Friday, December 13, 2013

သင့်ဆီမှာသာ

သင့်ဆီမှာသာ
ရေခဲသေတ္တာရှိရင်
အ၀တ်အတည်တွေရှိရင်
သင့်ခေါင်းပေါ်မှာ အမိုးအကာတစ်ခုရှိနေရင်
အိပ်ဖို့ နေရာရှိရင်
သင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ၇၅% သောလူတွေထက်ပိုချမ်းသာပါတယ်။

သင့်မှာ
ပိုက်ဆံအိတ်ရှိရင်
သင်သာ
သင်သွားလိုရာကို သွားနိုင်ရင်
သင်ဟာကမ္ဘာ့ အချမ်းသာဆုံးလူဦးရေ၏
ထိပ်ဆုံး ၁၈% မှာတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။

သင်သာ ဒီနေ့ 
ဖျားနာတာမျိုးမဖြစ်ပဲ
နေမကောင်း ထိုင်မကောင်းမဖြစ်ဘူးဆိုရင်
ဒီရက်သတ္တပတ်ထဲမှာ သေရမယ့်
သန်းနဲ့ ချီတဲ့လူစာရင်းမှာ သင်မပါသေးပါဘူး။

သင်သာ ယခု
ဒီစာတွေကိုဖတ်နေပြီး နားလည်တယ်ဆိုရင်
ကမ္ဘာပေါ်မှာရှိတဲ့ ၃ ဘီလီယံသော လူဦးရေထက်
ပိုပြီးကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။
ဘာလို့ လဲဆိုတော့
သူတို့ ဟာ ဒီစာတွေကို
မဖတ်နိုင် မမြင်နိုင်တဲ့သူတွေဖြစ်နေကြလို့ ပဲဖြစ်ပါတယ်။

===========================================
(ဓါတ်ပုံမှာ ချင်းပြည်နယ် မင်းတပ်မြို့အနီးမှာ ကျေးရွာလေး တစ်ခုတွင် ရိုက်ခဲ့စဉ်)
ZK(ကနောင်)

Aung Nay Myo

No comments:

Post a Comment