစ်အသံ လွှတ်တော်အသံ’ လို့သာ ရေးထားရမလို ဖြစ်နေပါတယ်။ ဝိုင်းဝန်း စဉ်းစား အဖြေရှာကြရမယ့် လွှတ်တော်ဆောင်ပုဒ် ကိစ္စပါပဲ။ မိဘပြည်သူ ရှုထောင့်ကနေ ဝေဖန်ထောက်ပြဖို့ လိုအပ်မယ် ထင်လို့ပါ။
သမ္မတကြီးကရော လွှတ်တော် နာယကကြီးကပါ ပြည်သူတွေပါမှ၊ ပြည်သူတွေ ရဲရဲထောက်ပြမှ
အောင်မြင်မှာဆိုတော့ ပြည်သူပြောပဲ ပြောရပါတယ်။ ပြည်သူများဟာ ခေတ်မီတပ်မတော်ကြီး
ဖြစ်စေချင်သလို ခေတ်မီ ဥပဒေကြီး တစ်ခုအဖြစ်လည်း မြင်ချင်နေကြပါတယ်။ ဓားမရဲ့လက်ကိုင်ရိုး ဓားရိုးနောက်ဆုံးမှာ ပိတ်ထားတဲ့ ခွေလေးကို အစွဲပြုပြီး ‘ဓားမနောက်ပိတ် ခွေ’ လို့ ခိုင်းနှိုင်းလည်း မခံနိုင်သလို ကမ္ဘာ့နောက်ပိတ်ခွေ ဥပဒေလို့လည်း အထင်သေးမခံချင်ပါ။
ကမ္ဘာက မြန်မာ့ဥပဒေကို လေးစားအသိအမှတ် ပြုတာကိုပဲ မြင်လိုပါတယ်။ ဆရာတော် ဦးသုမင်္ဂလ တရားဟောသလို တရုတ်မ ဘောင်းဘီဝတ်တာ မြင်ရင်လည်း ကြောက်နေကြတာပဲ ဆိုတဲ့ မြန်မာ
တွေတော့ မဖြစ်စေလိုပါ။
လူအနေနဲ့တော့ မည်သည့် တပ်မတော်သား အပေါ်မှာမှ ပြောစရာ မရှိသော်လည်း မူအနေနဲ့ကတော့
ပြည်သူတစ်ယောက်အနေနဲ့ မသင့်တော်တာကို အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုတာလို
ထောက်ပြဝေဖန်ရတာ ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များဟာ ရွေးကောက်ပွဲ နေရာစုံကျင်းပ
နိုင်တာ မဟုတ်လို့ ၇၅ ရာခိုင်နှုန်းသာ မပြည့်တာ တပ် ၂၅ ရာခိုင်နှုန်းကတော့ နေရာလပ်မရှိ
နေရာယူထားတဲ့အတွက် တိတိကျကျ ပြောရရင် ၂၅ ရာခိုင်နှုန်း အထက်မှာ နေရာယူထားတာပါပဲ။
လူပြောများနေတဲ့
နောက်ပုဒ်မက ‘သူမပါရ’ ပုဒ်မပါ။ ဒီထက်တိတိကျကျ ပြောရရင်တော့ ‘သူမ မဖြစ်စေရ။
ပုံ-ကန့်လန့်ကာနောက်က မောင်သုည’ လို့ စကားဝိုင်းတွေမှာ ဆိုကြနောက်ကြတဲ့
ပုဒ်မပါပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၅၇ ခုအနက် လူသိအများဆုံး
ဝေဖန်ဆွေးနွေးမှု အခံရဆုံး နိုင်ငံတကာကလည်း ထောက်ပြခံရဆုံး ပုံဖော်သူရဲ့
နှလုံးသားမီးသွေးခဲ ဘယ်အထိ မည်းသလဲဆိုတာ အထင်ရှားဆုံး မြင်ရတဲ့ ပုဒ်မကတော့
၅၉ (စ) ပဲ ဖြစ်ပါတယ်။
၁၉၄၇ တုန်းကလည်း ဒီလိုပဲ ပြဋ္ဌာန်းခဲ့ဖူးကြောင်း ဖြေရှင်းချက် ပေးခဲ့ပေမယ့် သူ့ကျွန်ဘဝက လွတ်မြောက်
ခါစမှာ ရေးဆွဲခဲ့တာကို နားလည်တဲ့ ပြည်သူများရဲ့အပေါ်မှာ တစ်စုံတစ်ရာ လွှမ်းမိုးနိုင်မှုကိုတော့ မတွေ့
ရပါ။ ၁၉၄၇ ဥပဒေကို စက္ကူစုတ် လုပ်ပစ်ခဲ့တဲ့ တစ်ပါတီ အာဏာရှင်အနေနဲ့ ကိုယ်တိုင် စတုတ္ထ အိမ်ထောင်
ဖက်အဖြစ် လက်ဆက်ခဲ့သူဟာ တိုင်းတစ်ပါးသူအဖြစ် ခံယူထားသူတစ်ဦးသာ ဖြစ်တယ်ဆိုတာ
ပြည်သူတွေ အားလုံး သိကြပါတယ်။
အနီးအဝေး အကြီးအသေး ဒီမိုကရေစီ နိုင်ငံများမှာ ပြဋ္ဌာန်းထားခြင်း မရှိပါဘဲ မြန်မာ့နည်း မြန်မာ့ဟန် မဆလခေတ်လို ငါ့နည်းငါ့ဟန် ငါ့ကာလ ခေတ်ပဲ ထူထောင်နေကြဦးမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ပြိုင်ဘက်ကို ကြောက်လို့သော် လည်းကောင်း၊ နောက်က အရိပ်မည်းကြီး ရှိလို့သော် လည်းကောင်း၊ မိမိရဲ့မစ္ဆရိယ စိတ်ကြောင့်သော် လည်းကောင်း ပြင်ဖို့
