Saturday, February 8, 2014

သမ္မတကြီး၏ လေထဲတိုက်အိမ်ဆောက်နေသော နိုင်ငံရေးအခင်းအကျင်းသစ်






သူငယ်ချင်းရေ။
၂၀၁၄ ဖေဖော်ဝါရီရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ သမ္မတကြီး ရဲ့ လစဉ် မိန့်ခွန်းအသစ်ကို ဖတ်ရှုလိုက် ရတော့နိုင်ငံရေးအခင်းအကျင်းသစ်” ဆိုတဲ့ ဝေါဟာရပါရှိလာတာတွေ့လိုက်ရ တယ်။ နိုင်ငံရေးအခင်းအကျင်းသစ်တစ် ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေး စိန်ခေါ် မှုများကို သဘောထားကြီးကြီးထားပြီး ရင်ဆိုင်ကျော်လွှားခဲ့တယ်လို့ဆိုတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ပေါင်းစည်းညီညွတ်ရေးလုပ်ငန်း စဉ်တွေကို ခိုင်မာတဲ့ သန်္နိဋ္ဌာန်နဲ့
 ဆောင် ရွက်နေသတဲ့။ ပြည်တွင်းငြိမ်းချမ်းရေး အရုဏ်ဦးကိုလည်း ရောက်ရှိနေပြီတဲ့။

ကမ္ဘာပေါ်မှာ မိန့်ခွန်းအပြောဆုံးသမ္မတသာ ရွေးချယ်ရင် တို့သမ္မတ ဂင်းန်နစ် စံချိန်ဝင်လောက်တယ်။ ပြည်သူတွေက ပထမအစတုန်းကတော့ သမ္မတမိန့်ခွန်း လွှင့်ချိန်ဆိုရင် စိတ်ဝင်တစား၊ သမ္မတမိန့် ခွန်းဖတ်ရတော့မယ်ဆိုရင် အံ့သြဘနန်း ၀မ်းပန်းတသာရှိခဲ့ပေမဲ့ ခုများကျတော့ ပြောတာလည်း မင်းပါပဲဆိုပြီးလိုင်း ဖတ် ၃ တန်းကျော် စနစ်နဲ့ ဖတ်၊ တစ်လုံး  
မှတ် ၁၀ လုံးမေ့ ပုံစံနဲ့ပဲ တန်ဖိုးထားလာ ကြတော့တယ်။
 

လက်တွေ့မဲ့ သဘောတရားတွေက ပြည်သူရဲ့ အစာအိမ်ဟွန်းသံတွေ၊ လယ်သမားတွေရဲ့ လက်ငုတ်လက်ရင်းမဲ့ ပြဿ     နာတွေ ၊ တရားရေးမဏ္ဍိုင်ဒယိမ်း ဒယိုင်အောက်က လူထုရဲ့ ဗျာပါဒတွေ၊ ကိုယ့်အစိုးရ မဟုတ်တော့သလို ၀မ်းနည်း ပက်လက်ဖြစ်နေရတဲ့ မြေသိမ်းခံပြည်သူ တွေရဲ့
 သောကမျက်ရည်တွေကို လုံးဝ သုတ်သင်ဖယ်ရှားမပေးနိုင်တာ အထင် အရှားပဲဖြစ်တယ်။  

