Saturday, December 7, 2013

ကန္တာရနှစ်များ

ကန္တာရနှစ်များ

ရှိုက်သံ
ဆံဖြူတစ်ချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော
ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည်မပေါက်
ယာတို့သည် ခြောက်ကုန်၏
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
ကပ္ပိယအို ခေါင်းတုံးသာ
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။

တင်မိုးရှိုက်သံ
ဆံဖြူတစ်ချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော

ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည်မပေါက်
ယာတို့သည် ခြောက်ကုန်၏
 
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်းခြစ်
 
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ
 
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံနတ္ထိ
 
ကပ္ပိယအို ခေါင်းတုံးသာ
တိုင်ကြိုတိုင်ကြားလဲလျှက်
မြေကြီးလဲ
မသီးဝံ့ဝံ့ ၊ အသီးဆွံ၍
ရှက်ရွံအားငယ်သော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါ ချိုမည်နည်း ။

တင်မိုး
 
 

No comments:

Post a Comment