ငြင်းဆန်သူများဟာ သမိုင်းရဲ့ဒဏ်ခတ်ခံကြရဖို့ပဲ ရှိပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောတာက “ဒီဥပဒေကြီးက တရားမျှတမှုမှ မရှိတာ။ ဒီလိုမမျှတတဲ့ ဥပဒေနဲ့
ရွေးကောက်ပွဲ လုပ်ရင်တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ရင် လွတ်လပ်မယ် တရားမျှတမှု ရှိမှာတော့ မဟုတ်ဘူး” တဲ့။ “ဒီဥပဒေကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မကူညီနိုင်ဘူး” လို့ သြစတြေးလျ
နိုင်ငံကလည်း ပြောဆိုထားသလို “ဒီဥပဒေ မပြင်ဘဲလုပ်တဲ့ ရွေးကောက်ပွဲကို ပြက်လုံးအဖြစ် သတ်
မှတ်မယ်” လို့ ဗြိတိန်ကလည်း ဆိုပါတယ်။
သူရဦးရွှေမန်းကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိအောင် ဒီဥပဒေကို ပြင်ပေးမယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေ ပြင်ပြီးတဲ့နောက် ဘယ်သူပဲ သမ္မတဖြစ်ဖြစ် သူလက်ခံမယ့် အကြောင်း ပြောပါတယ်။ သမ္မတကြီးကတော့ ပြည်သူက လိုလားလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သူငြင်းစရာ မရှိကြောင်း ပြောဆိုပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒကတော့ ပြည်သူတွေကို လွတ်လပ်ကျယ်ပြန့်တဲ့ ရွေးချယ်ခွင့်ပေးဖို့၊ ဒီမိုကရေစီခေတ်မှာ သူဝင်ပြိုင်ရင် ငါမနိုင်မှာ စိုးရိမ်မှုတွေ၊ သူ့ကိုခေါက်ထားမှ ငါတောက်ကြွားနိုင်မယ် ဆိုတဲ့ စိတ်ထားတွေ
မမွေးဘဲ ယောက်ျားပီပီ၊ စစ်သားပီပီ တရားသော ရွေးကောက်ပွဲကို ဆင်နွှဲရဲတဲ့ သတ္တိနဲ့သာ ယှဉ်ပြိုင်ဖို့ပါပဲ။ ကျယ်ပြန့်တဲ့ ရွေးချယ်ခွင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့အဖြေဟာ မှန်ကန်တဲ့ တွက်နည်းနဲ့ရလာတဲ့ အဖြေဖြစ်တာမို့ အားလုံး လက်ခံကြရဖို့သာ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့တာက
‘ငါ အာဏာသိမ်းတော့ ငါ အာဏာရတာပေါ့’ ဆိုတဲ့ အာဏာဖြတ်လမ်း ခေါင်းဆောင်တွေရဲ့ ဒဏ်ကိုပြည်
သူတွေက ခံစားခဲ့ကြရတာမို့ နောက်တစ်ခါ မကြားချင်ဆုံးကလည်း ‘နောက်တစ်ခါ လာပြန်ပြီဟေ့’ ဆိုတဲ့
အသံပဲ ဖြစ်နေပါတော့တယ်။
ဒီမိုကရေစီစနစ်ဟာ ပြည်သူ့ကိုယ်စား ပြည်သူတွေက ရွေးကောက် တင်မြှောက်တဲ့ ပြည်သူ့အစိုးရကို
ဖော်ဆောင်တဲ့ စနစ်ဖြစ်တာမို့ အစိုးရ ဆိုတာလည်း မိုးကျရွှေကိုယ်တွေမဟုတ်၊ တခြားဂြိုဟ်သား
တွေလည်းမဟုတ် ပြည်သူထဲက ပြည်သူတစ်ယောက်သာ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ကိုယ်စား
ပြည့်ဝအောင် ဖော်ဆောင်ပေးသူ တစ်ယောက်သာ၊ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို သယ်ပိုးထမ်း
ရွက်ရင်း ပြည်သူ့ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နေသူ တစ်ဦးသာ ဖြစ်ပါတယ်။ ပြည်သူထဲက ပြည်သူ့ကိုယ်စား
လှယ် တစ်ဦး ဖြစ်တာမို့ ‘သူ’ လည်း ပြည်သူ၊ ပြည်သူလည်း ‘သူ’ ပဲ မဟုတ်ပါလား။
ဌေးအောင်ကို
thevoicemyanmar
No comments:
Post a Comment