သမ္မတမိန့်ခွန်းရဲ့ ရှေ့ ဆင့်နောက်ဆင့်ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ် နေဆဲ အရှုပ်အထွေးတွေက
 မေတ္တာ သုတ်ကို ဘီးလူးဆိုင်းတီးပေးသလို ဖြစ် နေတော့တယ်။ ယူနတီဂျာနယ် CEO နဲ့ သတင်းထောက်တွေကို အရေးယူ၊ ထောင်ဝင်စာတောင် လွတ်လပ်စွာတွေ့ ခွင့်မပေးပုံတွေနဲ့ အမူးသမားရပ်ကွက်ထဲ လှည့်ဆဲသလို နယ်လှည့်ပြီးပါးရိုက်လာတဲ့ ဗိုလ်ချုပ်ဆိုတဲ့ ၀န်ကြီးပြောစကား၊ ၄ရက် နေ့ မနက်မှာ ကံဆိုးမ သွားရာ နှင်းလိုက် လို့ဖြာ ဖြစ်ခဲ့ရတဲ့ လှည်းကူးမြို့နယ်က သမီးကလေး ကျေးရွာရဲ့ အဓမ္မအင်အား သုံး ဖျက်သိမ်းခံရမှုတွေဟာ သမ္မတကြီး ရဲ့ ပျားရည်ဆမ်းမိန့်ခွန်းတွေကို ထောက်ခံ နေတာလား၊ ဖီလာဆန့်ကျင်နေတာ လား။
 
““ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက် ဘူး။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲ
တယ်ကွ။ ဘယ်နိုင်ငံ ရေးပါတီမှလည်း မကြောက်ဘူး။ တက် နေတဲ့ အစိုးရပေါ်မှာ စော်ကား
တဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ။ ခါးကြားမှာသေနတ် ထိုးပြီးတော့၊ ပုခုံးပေါ်မှာ သေနတ်လွယ် ပြီးတော့ အုပ်ချုပ်ခဲ့တာ။ ဘာမှ မတိုး တက်ဘူးပြောတာ သောက်ရူးတွေပြော တာ မယုံနဲ့”” စတဲ့ စကားတွေဟာ ၀န်ကြီး တစ်ယောက်ရဲ့ ဂုဏ်သိက်္ခာနဲ့အညီ သန့် ရှင်းသော အစိုးရပီသစွာပြောကြားခဲ့ခြင်း ဆိုရင်တော့ နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ထားချင်နေတဲ့ 
ဝန်ကြီးကို (သို့မဟုတ်) ဦးသိန်းစိန်အစိုးရကို ပြန် ပြောစရာ တစ်ခွန်းပဲရှိပါတယ်။
 
““၀န်ကြီးခင်ဗျာ။ ကျွန်တော်တို့နိုင်ငံ ရေးသမားတွေဟာ အမိယုတ်တော့ နှုတ် ကြမ်း၊  
အဖယုတ်တော့ ကိုယ်ကြမ်းသူ တွေ မဟုတ်တဲ့အတွက် ယဉ်ကျေးစွာပဲ ပြောလိုက်ပါ့မယ်။ ကျွန်တော်တို့နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေ 
အများစုဖြစ်တဲ့အတွက် ထောင်ဆိုတာကို သူရဲ ကောင်းပြတိုက်အဖြစ် ခံယူထားသူတွေ ပါ။ ခင်ဗျားက ထောင်ထဲထည့်ထည့် မထည့်ထည့် တိုင်းပြည်အတွက် လိုအပ် သေးရင် ကျုပ်တို့က 
 ထောင်ထဲထပ်ဝင်ဖို့ အသင့်ရှိနေတဲ့သူတွေ ဖြစ်တာကြောင့် ခင်ဗျားရဲ့ စကားတွေက 
 ရွှေတောင်ကြီး ကို မနာလိုလို့ မစင်လူးဝက်က ခေါင်းနဲ့ ခွေ့သလို ဖြစ်နေတယ်။ ဒါမှမဟုတ်ကျား ကို နှုတ်ခမ်းမွှေး နုတ်မိသလိုလည်း ဖြစ် သွားနိုင်တယ်။ ခင်ဗျားပါးမရိုက်ခင် ကျုပ် တို့ ကျောပေါ်က ဂန်းပိုက်ရာတွေကို အရင်အလေးပြုလိုက်ဦးလို့ပဲ ပြောချင် တယ်””

