Friday, February 7, 2014

ပသီ၊ ဘင်္ဂလီ ရိုဟင်ဂျာနှင့် နှင့် ၂၀၁၄ သန်းခေါင်စာရင်း နောက်ကွယ်မှာ

နိဒါန်း

===
လာမည့် အချိန်အတွင်း၂၀၁၄ သန်းခေါင်စာရင်းကောက်ယူပွဲကြီး စတင်ပါတော့မယ်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် တိုင်းရင်းသားလူမျိုးများ လိုတိုး ပိုလျှော့ ဖြစ်လာပါလိမ့်မယ်။
လူမျိုးစု အသစ်များ သတ်မှတ်ခံရပါလိမ့်မယ်။

တိတိကျကျ ဆိုလျှင် ၂၀၁၄ မတ်လ (၃၀) ရက်နေ့ ည သန်းခေါင်ယံတွင် တစ်နိုင်ငံလုံးတွင် စတင်ကောက်ကူကာ (၁၂) ရက် တိတိ ကြာမြင့်ပါမယ်။

တိုင်းရင်းသား မျိုးနွယ်စုများလည်း တချို့ လူမျိုးစုများအနေဖြင့် မိမိမျိုးနွယ်စုများအမည်။ အမျိုးသားအမည်များအား အစိုးရမှ ကုတ်နံပါတ်များ သတ်မှတ်ပုံများကို ယနေ့အချိန်တွင် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြလျက်ရှိသလို ကန့်ကွက်သူတိုင်းရင်းသားများလည်း ရှိနေပါတယ်။

ထို့အတူ တိုင်းရင်းသားမဟုတ်သော ပြည်တွင်းနေ လူမျိုးခြားများမှလည်း မိမိတို့ သတ်မှတ်ထားသော ကုတ်နံပါတ်များအလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ညှိနှိုင်းနေကြသလို အချို့ကလည်း တိုင်းရင်းသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆွေးနွေးညှိနှိုင်းပွဲတွေလုပ်ပြီး ကြိုးစားနေကြပါတယ်။

အဲဒီမှာ သန်းခေါင်စာရင်းထဲ ထည့်ကောက်ရမည့်သူတွေကို ရှင်းပြပါမယ်။

သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ
- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ) တွင်
   မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းရှိသူ/နေထိုင်သူများ
- သန်းခေါင်စာရင်းရည်ညွှန်းချိန်(၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ညဥ့်သန်းခေါင်ယံ)
   ကျော်လွန်ပြီးမှ သေဆုံးသူများ
- နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများ အပါအဝင် နိုင်ငံခြားတွင်
  နေထိုင်လျက် ရှိသော မြန်မာနိုင်ငံသားများ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ
- မြန်မာနိုင်ငံ အခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင်
  တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားနှင့် မိသားစုဝင်များ
- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ)
  ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများ
-----------------------------------------------------------------------------------------------

ဘင်္ဂလီလော ရိုဟင်ဂျာလော ပသီလော
======================
လွန်ခဲ့တဲ့ လပိုင်းအတွင်းက ၂၀၁၄ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး
လ၀က ၀န်ကြီး ဦးခင်ရီကိုယ်တိုင် ပြောခဲ့တာ သတိရပါတယ်။

