Saturday, March 1, 2014

Bad breath ခံတွင်းနံ့ မကောင်းရင်

Bad breath ခံတွင်းနံ့ မကောင်းရင်

ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ခံတွင်းနံ့ဆိုးပါတယ်ဆရာ။ သွားဆရာဝန်ပြတဲ့အခါ tartar cleaning လုပ်ပေးလိုက်ပါတယ်။ အဲ့ဒါလုပ်ပြီးကတည်းက ရံဖန်ရံခါ သွားကျင်တာခံစားရပါတယ်။ အဲ့ဒါကြောင့်လဲ ဖြစ်ကောင်းမှ ဖြစ်မှာပါ။ ကျွန်တော် မသိပါခင်ဗျာ။ အစာစားပြီးတိုင်း ပလုတ်ကျင်း၊ သွားတိုက်သော်လည်း ခံတွင်းနံ့ဆိုးမပျောက်ပါ။ စကားပြောရာတွင် ရဲရဲဝံ့ဝံ့ပင်မပြောဝံ့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို ခံစားရပါသည်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ အကြောင်းရင်းနဲ့ အနံ့ မဆိုးအောင် ဘယ်လိုပြုမူနေထိုင်ရမလဲ သိပါရစေ။ သွားဘက်ဆိုင်ရာ ကိရိယာများကြောင့် ကူးစက်ရောဂါ (ဥပမာ HIV) ကူးစက်နိုင်ပါသလား သိပါရစေခင်ဗျာ။ သွားဘက်ဆိုင်ရာကိရိယာတွေဟာ တခါသုံး မဟုတ်လို့ သွားဘက်ဆိုင်ရာဆရာဝန်များအနေနဲ့ မည်သို့မည်ပုံ သန့်ရှင်းသည်ကို သိလို၍ မေးမြန်းခြင်းပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ဆရာ။

လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲအနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

• အစားအစာတွေကိုပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာအဆုပ်ကိုရောက်ရာကနေအသက်ရှူထုတ်တော့ ဆိုင်ရာအနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာအစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာအနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရောမေးရိုးပါ ရောဂါ ရစေနိုင်တယ်။
• ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာအနံ့ ဖုံးပေးတာလောက်သာတတ်နိုင်တယ်။
• သွားတုတပ်တာနေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲအနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။
• Dry mouth (Xerostomia) ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာပါးစပ်ကိုသန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကိုဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလိုကောင်းကျိုးတွေ မဖြစ်စေတော့ဘဲပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ Salivary gland တံတွေးထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။
• နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါ နဲ့ ကျောက်ကပ် ရောဂါတွေ ကြောင့်လဲအာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don't let your tongue become a dirty carpet! လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလိုမဖြစ်ပါစေနဲ့လို့ တင်စားပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ (ဗက်တီးရီးယား) ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလိုပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေကပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုးထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကိုဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲအနံ့ဆိုကိုဖုံးပေးတာသာဖြစ်တယ်။ လျှာကိုသန့်ရှင်းရေးကပိုအရေးကြီးတယ်။
(၂) Mouth ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲကတချို့တွေကအနံ့ဆိုးထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကိုချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptanတွေ ဖြစ်တဲ့ အနံ့ဆိုးဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာအာဖရိကကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီးဒီခေတ်မှာသူများအပြစ်တင်တာကိုပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသားမပြောပါနဲ့တဲ့။
(၃) Gum disease သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကိုအားလုံးကတော့ လက်မခံပါ။
(၄) Nose နှာခေါင်း၊ ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ ထိပ်ခပ်နာနဲ့ Foreign bodies ပြင်ပ-ပစ္စည်းဝင်နေတာတွေကနေ ဖြစ်စေမယ်။
(၅) Tonsils အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုးထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။
(၆) Esophagus အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။
(၇) Stomach အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။
(၈) Systemic diseases တခြားရောဂါတွေကတော့ Fetor hepaticusရောဂါ၊ အသက်ရှူလမ်းအောက်ပိုင်းရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာနဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်းသန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲသွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်းတနေ့တခါ လုပ်ပါ။
• သွားအတုကိုညအချိန် ဖြုတ်ထားပြီးသန့်ရှင်းပေးပါ။
• သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
• ရေများများသောက်ပါ။
• Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြားမပါတာကိုငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေသွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
• ကြော်ညာပြီးရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေးဆေးရည်တွေကို သတိပြုသုံးပါ။ ခဏလောက်သာအနံ့ဆိုးကိုဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantumverdeတွေဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းကရောင်းခွင့်ပိတ်လိုက်ပြီ။
• Antiseptic mouth-rinse တွေကပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, ChlorhexadineGluconate Mouth Wash, Chlorhexidine Mouthwash, C-Nate--ChlorhexidineGluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။
• လျှာကိုညင်ညင်သာသာတနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm ဗက်တီးရီးယား၊ Debris အစာအကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲလုပ်လို့ ရပါတယ်။ လျှာကိုမခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံအသီး-အဖုလေးတွေကိုမထိခိုက်စေပါနဲ့။
• Gargling တခုခုစားပြီးတိုင်းပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကိုသုံးတယ်။ တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲသုံးတယ်။
• အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ Betel leaf ကွမ်းသီး-အခြောက်တွေကိုဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ Squamous cell carcinoma ကင်ဆာ ဖြစ်စေမလားစိုးရိမ်တယ်။ Lemon သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲသုံးနိုင်တယ်။
• သွား-ခံတွင်းကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြားကျန်းမာရေးစစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကိုကုရတာခက်တယ်။ တာရှည်ဖြစ်နေရင် Periodontal disease သွားဖုံးရောဂါကိုဆက်ဖြစ်စေနိုင်တယ်။ Plaque on teeth သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကိုကောင်းစေတယ်လို့ သုတေသနကသက်သေမပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကိုသိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲကကဲသူတွေကိုHalitophobiaဆိုတာ Delusion halitosis လို့ ခေါ်တယ်။ အလိုလို ကြာညိုနံ့ သင်းချင်နေသူကိုပြောတာပါ။

