Monday, December 9, 2013

ဒီလိုမျိုးတွေဖြစ်လာရင် ဘယ်နှယ်လုပ်မလဲ အိုယောကျာင်္တို့(အမလေး ကြက်သီးထလိုက်တာနော်)

နေရာကား ……………………..ရန်ကုန်မြို့တွင်းရှိ အထူးကုဆေးရုံကြီးတစ်ခု။

ထိုဆေးရုံ၏ သားဖွားဆောင်နေရာတွင်မူ မိန်းမတစ်ယောက်က စိုးရိမ်တစ်ကြီးဖြင့် ယောင်္ကျား

တစ်ယောက်၏ လက်ကို ကိုင်ထားလေသည်။ ထိုယောင်္ကျားကတော့ဖြင့် ကုတင်ပေါ်တွင်လှဲကာ ညည်းညူနေလေ၏။ နာကျင်လွန်းရွေ့ ဖြစ်မည်ထင့်။

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုစာလောက်ကတည်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးမကောင်းသော အမျိုးသမီးများအတွက် အမျိုးသားများ သားဖွားကိုယ်ဝန်ဆောင်နိုင်သော နည်းပညာတစ်ရပ်

ပေါ်ထွန်းလာသည်။ အမျိုးသားတွေအကုန်လုံး ကြီးငယ်လတ်မကျန်ကန့်ကွက်ခဲ့သော်လည်း အမျိုးသမီးထုကြီးက မဲအသာဖြင့် ထိုနည်းပညာကို လက်ခံခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ အမျိုးသမီးထုက အမျိုးသားထုထက် နှစ်ဆပိုမိုများပြားသည်လေ။

ထိုအချိန်မှစရွေ့ သုံးလာသည့်နည်းပညာ ယခုအချိန်မှာတော့ အတော်ပင် ထွန်းကားနေလေပြီ။

ယခင်က မိသားစု၊ အိမ်ထောင်စုများတွင်တွေ့ရသည်က မအေမိခင်ဖြစ်သူက အိမ်မှာနေထမင်းချက် ……
ဒါမျိုးတွေချည်းသာ။ ယခုတော့ အလုပ်ရှင်များလိုအပ်သည်က အမျိုးသမီးအလုပ်သမားများသာ။ အမျိုးသားနှင့်ယှဉ်လျှင် အမျိုးသမီးများက စေ့စပ်သည်လေ။ ဒီတော့ အမျိုးသားတွေ အိမ်အလုပ်လုပ်၊ ကလေးမွေးကြရုံသာ ရှိတော့တာပေါ့။


အဲဒီအပြင် ထွန်းကားလာသည့်ယဉ်ကျေးမှု့က ယောင်္ကျားလေးတွေကို ဗိုင်းကောင်းကျောက်ဖိ
နေခိုင်းခြင်းပင်။ ထိုကဲ့သို့ ဗိုင်းကောင်းကျောက်ဖိမရှိသည့် အမျိုးသားများ လပ်ထပ်တော့မည်ဆိုလျှင် အလွန်ပင်မျက်နှာငယ်ကြ၏။ မိန်းခလေးတွေကတော့ များသောအားဖြင့် ဆေးလိပ်အရက် မသောက်သုံးကြသော်လည်း လူမှု့ပတ်ဝန်းကျင်တွင် အောင်မြင်နေသူတစ်ချို့အတွက်ကတော့ မရှိမဖြစ်လိုအပ်သည့် ယဉ်ကျေးမှု့တစ်ခုဖြစ်လာသည်။

ထိုနည်းပညာထွန်းကာလာကတည်းက မြန်မာနိုင်ငံတွင် ကလေးသူငယ်များဖောင်းပွမှု့ ကျဆင်းသွား၏။ ယခင်က ကိုယ်လိုချင်သလောက် မိန်းမကိုမွေးထုတ်ခိုင်းသော အနှီသကောင့်သားတို့က သူတို့အလှည့်

ကျတော့ တစ်ယောက်လောက်မွေးဖို့တောင် မနည်းပြောယူကြရတော့၏။

ဟော….ယောင်္ကျားလုပ်သူက အသံကုန်ဟစ်ရွေ့ အော်လိုက်ပြန်ပါသည်။ သားဖွားဆရာဝန်လေးကတော့ မစိုးရိမ်ရန်…..အနည်းငယ် အားစိုက်လိုက်ဦး ….ဟုထပ်ခါထပ်ခါပြောရင်း လူနာကို အားပေးနေလေသည်။

ဟော……ကလေးငိုသံလေးကြားရပြီ………………..

အူဝဲ……………ဟု အသံမပီသေး..အူငဲ ဟုသာ ကြားရသည်။ ဖအေ လုပ်သူက မျက်ရည်လည်ရွဲဖြင့်

မျှော်လင့်တကြီးမျက်လုံးဖြင့် မအေ ဖြစ်သူကိုကြည့်ရင်း မေးလိုက်သည်။

"ခင်….မိန်းခလေး မဟုက်လား ဟင်……….."
 

"မဟုတ်ဘူး….မောင်ရယ်…….ေ.ယာင်္ကျားလေး…..မောင့်လိုပဲချစ်စရာလေ"

ယောင်္ကျားလုပ်သူ ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။ မိန်းခလေးဖြစ်ပါစေ

ဆုတောင်းထားတာ.... ခုတော့…

ဒီခေတ်မှာ ယောင်္ကျားလေးတွေ ဈေးကွက်မ၀င်တော့။ သမီးမိန်းခလေးမွေးထားသော မိဘများမှာ ဘယ်နေရာသွားသွား မျက်နှာပွင့်၏။ သားရှင်များက ခမည်းခမတ်တော်ချင်ကြ၏။ အရွယ်ရောက်လာလို့ အလုပ်လုပ်မယ်ဆိုလျှင်လည်း မိန်းခလေးများကို မှီတဲ့ ယောင်္ကျားလေးများ ပေါ်မလာ။ မိန်းခလေးများကသာ ထိပ်မှာရှိကြ၏။

သူနာပြုဆရာမလေးကတော့ ကြားလိုက်ရသောစကားသံတိုးတိုးကြောင့် ကြိတ်ရယ်လိုက်မိသည်။
 

"ခင်ရယ် သမီးမိန်းခလေး မမွေးလည်း ရှိပါစေတော့…….ကိုယ်တို့ ကလေးထပ်မယူတော့ဘူးနော်…"

သိပ်မကြာခင် အမျိုးသားရေးရာ အဖွဲ့အစည်းပေါ်လာပေလိမ့်ဦးမည်။ မိန်းခလေးများအား လွယ်လွယ်နှင့်မယုံရန်၊ ကျောရရုံကြံတတ်ကြောင်း သတိပေးစာတွေ အသိပေးစာတွေ ပလူပျံနေလိမ့်ဦးမည်။

ခိခိ
Credit - Original Writer

ဘကြီးသက်

No comments:

Post a Comment