Sunday, December 29, 2013

'''မနေနိင်လို့………ထ ရေးတဲ့ကဗျာ ……နေနိင်သူတွေ မဖတ်နဲ့……'''

တနေ့တနေ့
မီးလောင်ဗုံးနဲ့
အဓိကရုဏ်းနဲ့

တနေ့တနေ့
သပိတ်စခန်း နဲ့
ဒုက္ခသည် စခန်း နဲ့

တနေ့တနေ့
ပုဒ်မ (၁၄၄) နဲ့
ပုဒ်မ ( ၁၈) နဲ့

နေ့ မ အိပ် ရ
ည မ အိပ် ရ
အ ထိတ် တ လန့်……တိုင်းပြည်


ဟိုတုန်းက
ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်းတို့ တိုင်းပြည်
ဒီကနေ့
ဒီမိုကရေစီလက်ဝေခံ သူတောင်းစားတို့တိုင်းပြည် ……

ဟိုတုန်းက ထောင်ဝင်စာပို့တဲ့ခေတ်
ဒီကနေ့ ထမင်းထုတ် ပို့တဲ့ခေတ်

အားအားရှိမြေသိမ်း
အားအားရှိလယိသိမ်း
အားအားရှိယာသိမ်း
မငြိမ်းချမ်းဘူး အမေရယ်……

စစ်တပ်က သိမ်းလိုက်
ဦးပိုင်က သိမ်းလိုက်
ခရိုနီက သိမ်းလိုက်
ဘာလုပ်စားရတော့ မလဲအမေရယ်

နေ့နေ့ညည
တထိတ်ထိတ် တလန့်လန့်
စိတ်မသန့် တဲ့ တိုင်းပြည်

လယ်သမား အရေး
အလုပ်သမား အရေး
ဒီမိုကရေစီ အရေးထက်
မိတ္ထီလာအရေး က ငယ်ထိပ်တက်
ညည အိမ်မက်ဆီုးတွေမက်တယ်အမေ

အိမ်မက်ထဲမှာ
အကြမ်းဖက် ဗုဒ္ဓဘာသာဝင်တွေ
အင်းစိန်ထောင်ထဲရောက်

အိမ်မက်ထဲမှာ
အကြမ်းဖက် မူဆလင်တွေ
ဆော်ဒီအာရေဗျ ရောက်

အိမ်မက်ထဲမှာ
သမတကြီးက မုန့်ဟင်းခါးရောင်း

အိမ်မက်ထဲမှာ
လေဒီကြီးက အင်္ဂလန်ပြန်

အိမ်မက်ထဲမှာ
တိုင်းပြည်ကို(ရှီကျင်းပင်)က အုပ်ချုပ်

လန့်လိုက်တာ အမေရယ်
အိမ်မက်ထဲမှာ
(တရုတ်နိင်ငံ ရဲတပ်ဖွဲ့ မုံရွာရဲစခန်း)တဲ့
ဆိုင်းဘုတ်လေးတွေ့ကားတွေ့ရဲ့

ကြောက်လိုက်တာ အမေရယ်
အိမ်မက်ထဲမှာ
(တရုတ်ပြည်သူ့သမတ ဗမာနိင်ငံတော်)တဲ့
ဆိုင်းဘုတ်ကြီးတွေ့ကားတွေ့ရဲ့

သွားကြပေါ့
တရုတ်ပြည်လည်းသွား
ငရဲပြည်လည်း သွား
သွားကြပေါ့

နောင်တချိန် ကြရင်
ဗမာပြည် မှာ
၂၁-ရာစု
(ဆိုရှယ် နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲသစ်)
တစ်က ပြန်စမယ်

……အဲဒီအခါ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်းသေရွာက ပြန်ထ
သခင်ဗဟိန်းလည်းသေရွာက ပြန်ထ
ဗီုလ်ချုပ်အောင်ဆန်းလည်းသေရွာကပြန်ထ
ဗန်မော်တင်အောင်လည်း
ကိုဗဆွေလေးလည်း
ဗိုလ်ကြီး အုန်းကျော်မြင့်လည်း
ဆလိုင်းတင်မောင်ဦးလည်း
ဖုန်းမော်လည်း
သက်ဝင်းအောင်………
ဗိုလ်ဘသော်………
ဖဒိုမန်းရှာ……
………………………………
………………………………
………
ဒီကဗျာရေးတဲ့ကောင်လည်း
သေရွာကပြန်ထ
မနေနိင်လို့ ထရေးတဲ့ကဗျာ
ခွေးဟောင် မှာ တော့ သေချာတယ်
…………………
……………………………

အောင်ဝေး..
……မေ ၇ ၂၀၁၃……
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ

No comments:

Post a Comment