Dr. တင့်ဆွေ
 
ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ခံတွင်းနံ့ဆိုးပါတယ်ဆရာ။
သွားဆရာဝန်ပြတဲ့အခါ tartar cleaning လုပ်ပေးလိုက်ပါတယ်။
အဲ့ဒါလုပ်ပြီးကတည်းက ရံဖန်ရံခါ သွားကျင်တာခံစားရပါတယ်။
အဲ့ဒါကြောင့်လဲ ဖြစ်ကောင်းမှ ဖြစ်မှာပါ။ ကျွန်တော် မသိပါခင်ဗျာ။
အစာစားပြီးတိုင်း ပလုတ်ကျင်း၊ သွားတိုက်သော်လည်း ခံတွင်းနံ့ဆိုးမပျောက်ပါ။ 
စကားပြောရာတွင် ရဲရဲဝံ့ဝံ့ပင်မပြောဝံ့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို
ခံစားရပါသည်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ အကြောင်းရင်းနဲ့ အနံ့ မဆိုးအောင်
ဘယ်လိုပြုမူနေထိုင်ရမလဲ သိပါရစေ။ သွားဘက်ဆိုင်ရာ ကိရိယာများကြောင့်
ကူးစက်ရောဂါ (ဥပမာ HIV) ကူးစက်နိုင်ပါသလား သိပါရစေခင်ဗျာ။
သွားဘက်ဆိုင်ရာကိရိယာတွေဟာ တခါသုံး မဟုတ်လို့ သွားဘက်ဆိုင်ရာ
ဆရာဝန်များအနေနဲ့ မည်သို့မည်ပုံ သန့်ရှင်းသည်ကို သိလို၍ မေးမြန်းခြင်းပါခင်ဗျာ။
 ကျေးဇူးတင်ပါတယ်ဆရာ။

လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။
Bad breath ခံတွင်းနံ့ မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။
သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။
အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊
 ဆေးငုံတာတွေကြောင့်လဲအနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

• အစားအစာတွေကိုပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက်
 သွေးထဲရောက်မယ်။ နောက်မှာအဆုပ်ကိုရောက်ရာကနေအသက်ရှူထုတ်တော့ ဆိုင်ရာအနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာအစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာအနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ 
Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရော
မေးရိုးပါ ရောဂါ ရစေနိုင်တယ်။

• ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊
သွားတိုက်တာတောင်မှ ခဏတာအနံ့ ဖုံးပေးတာလောက်သာတတ်နိုင်တယ်။

• သွားတုတပ်တာနေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲ
အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။

• Dry mouth (Xerostomia) ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာပါးစပ်ကိုသန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကိုဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလိုကောင်းကျိုးတွေ မဖြစ်စေတော့ဘဲပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့်
 ဖြစ်နိုင်တယ်။ Salivary gland တံတွေးထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။

• နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ 
ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါနဲ့ ကျောက်ကပ် ရောဂါတွေကြောင့်လဲ
အာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don't let your tongue become a dirty carpet! လျှာကို ညစ်ထေးနေတဲ့
 ကော်ဇောလိုမဖြစ်ပါစေနဲ့လို့ တင်စားပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ 
မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့
(ဗက်တီးရီးယား)ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်
လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလိုပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့
သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေ
တာတွေကြောင့် ပိုဆိုးစေတယ်။
 
