Saturday, March 8, 2014

မိန်းမဆိုတဲ့ ပစ္စည်း

မိန်းမဆိုတဲ့ ပစ္စည်း
========================

【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟု သုံးနှုန်း

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အရာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်း တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင်တစ်ခုသာ အသုံးပြုရမည်။ အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည် အသုံးပြုနိုင်သည်။

【သတိထားရမည့်အချက်】ဤပစ္စည်းသည် တစ်ကိုယ်ရေ အမျိုးသားများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့် အသုံးပြုရမည်။ ဤပစ္စည်းကြောင့် ဘေးဖြစ်မည့် အခြေအနေသို့ ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။
မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။
အရက်ဆေးလိပ် မသောက်ဘဲ အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် ၄၅ ကီလိုမှ ၅၅ ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။

【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်" ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်း မပြုရန် အထူးတားမြစ်သည်။

【အထုပ်အပိုး】ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့် လိုက်ပြီး ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ် ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ

【အထူးအသိပေးချက်】

(၁) အိမ်ထောင်မကျသေးသော အမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံ ရှင်းလင်းချက်ကို သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာ အသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့် အတိုင်း လိုက်နာအသုံးပြုရမည်။

(၂) ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန် မသင့်ပါ။

(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့် တပြိုင်တည်း အသုံးမပြုရန် အထူးတားမြစ်သည်။

(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော ပစ္စည်းဖြစ်လျှင် ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။

(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ် မပြည့်သူများ ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။

ကဲကဲ အာ့လောက်ဆို သိလောက်ပါပြီ။ မိန်းမအကြောင်းကိုလေ ...

Credit to Generals Knowledge

【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား
သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟု သုံးနှုန်း။

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့်
 အောက်စီဂျင်ဓါတ်များပါဝင်။

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။
သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အရာများဖြင့် 
ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် 
အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်း
 တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် 
စွဲလမ်းခြင်း ဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင်တစ်ခုသာ အသုံးပြုရမည်။
အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည် အသုံးပြုနိုင်သည်။

【သတိထားရမည့်အချက်】ဤပစ္စည်းသည် တစ်ကိုယ်ရေ အမျိုးသားများနှင့်သာ
သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့် အသုံးပြုရမည်။ ဤပစ္စည်းကြောင့်
 ဘေးဖြစ်မည့် အခြေအနေသို့ ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။
မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။ အရက်ဆေးလိပ် မသောက်ဘဲ 
အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် 
၄၅ ကီလိုမှ ၅၅ ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။

【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်" ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။
အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက
 ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်း မပြုရန် 
အထူးတားမြစ်သည်။

【အထုပ်အပိုး】
ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့် လိုက်ပြီး
 ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး
တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ်
ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ

【အထူးအသိပေးချက်】

(၁) အိမ်ထောင်မကျသေးသော အမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံ ရှင်းလင်းချက်ကို သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာ 
အသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့် အတိုင်း 
လိုက်နာအသုံးပြုရမည်။

(၂) ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန် မသင့်ပါ။

(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့် တပြိုင်တည်း
အသုံးမပြုရန် အထူးတားမြစ်သည်။

(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော 
ပစ္စည်းဖြစ်လျှင် ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် 
လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။

(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ် မပြည့်သူများ 
ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။

ကဲကဲ အာ့လောက်ဆို သိလောက်ပါပြီ။ မိန်းမအကြောင်းကိုလေ ...
 

No comments:

Post a Comment