Monday, December 9, 2013

ကမ္ဘာပေါ်တွင် ပေးကမ်းမှု အရက်ရောဆုံးစာရင်းတွင် မြန်မာနိုင်ငံ ဒုတိယချိတ်

၂၀၁၃ ခုနှစ်အတွက် ရက်ရောစွာပေး ကမ်းမှုအခြေပြဇယား (World Giving Ind- ex) ကို Charities Aid Foundation အဖွဲ့က ထုတ်ပြန်ခဲ့ရာ၌ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည့်  မြန်မာနိုင်ငံ
သည် ဒုတိယရက်ရောမှုအရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရသည်။

အဆိုပါစာရင်းကို ထုတ်ပြန်ခဲ့သည့် Charities Aid Foundation သည် ဗြိတိန်နိုင်ငံအခြေစိုက်
အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တိုက်ကြီးခြောက်ခုတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက် ရက်ရောစွာပေးကမ်းမှုအခြေအနေကို တိုင်းတာရာတွင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။လူစိမ်းများအား အကူအညီပေးမှု၊ ငွေကြေးလှူဒါန်းမှုနှင့် အခမဲ့
လုပ်အားပေးမှု အခြေအနေများပေါ်တွင် မူတည်တိုင်းတာထားခြင်းဖြစ်ပြီး ရက်ရောမှုအရှိဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံက ဖော်ပြခံရပြီး မြန်မာနိုင်ငံက ဒုတိယအဖြစ် ကနေဒါ၊ နယူးဇီလန် တို့နှင့်အတူ သတ်
မှတ်ဖော်ပြခံခဲ့ရသည်။

မြန်မာနိုင်ငံကို အမှတ်ပေးရာတွင် သူစိမ်းတစ်ရံများအား ကူညီမှုအတွက် ၄၆ ရာခိုင်နှုန်း၊ အခမဲ့လုပ်အား
ပေးခြင်းအတွက် ၄၃ ရာခိုင်နှုန်းနှင့် ငွေကြေးလှူဒါန်းမှုအတွက် ၈၅ ရာခိုင်နှုန်းရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ယောက်တွင် ကိုးယောက်က မိမိကိုယ်မိမိ ဗုဒ္ဓဘာသာအဖြစ်သတ်မှတ်ကြပြီး စစ်တမ်း
ကောက်ယူရာ၌ ငါးယောက်တွင် လေးယောက်သည် ၎င်းတို့အနေဖြင့် တစ်လအတွင်း အနည်းဆုံး
 ငွေကြေးလှူဒါန်းမှု တစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖြေဆိုခဲ့ကြသည်။

လက်ရှိစာရင်းဇယားများအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တစ်ဦးချင်းဝင်ငွေအနည်းဆုံး
နိုင်ငံဖြစ်ပြီး အာရှတွင် အာဖဂန်နစ္စတန်နိုင်ငံအပြီး အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။
 

No comments:

Post a Comment