Sunday, March 9, 2014

ရည်းစားတစ်ယောက်ကိုဝေမျှထားတဲ့ အမွှာညီအမ




တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ 
သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား ၊ဖေ့ဘွတ်အကောင့်
အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက်ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ
ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ်ကအစ တူသထက်တူအောင်
 ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစလို့ အသေးစိတ်တူညီအောင်ပြုပြင်ခွဲစိတ်တာ
 ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာကုန်ကျခဲ့ပါတယ်။


ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ
 အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။ အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။
မိခင်နဲ့ အတူတူနေထိုင်တဲ့ အန်နာနဲ့ လူစီဟာ ရည်းစားကိုတောင်

တစ်ယောက်ထဲ ထားပါတယ်။ သူတို့ ရည်းစားက လျှပ်စစ်မက်ကင်းနစ် 
ဘင်ဆိုသူဖြစ်ပြီး ပါ့တ်သ်မြို့ ကပဲ ဖြစ်ပါတယ်။



အမွှာညီအမနှစ်ယောက်ရဲ့ ကံထူးသူရည်းစား


အန်နာက "ကျမတို့ ယောက်ျားလေးတစ်ယောက်ထဲကိုပဲချိန်း တွေ့ တယ်လေ။ 
ကျမတို့ ရဲ့ သမီးရည်းစား ဆက်ဆံရေးက လူသုံးယောက်ဖြစ်နေတာပေါ့။ 
 သုံးယောက်ဝေမျှကြတာပေါ့ " လူစီက ဒါကကျမတို့ အတွက် စိတ်ကသိကအောင့်
မဖြစ်ပါဘူး။ ကျမတို့ သုံးယောက်ကုတင်တခုထဲမှာ စုအိပ်ကြတာပေါ့ " တဲ့။
အရင်ကရည်းစားတစ်ယောက်စီပေမယ့် အဲဒီရည်းစားဟာလည်း ညီအကို၊

ဒါမှမဟုတ် အခင်ဆုံးသူငယ်ချင်း တွေထဲကဖြစ်နေတတ်ပါတယ်။
 

သူတို့ နှစ်ယောက်အရမ်းကိုပူးကပ်လွန်းလို့ အမေဖြစ်သူက ခပ်ခွာခွာနေကြဖို့
ပြောခဲ့ပေမယ့်မအောင်မြင် ပါဘူး။ ငယ်ငယ်က ကလေးထိန်းဌာနအတူတူ၊
နောက်မူလတန်း၊ အထက်တန်းအတူတူ၊ နောက်ကောလိပ်တက်တော့လည်း
အတူတူပါပဲ။ သူတို့ အဖေကတော့ ၂၀၁၀ မှာဆုံးပါးသွားခဲ့ပါတယ်။
"အမေကကျမတို့ ကို အမြဲ ခပ်ခွာခွာနေကြဖို့ ပြောတယ်။ အဖေကတော့

သိပ်ပြောလေ့မရှိဘူး။ သူက နင်က ဘယ်သူလဲလို့  မေးလေ့ရှိတယ်။"

လူစီရဲ့ ပါးမှာ မှဲ့ တစ်လုံးရှိပြီး၊ အန်နာ နဖူးမှာ အမာရွတ်တစ်ခုကိုကြည့်ပြီး

သူတို့ ကိုခွဲခြားရပါတယ်။ အခုတော့ အဲဒါကိုပါခွဲစိတ်ပြီးပြုပြင်လိုက်တော့ သူတို့ 
ရည်းစားတောင် ဘယ်သူမှန်းမခွဲနိုင်တော့ပါဘူး။

"ကျမတို့ ငယ်ငယ်ကဆိုရီရတယ်။ ပျင်းလာရင် သူ့ ရည်းစားကိုယ့်ရည်းစား

ချိန်းပြီးတွဲကြတယ်။ ဖုန်းပြောနေရင်း ရည်းစားနဲ့ ဆက်မပြောချင်တော့ရင် 
တစ်ယောက်က ဟန်ဆောင်ပြီး ပြောတယ်။ လူစားထိုးပြီးပြောနေတာ ဟိုဖက်တစ်ယောက်ကဘယ်တော့မှမရိပ်မိဘူး။ အဲဒါကျမတို့ ကစားနည်းတမျိုးပဲ"

သူတို့ အဖေကင်ဆာရောဂါဖြစ်တော့ ညီအမနှစ်ယောက်ပိုပြီးနီးစပ်သွားပါတယ်။
အလှသင်တန်းကထွက်ပြီး ညီအမနှစ်ယောက် အဖေမဆုံးခင်အထိ

လေးနှစ်လောက်အတူတူပြုစုခဲ့ကြတယ်။ နောက်သူတို့ အသက်၂၄ နှစ်ရောက်တော့ ကင်ကာဒက်ရှန်ကိုအားကျပြီး ရင်သားကို BB ဆိုဒ်ကနေ DD ဆိုဒ်ဖြစ်အောင်
အတူတူခွဲစိတ်ပြုပြင်ခဲ့ကြတယ်။

ကျမတို့ တစ်ယောက်ဘာတွေးနေတယ်ဆို တာတစ်ယောက်သိတယ်။ 

တယောက်က နာကျင်တဲ့ဝေဒနာခံစားနေရရင် လည်းနောက်တစ်ယောက်က
နာကျင်တယ်။ အခု တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ဝယ်ပေး တဲ့
အကြံကိုလက်လျှော့လို က်ပြီ။ ဘာလို့ လည်းဆိုတော့ကျမတို့  ၀ယ်တဲ့လက်ဆောင်ချင်း အတူတူဖြစ်နေလို့ ပါ။

ဒီလိုအလွန်အမင်းနီးကပ်မှုကြောင့် အနာဂတ်မှာအကယ်၍ တစ်ယောက်ယောက်က

အိမ် ထောင်ပြုသွားရင် ပဲဖြစ်ဖြစ် သေဆုံးသွားခဲ့ရင်ပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့တစ်ယောက်မှာ စိတ်ဒုက္ခအကြီးအကျယ်ရောက်ကျန်ခဲ့မှာ စိုးရိမ်လို့  သတိပေးမှုတွေရှိပေမယ့်
အမွှာနှစ်ယောက် ကတော့ စိတ်ပူပန်မှုမရှိပါဘူး။

"ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် အဖော်အဖြစ်မရှိတော့မယ့်နေ့ ကို 

စိတ်တောင်ကူးလို့ မရပါဘူး။ ရိုးရိုးသားသားပြောရရင် အဲဒီနေ့ လည်း
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးရှင်" လို့ လူစီကပြောပါတယ်။

 Myanmar CNN

No comments:

Post a Comment