၈၈မျိုးဆက်များဖြစ်ကြတဲ့နိုင်/ကျဉ်း ဟောင်းတွေက ဒီဝန်ကြီးကို အရေးယူ ပေးဖို့ နိုင်ငံတကာ  
ထုံးစံအတိုင်း ရာထူးက နုတ်ထွက်ခိုင်းဖို့၊ သမ္မတကြီး ဖြေရှင်းပေး ဖို့ ဂျာနယ်စာစောင်အသီးသီး
ကနေ ပြော ကြားနေပါပြီ။ ဒီဖြစ်ရပ်ကို ကြည့်ခြင်း အားဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟာ ကိုယ့်အစိုးရအဖွဲ့ကို နိုင်အောင် မထိန်းနိုင်တဲ့ နိုင်ငံတော်သမ္မတကြီးလို့ အားမနာတမ်းသာ
 ပြောလိုက်ချင်တော့ တယ်။ ဒီစာဟာ ကိုယ့်အစိုးရကို နာယက ဂုဏ်နဲ့ ညီစေချင်လို့ရေးနေ
တာဖြစ်တယ်။  

ငါတို့နာရီတွေကို ရပ်ပစ်လိုက်တဲ့ လွန်ခဲ့ သော နှစ်အစိတ်ကတည်းက အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက်ဟာ ငါတို့ ရင်မှာပွင့်လန်းရှင်သန်ခဲ့ပြီးသားဖြစ်တယ်။ သူတစ်ပါးချင်း အာဃာတမပါဘဲ
လူသား ချင်းစာနာကြဖို့ မျှော်လင့်ပြီး တောင်းပွဲ တိုက်ပွဲအမျိုးမျိုးမှာ ရင်ကော့တိုးခဲ့ကြတာ ဖြစ်တယ်။  

သမ္မတကြီးပြောတဲ့ ဒီနေ့နိုင်ငံ ရေးအခင်းအကျင်းသစ်ဆိုတာ ဘာလဲ။
၅၉ (စ) ကို ထောက်ခံပြီး  မပြင်ရေး အဆို ပြုတယ်ဆိုတဲ့ လက်မှတ်တစ်သိန်းလား
(သနားလိုက်တာ၊ ၅၉ သန်းနဲ့သိန်း  သော ပြည်သူကို ဖီလာဆန့်ကျင်ရဲတဲ့ လက်မှတ်
တစ်သိန်းပါလားနော်) နှင်းတွေ ပိန်းပိတ်အောင် ကျနေတဲ့ ဖေဖော်ဝါရီရက်၊ လှည်းကူးမြို့
နယ်မှာ တိုက်ခံအိမ် တွေ၊ ကျေးလက်ဆေးပေးခန်းတွေ၊ စာ သင်ကျောင်းတွေ အပါအ၀င်  
အိမ်ခြေ ၄၀၀ ကျော်ကို ရဲအင်အား လူအင်အား ၂၀၀၀ လောက်သုံး၊ ဘူဒိုဇာနဲ့ ထိုးခွဲ ဖျက် ဆီး
ချေမွခဲ့တဲ့ အကြမ်းဖက်မြင်ကွင်းတွေ လား။ (အဲဒီအိမ်ယာမဲ့ပြည်သူတွေ နောက် မှာ စာနာတတ်သူ နိုင်ငံရေးသမားတွေ ရပ်တည်ပေးနေလို့ အခု ပဲခူးတိုင်းထဲမှာ ဒုက္ခသည်စခန်းကြီး
တစ်ခုဖွင့်ပြီး ထိန်းပေး ထားတယ်လို့ သိရတယ်။  ခင်ဗျားတို့ ၀ဋ် လည်တဲ့နေ့ကျရင်တော့ ဘယ်သူမှ
ရပ် တည်ပေးမှာ မဟုတ်ဘူးနော်)။

