Thursday, December 12, 2013

မြင်တွေ့ဘူးသမျှမုန့်များထဲတွင် ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသော တရုတ်မုန့်

 
ကျောင်းဈေးဆိုင်များနဲ့ မြို့ထဲရှိ မုန့်ဆိုင်များမှာတင် ပြီးကလေးများကိုရောင်းချနေကြတာပါ။ 
  • တထုပ်ကို ၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။
  • တရုတ်မုန့်ပီပီ ထုံးစံအတိုင်း ဖတ်မရတဲ့စာများနဲ့ ရေးသားထားတာပါ။
  • မုန့်တံဆိပ် လိုဂိုကတော့ ကလေးများကို လူမျိုးတုန်း သေကြေစေမယ့်သင်္ကေတလို့ ယူဆရတဲ့၊ မုန့်ထုပ်နဲ့လားလားမှ သက်ဆိုင်မှုမရှိတဲ့ ကြောက်မက်ဖွယ်ရာ အမူအရာနဲ့ အရိုးခေါင်းတံဆိပ် ရိုက်နှိပ်ထားပါတယ်။ 
  • အထဲမှာတော့ တရုတ်နို့မှုန့်လို့ ယူဆရတဲ့ ဖြူဖြူအမှုန့်တွေကို ဘိန်းဖြူပုံသဏ္ဃာန်
  • ပြုလုပ်ထားပါတယ်။
  • အဆိုးဆုံးကတော့ ဒီမုန့်ကို ကလေးတွေ စားစေတဲ့နည်းလမ်းပါ။
  • မုန့်ထုပ်ဝယ်ယူတဲ့ကလေးကို ဆိုင်ရှင်က စီးကရက်ပုံစံ စက္ကူချောင်း တချောင်းပေးပါတယ်။
  • ကလေးက အဲဒီစက္ကူချောင်းထဲကို ဖြူဖြူအမှုန့်တွေ သိပ်ထဲ့ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုတ်ပြီး စားစေတာပါ။
  • ကဲ နုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို
  • လူမျိုးတုန်းအောင် အဆိပ်ကျွေးရုံနဲ့ အားမရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်အောင် လက်တွေ့သင်ပေးနေတာ မဟုတ်ဘူးလားဗျာ။
  • ဒါ အလကားသင်ပေးနေတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ ကလေးတွေဆီက ပိုက်ဆံယူပြီးမှလုပ်တာ။
  • ဒီထက်ပက်စက်တဲ့ အကြံအစည်ရှိသေးလို့လား။ သူတို့နိုင်ငံမှာတော့ ဒီလိုလုပ်ရပ်မျိုးကို သေဒဏ် ပေးတယ်။
ကျွန်တော်တို့ နိုင်ငံမှာကော....... ဘယ်သူ့ကို ဘာဒဏ်တွေပေးကြမလဲ ?
 
ဝိသမထား၊ လောဘသားတို့၊
လုပ်ချင်တိုင်းလုပ်၊ ဤဇာတ်ရှုတ်ကို၊
နေ့ခြင်းညခြင်း၊ မဖြေရှင်းက၊
ကလေးများအားလုံး၊ ကင်ဆာဖုံးလို့၊
လူမျိုးတုန်းမှာ၊ အသေချာတည့်၊
သတိတရား၊ လက်ကိုင်ထား၍၊
ညီညာဖြဖြ၊ တွန်းလှန်ကြ။
 
ဒေါက်တာကျော်ဆွေ

No comments:

Post a Comment