Anaerobic bacteria အမျိုးအစားပိုးတွေကပိုဆိုးစေတယ်။ ကြာတော့ Putrescent
smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg 
ဥပုပ်တဲ့အနံ့မျိုးထွက်မယ်။  Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ 
Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကိုဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays,
Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲအနံ့ဆိုကိုဖုံးပေးတာသာဖြစ်တယ်။ လျှာကိုသန့်ရှင်းရေးကပိုအရေးကြီးတယ်။

(၂) Mouth ပါးစပ်
ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲကတချို့တွေကအနံ့ဆိုးထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကိုချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။
ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptanတွေ ဖြစ်တဲ့ အနံ့ဆိုးဓါတ်ငွေ့တွေ
 ဖြစ်စေမယ်။ Bad mouth ဆိုတာအာဖရိကကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီး
ဒီခေတ်မှာသူများအပြစ်တင်တာကိုပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့
ကောင်းချင်ရင် မုသားမပြောပါနဲ့တဲ့။

(၃) Gum disease 
သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကို အားလုံးကတော့ လက်မခံပါ။

(၄) Nose နှာခေါင်း
ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ
ထိပ်ခပ်နာနဲ့ Foreign bodies ပြင်ပ-ပစ္စည်းဝင်နေတာတွေကနေ ဖြစ်စေမယ်။

(၅) Tonsils
အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုးထွက်နိုင်တယ်။
၃-၅% မှာဖြစ်တယ်။

(၆) Esophagus
အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ 
Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။

(၇) Stomach
အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။

(၈) Systemic diseases
တခြားရောဂါတွေကတော့ Fetor hepaticusရောဂါ၊ အသက်ရှူလမ်းအောက်ပိုင်း
ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction
 ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာနဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်းသန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့
သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲသွားတိုက်ပါ။
သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။

• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်းတနေ့တခါ လုပ်ပါ။

• သွားအတုကိုညအချိန် ဖြုတ်ထားပြီးသန့်ရှင်းပေးပါ။
 
• သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
 
• ရေများများသောက်ပါ။
 
• Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြားမပါတာကိုငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေသွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
 
• ကြော်ညာပြီးရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေးဆေးရည်တွေကို
သတိပြုသုံးပါ။ ခဏလောက်သာအနံ့ဆိုးကိုဖုံးပေးမယ်။ Astring-O-Sol, Colgate,
Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantumverdeတွေဖြစ်တယ်။
Oral-B ကို ၂၀၀၉ ကတည်းကရောင်းခွင့်ပိတ်လိုက်ပြီ။

• Antiseptic mouth-rinse တွေကပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh,
Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, 
Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex 
Mouthwash, ChlorhexadineGluconate Mouth Wash, Chlorhexidine Mouthwash, 
C-Nate--ChlorhexidineGluconate, Dysinc Mouthwash, FRESHO Mouthwash,
Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, 
 Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, 
Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ
 ဖြစ်တယ်။

• လျှာကိုညင်ညင်သာသာတနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm 
ဗက်တီးရီးယား၊ Debris အစာအကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို 
Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေး
ကရိယာသုံးပါ။ ဇွန်းနဲ့လဲလုပ်လို့ ရပါတယ်။ လျှာကိုမခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ 
V-shaped ပုံရှိနေတဲ့ Taste buds အရသာခံအသီး-အဖုလေးတွေကိုမထိခိုက်စေပါနဲ့။

• Gargling တခုခုစားပြီးတိုင်းပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius 
K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, 
Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကိုသုံးတယ်။
တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲသုံးတယ်။

• အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ 
 Betel leaf ကွမ်းသီး-အခြောက်တွေကိုဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ 
Squamous cell carcinoma ကင်ဆာ ဖြစ်စေမလားစိုးရိမ်တယ်။ Lemon 
သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed 
စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea 
 ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲသုံးနိုင်တယ်။

• သွား-ခံတွင်းကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြားကျန်းမာရေးစစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကိုကုရတာခက်တယ်။ တာရှည်ဖြစ်နေရင် 
Periodontal disease သွားဖုံးရောဂါကိုဆက်ဖြစ်စေနိုင်တယ်။
Plaque on teeth သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကို
ကောင်းစေတယ်လို့ သုတေသနကသက်သေမပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကိုသိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲကကဲသူတွေကို
Halitophobiaဆိုတာ Delusion halitosis လို့ ခေါ်တယ်။
အလိုလို ကြာညိုနံ့ သင်းချင်နေသူကိုပြောတာပါ။

Dr. တင့်ဆွေ

No comments:

Post a Comment