ပြောခဲ့တဲ့ အချက်တွေက -
လူမျိုးအမည်ကို လွတ်လပ်စွာရေးသားနိုင်ကြောင်း၊
နိုင်ငံရေးပါတီများမှ ဝိုင်းဝန်းကူညီပေးရန် လမ်းညွန်မှုပေးထားပြီးဖြစ်ကြောင်း၊
သန်းခေါင်စာရင်း ကောက်ခံခြင်းသည် တိုင်းရင်းသား၊ နိုင်ငံသား သတ်မှတ်ခြင်း မဟုတ်ကြောင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းသာဖြစ်သည်ဟု ပြည်ထောင်စု လ.ဝ.က ဝန်ကြီးက
နိုင်ငံရေးပါတီများအား ခေါ်ယူရှင်းပြခဲ့ကြောင်း၊
ထိုသို့ ကောက်ခံရာတွင် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး အတွက် ကုဒ်နံပါတ် ရှိသဖြင့်
လူမျိုးစုစာရင်း အတိအကျပြုစုရန် လွယ်ကူပါကြောင်း၊ တိုင်းရင်းသား (၁၃၅) မျိုးတွင် မပါဝင်သော တိုင်းရင်းသား လူမျိုးစုများလည်းရှိပါကြောင်း ၊
အချို့မှာ လူဦးရေအားဖြင့် သိန်း၊ သန်းချီ၍ရှိပါကြောင်း၊ 
ထိုလူမျိုးစုများဖြစ်သော ဇိုမီး၊ ပသီ၊ ရှမ်းနီ၊ ကူကီး၊ ရိုဟင်ဂျာ စသည်တို့က အမှတ်စဉ်( ၁၁) ကုဒ်နံပါတ် (၉၁၄) အခြား ဇယားတွင် ဖြည့်စွက်နိုင်ကြောင်း ...။


ဆိုတော့က ကုဒ်နံပတ် (၉၁၄) ဆိုတာကို ရှာဖွေ လေ့လာကြည့်မိတော့



အမှတ်စဉ် (၅) မှာ ရိုဟင်ဂျာ လို့ လူမျိုးအမည် ပါနေတာကို တွေ့ရပါတယ်..။
အရင် နအဖစာရင်းတွေမှာ တိုင်းရင်းသား ၁၃၅ မျိုးပြင်ပက အခြားလူမျိုးမှာ ရိုဟင်ဂျာဆိုတာ
မပါဝင်ဘူး..။ ဒါပေမယ့် အခု အစိုးရ (လ၀က) က သတ်မှတ်လိုက်တဲ့ အခြားလူမျိုး တနည်းအားဖြင့် မြန်မာမွတ်စလင် လို့ ခြုံငုံခေါ်ဝေါ်နေကြတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာ ဆိုတာကို
နံပါတ်(၅) အနေနဲ့ သတ်မှတ်လိုက်ပါတယ်။

အဲဒီအမည်ကို ကုဒ်နံပါတ် အနေနဲ့ ဘယ်တာဝန်ရှိသူက ရောချ သတ်မှတ်တာပါလဲ..။ ဘာ့ကြောင့် ရိုဟင်ဂျာလို့ လက်ခံထားတာပါလဲ..။

အဲဒီမှာ ပြဿနာ ရှိလာပါတယ်။ ဒီ ကုဒ်နံပါတ်ဟာ အခုလောက်ဆိုရင် ပြည်တွင်းနေ
အသိုင်းအ၀ိုင်းနဲ့ ရခိုင်ရှိ ဘင်္ဂလီ အသိုင်းအ၀ိုင်းကြားထဲမှာ ပျံနှံ့နေပြီဖြစ်ပါတယ်။

အဲဒီမှာ လေ့လာစရာ အချက် နှစ်ချက် တွေ့လာပါတယ်။

(၁)  မြန်မာမွတ်စလင်လို့ သတ်မှတ်ထားတဲ့ အစ္စလာမ်ဘာသာဝင် လူမျိုးစုများအားလုံး
(ဇိုမီး၊ ပသီ၊ ရှမ်းနီ၊ ကူကီး၊ ရိုဟင်ဂျာ) ကို စုစည်းပြီး  ပသီ တိုင်းရင်းသား လူမျိုးစုအဖြစ်
ဘာသာရေးအရ ပုံဖော်ကြိုးပမ်းနေဖို့ လုပ်ဆောင်ချက်တွေလည်း တခဲနက်ရှိလာလို အရင်
ဦးရာဇတ် လမ်းညွှန်ခဲ့တဲ့ မြန်မာမွတ်စလင် ဆိုတဲ့အတိုင်း ပြည်တွင်းနေတချို့က ဆက်လက်ရပ်တည်ချင်တာတွေလည်း တွေ့ရပါတယ်။ ဘင်္ဂလီကို ရိုဟင်ဂျာအဖြစ် မသတ်မှတ်ချင်သူ ပြည်တွင်းနေတွေကိုလည်း တွေ့လာရပါတယ်။

