Saturday, December 7, 2013

သေရေး ရှင်ရေး


 တခါသော် လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။

ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။
                     အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။

ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက် သေရေးရှင်ရေး ဖြစ်နေလို့ပါ။
                 အခုလောလောဆယ် ကျနော့အခန်းထဲမှာ အဝတ်အစားမပါ၊ ဗလာကျင်းနဲ့
                 မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။

ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေး။?

ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့
                   ပွဲချင်းပြီးဘဲဗျို့။။

myanmarcnn

No comments:

Post a Comment