Sunday, December 29, 2013

လူဆိုတာ

လူဆိုတာ ဆိုတဲ့ ခေါင်းစဉ်အောက်က စာသားတွေဟာ လူပေါင်းများစွာရှိတဲ့ အထဲက
တချို့သော လူတွေရဲ့စိတ်ဓါတ်တွေကို ထင်ဟပ်ပြစေလိုခြင်းဖြစ်ပါတယ် ။

၁။ ကိုယ့်အလို ပြည့်တဲ့အခါ တမျိုး ( မိတ်ဆွေလို့ သတ်မှတ်ပြီး )
    ကိုယ့်အလို မပြည့်တဲ့အခါ တမျိုး ( ရန်သူလို့ သတ်မှတ်လေ့)ရှိတယ် ။

၂။ ကိုယ်အဆင်ပြေနေရင်ပြီးရော တပါးသူ အဆင်ပြေလား မပြေဘူးလား
    စဉ်းစားပေးတတ်ကြတာ နည်းတယ် ။

၃။ ကိုယ့်ကို အကူအညီပေးတတ်သူကို မိတ်ဆွေကောင်းလို့ သတ်မှတ်ပြီး
    ကိုယ်အကူအညီ လိုတဲ့အခါ မပေးခဲ့ရင် မိတ်ဆွေ မစစ်ဘူးလို့ သတ်မှတ်လေ့ရှိတယ်။

၎။ ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်တဲ့ သတ္တ၀ါတွေမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရော
    စိတ်ဓာတ်ရှိကြသူတွေလည်း ရှိတယ်။

၅။ ချစ်တုန်းကတော့ အပြုံးပန်းတွေ တပွင့်ပွင့်နဲ့ မုန်းကြပြီဆိုရင် မျက်စောင်းတွေ
    တ၀င့်ဝင့် ဖြစ်နေတတ်ကြတယ်။

၆။ ကိုယ်သာချစ်နေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ချစ်စဖွယ်တွေ ဖြစ်နေတတ်ပြီး
    ကိုယ်သာမုန်းနေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ဆူးညှောင့်သဖွယ်ဖြစ်နေတတ်တယ်။

၇။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာကို ကိုယ့်အတွက် အကျိုးရှိခြင်း မရှိခြင်း
    ကိုယ်လိုအပ်တဲ့အခါ ရှိခြင်း မရှိခြင်းနဲ့လည်း ဆုံးဖြတ်တတ်ကြတယ်။

၈။ အမှန်တရားကို မျက်ကွယ်ပြုပြီး အတုအယောင်တွေကြားမှာပဲ ပျော်မွေ့တတ်ကြတယ်။

၉။ တချို့လူတွေက ကိုယ့်မိတ်ဆွေရဲ့စိတ်ဓာတ်ကို ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့
    အမြင်ပေါ်မူတည်ပြီး ပေါင်းသင့်လား မပေါင်းသင့်လားဆုံးဖြတ်တယ် (တကယ်တော့
    သိပ်အတ္တကြီးလွန်းပြီး ကိုယ့်ကိုယ်ကိုသာ ချစ်မြတ်နိုးတတ်သူတွေရဲ့လုပ်ရပ်ဖြစ်တယ်)။

၁၀။ အကျိုးလိုလို့ ညောင်ရေသွန်းတတ်ကြတယ်။ လိုချင်တာရှိရင် ဖော်လံဖားတတ်ကြတယ်။
     မရခဲ့ရင် အတင်းပြောတတ်ကြတယ်။ အညှိုးထားလေ့ရှိတယ်။ မိတ်ဆွေမစစ်ဘူးလို့
     ပြောလေ့ရှိတယ် ။

..သက်တန့်ချို....
 

No comments:

Post a Comment