အကယ်ရွေ့ ပြည်တွင်းနေ အမျုားစုက တိုင်းရင်းသားအဖြစ် အစ္စလာမ်ဘာသာဝင် အားလုံးကို
စုစည်းပြီး ပသီလူမျိုးစုအဖြစ် သတ်မှတ်ဖို့ ကြိုးစားမယ်ဆိုရင်  ရခိုင်မှာ ရှိနေတဲ့ သိန်းနဲ့ချီနေတဲ့
ရိုဟင်ဂျာဆို သူတွေကိုကော မြန်မာမွတ်စလင် (တနည်းအားဖြင့်) ပသီ တိုင်းရင်းသားအဖြစ်
သတ်မှတ်ဖို့ ကြိုးစားမှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ နိုင်ငံသားပဲဖြစ်ဖြစ် တိုင်းရင်းသားပဲဖြစ်ဖြစ်သတ်မှတ်ရင် ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

(၂) နောက်တစ်ချက်က ရိုဟင်ဂျာ ဆိုတဲ့ ကုဒ် သတ်မှတ်ချက်ကို လက်ခံလိုက်ပြီဆိုရင် လူဦးရေစာရင်းအရ ဖြစ်လာမယ့် အကျိုးဆက်ကို သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ
ရိုဟင်ဂျာလို့ သန်းခေါင်စာရင်းမှာ ရေးမယ့်သူ တနည်းအားဖြင့် ကုဒ် (၉၁၄/၅) လို့ ဖြည့်စွက်မယ့်
သူဟာ အနည်းဆုံး ခုနှစ်သိန်းလောက် ရှိလာနိုင်ပါတယ်...။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ..။ ဆိုလိုချင်တာက အခြား လူမျိုးမှာ (ရိုဟင်ဂျာ) လို့ လက်ခံထားတဲ့ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ..။

ရိုဟင်ဂျာ လူဦးရေ စာရင်း အတိအကျ ရရင် ဘာလုပ်မှာပါသလဲ..။

အဲဒီမှာ OIC အတွင်းရေးမှူးချုပ် ပြည်တွင်း ပြည်ပ မှာပြောခဲ့တဲ့ စကားတွေကို သတိရပါတယ်..။

၂၀၁၄ သန်းခေါင်စာရင်းဟာ ရခိုင်ရှိ  တိုင်းရင်းသားမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်
မျိုးနွယ်စုတွေအတွက် ရလာဒ် တစ်ခု ဖြစ်လာမယ် ဆိုတာပါ..။

အဲဒီစကားနဲ့ တစ်ဆက်တည်းမှာ ၂၀၁၄ မြန်မာ့ သန်းခေါင်စာရင်းအလံနဲ့ OIC အလံကို ယှဉ်ကြည့်မိပါတယ်..။



------------------------------------------------------------------------------------------------------------------

၁၉၈၂ နိုင်ငံသား ဥပဒေ
==============
အဲဒီတော့ ..
ဒီလို အားနှည်းချက်တွေ ထောက်ပြချက်တွေကို ကိုင်တွယ်ဖို့အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေကြီးရှိပါတယ်။ မစိုးရိမ်ပါနဲ့ လို့ ကျွန်တော့်ကို ပြန်ပြောပါလိမ့်မယ်...။

ဒီ ဥပဒေနဲ့ပတ်သက်ပြီး အငြင်းတွေပွားနေကြတယ်...။
အာဏာရှင်ဆန်တယ်ပြောသူကပြောတယ်။
တင်းကျပ်လို့ ကောင်းတယ်ပြောသူက ပြောတယ်..။

ဒါပေမယ့် ၁၉၈၂ နိုင်ငံသားဥပဒေမှာ ပြဌာန်းထားတဲ့ အားနည်းချက်တွေရှိပါတယ်။

ပုဒ်မ (၄) နဲ့ ပုဒ်မ(၈) ပါ။



အဲဒီ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်ခဲ့ရင်ရော .... ဆိုတဲ့မေးခွန်းကို မိမိဘာသာ ပြန်မေးကြည့်ကြပါ။

