Monday, December 23, 2013

လက်သစ်ပန်းချီ


အဖေဆိုတာ
အရုဏ်ဦးရဲ့ ပန်းချီဆရာတစ်ယောက်လို
သစ်ခေါက်နီဆေးရောင်သုံးပြီး
အနီးအဝေးစုတ်ချက်တွေနဲ့
လောကရဲ့ဈေးကွက်ပေါ်တင်
မှတ်တမ်းဝင်ကောက်ကြောင်း တစ်စဟာ
ချိုမြိန်ခြင်းဘ၀လို့ ဆိုသတဲ့..။


ယုံကြည်မှုနဲ့ရေးသောပန်းချီ
ကြိုးသီတဲ့အဓိပ္ပာယ်
ဝယ်လို့လည်းမရောင်း
ဟောင်းလည်းသူမပစ်
သမိုင်းသစ်နေဖို့ပဲ လိုချင်သတဲ့..။

ဒါ...
ပန်းတို့ရဲ့ ဥယျာဉ်မှူး
ခူးပြီးလည်းသူမပန်
ပင်မြင့်စံဖို့သာ အဓိက
အဲဒီအလှတွေကြည့်ကြည့်ပြီး
ရှု့မငြီးတဲ့ အဖေ
ကုဋေချီပြီးတောင် ချမ်းသာသတဲ့..။

ဒါကြောင့်
အဖေများရဲ့ သမိုင်းတစ်ခုကို
နှိုင်းတုမရတဲ့ အလင်္ကာနဲ့
သား... ကဗျာဆရာဖြစ်ရင်
အသစ်ထွင်နိုင်ဖို့ ကြိုးစားမယ်..။

ဓနုတ်ကိုကိုဇော်

No comments:

Post a Comment