နောက် တစ်မျိုး အခင်းအကျင်းသစ်ကတော့ လုံခြုံမှု ခိုင်မာလှတဲ့ စစ်လက်နက်တိုက် ကြီးကို
ဖောက်ထွင်းခံရပြီး နိုင်ငံအနှံ့ ဖြစ် ပေးနေတဲ့ ဓားပြမှုများလား...လား။ သမ္မတကြီးပြောတဲ့
နိင်ြငံရေးအခင်းအကျင်း သစ်နဲ့ ငါတို့ယူဆတွေ့မြင်နေတဲ့နိုင်ငံရေး အခင်းအကျင်းသစ်က 
တစ်လွဲစီဖြစ်နေ တာ စိတ်တော့ မကောင်းပါဘူး။ နိုင်ငံ သားအားလုံး ပူးပေါင်းပါဝင်တဲ့ အသွင် ကူးပြောင်းရေးဆိုပြီး မလိုတစ်မျိုး လိုတစ် မျိုး ဗျူ ဟာအောက်မှာ ၀င်ချည်ထွက် ချည်လုပ်နေရတဲ့
 နိုင်ငံရေးအကျဉ်းသား တွေကို ပုဆိုးလှန်ပြလိုက်တဲ့ ၀န်ကြီး စကားတွေက နိုင်ငံရေးအခင်းအကျင်း 
သစ်ကို ကန့်လန့်ကာဖွင့်လိုက်တာပါပဲ။ ဟိုနေရာလည်း တပ်ပိုင်၊ ဒီနေရာလည်း တပ်ပိုင်ဆိုပြီး 
တစ်နိုင်ငံလုံး တိုင်ပတ် အောင် လုပ်နေတဲ့ စစ်တပ်ကိုလိုနီတွေက လည်း ကြီးမားလေးလံရှုပ်ထွေး
လှတဲ့ အခင်းအကျင်းသစ်တစ်ခုပါပဲ။ ခါးပိုက်ထဲ က မြွေပွေးကို ထုတ်ရိုက်နေရသလို ဖြစ် နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ကလည်း ၂၀၁၅ ကို အဆုံးအဖြတ် ပေး မယ့် အခင်းအကျင်းသစ်တစ်ခုပါပဲ။
 
အချုပ်ဆိုရရင်တော့ အသွင်ကူး ပြောင်းရေးဆိုတဲ့ ဘူတာရုံလေးက နှင်းထု ကြားမှာ မှုန်ဝါးဝါးသာ
မြင်ရသေးတယ်။ မိုင်းနင်းမိတဲ့ မီးရထားတစ်စင်းလို ငါတို့ ပေါက်ကွဲရတော့မယ် ထင်ပါရဲ့။ သမ္မတ ကြီးက နိုင်ငံရေးအခင်းအကျင်းသစ်ဆိုပြီး လေထဲတိုက်အိမ်ဆောက်နေတုန်း နယ် လှည့်ပြီး  
ပါးရိုက်လာတဲ့ အစိုးရရဲ့ ပုံရိပ် ဆိုးကြီးတစ်ခုက ပြည်သူကို စိန်ခေါ်လိုက် ပါပြီ။  

ဘာအာဃာတမှ မထားရှာတဲ့ ငါတို့ပြည်သူတွေက အစိုးရကို စိန်မခေါ် ရသေးပါဘူး။  
စစ်မောင်းသံတစ်ခုလို ကြား လိုက်ရတဲ့ အာဏာရှင်တစ်ယောက်ရဲ့ ဖရုဿ     တွေ 
ငါတို့ကို တပ်လှန့် လိုက်တာပဲဖြစ်တယ်။ ဒီတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ
အားလုံးပြည်သူ အတွက်၊ တိုင်းပြည်အတွက်၊ အမှန်တရား အတွက် ထောင်ထဲထပ်ဝင်ဖို့  
အားမွေး ထားကြ။

ဆွေနိုင်ဦး (၈၈)
Hot News Weekly 

No comments:

Post a Comment