တာဝန်ခံမှု
=======
White card ကို လက်လွတ်စပယ်ပေးခဲ့တာတွေ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ၊
ပြည်ထောင်စုလွှတ်တော်ထဲအထိ နိုင်ငံသားအဖြစ် အငြင်းပွားဆဲသူတွေ ရောက်ရှိနေရာ
ယူနေခဲ့တဲ့ ယခင် စစ်အစိုးရလက်ထက်က အဂတိလိုက်စားခဲ့မှုတွေနဲ့ အာဏာသုံး
ခဲ့တာတွေကို ပြန်ပြောင်းလေ့လာကြည့်ရင်  ၂၀၁၄ သန်းခေါင်စာရင်းနောက်ကွယ်မှာ
ရိုးသားမှုရှိတယ်လို့ အာမ မခံနိုင်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ဒေသခံတိုင်းရင်းသးပါတီတွေကို ယှဉ်ပြိုင်ဖို့ မဲဆန္ဒရှင်တွေ
အရေးတကြီး လိုအပ်နေတာ အာဏာရပါတီပါ။ ဒါပေမယ့် ယခင်တုန်းကလို မိမိတို့မဲရဖို့ ဘောင်အပြင်က အာဏာရှင်ဆန်ဆန် နှုတ်မိန့်နဲ့ လက်လွတ်စပယ် ဖော်ဆောင်လို့ မရတာတွေကို ဘောင်ထဲကနေ ဖန်တီးဖို့အတွက် ဂွင်ဆင်နေတာလားဆိုတာကိုလည်း လေ့လာသုံးသပ်ဖို့လိုပါတယ်။

၂၀၁၅ မှာ white card သမားတွေ မဲပေးခွင့်ကိုလည်း ရွေးကောက်ပွဲဥပဒေထဲကနေ
မပယ်ဖျက်ထားပါဘူး။ တကယ်လို့ ရခိုင်တွေ ကျေနပ်အောင် ပယ်ဖျက်ပြီး  white card မဟုတ်ဘဲ
ဒီထက် အတွင်းကျတဲ့ ကတ်နဲ့ ဆိုရင်ကော..။

ဒီလို တွေးစရာတွေ အများကြီးပါ..။

ရခိုင်အဖွဲ့အစည်းတွေ အပါအ၀င် အမျိုးသားရေးသမားတွေနဲ့ ကျွန်တော်တို့လည်း ၁၉၈၂ ဥပဒေပါ
အချက် အများစုကို ထောက်ခံခဲ့ပါတယ်..။ ကုလားနဲ့ တရုတ်ကြားက နိုင်ငံက ဒီဥပဒေနဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ထားပါတယ်။

ဒါပေမယ့် နှစ်နှစ်ဆယ်ကျော် စစ်အာဏာရှင်လက်ထက်မှာ ဒီဥပဒေ တကယ် အသက်ဝင် စိုးမိုးမှုရှိရဲ့လားဆိုတဲ့အမေးကလည်း ဖြေစရာမလိုတဲ့ သက်သေတွေ အများကြီးရှိပါတယ်..။

နောက်ပြီး မိမိ ထောက်ခံတဲ့ ဥပဒေဘောင်ထဲကို ဘင်္ဂလီကို ရိုဟင်ဂျာအမည်ခံ ပြီး လူမျိုးစုစ်ခုခုထဲကိုပဲဖြစ်ဖြစ် တိုင်းရင်းသားပဲဖြစ်ဖြစ် နာမည်အရေခြုံတစ်ခုနဲ့ ဘောင်ဝင်အောင် ....
ဆွဲသွင်းခဲ့တယ်ဆိုရင် ......

ခင်ဗျားတို့ ကျွန်တော်တို့မှာ အဖြေရှိပါသလား..။

အထူးသဖြင့် ...
အမျိုးသားရေး ကို အဓိကဦးတည် လှုပ်ရှားနေသူတွေ အားလုံးကို ...
ဒီမေးခွန်း ... မေးပါတယ်။

မဖြစ်ရင်တော့ ..
ဘာမှ မဖြစ်ဘူးပေါ့ဗျာ..။

ငရဲသား

No comments:

Post a Comment