ကောင်းဆက်နိုင်
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal
ဆရာကြီးဆိုသူက ကျုပ်တို့ဝင်ခဲ့တဲ့ အပေါက်မဟုတ်ဘဲ တခြားတစ်ပေါက်ကို လက်ညှိုးထိုးပြပြီး ''မင်း ဟိုတံခါးပေါက်က ထွက်ပြီး ပြန်ဝင်လာစမ်း''တဲ့။
''ငါက အဲဒီတံခါးနဲ့ မလွတ်တဲ့ ကောင်တွေကို သင်တန်းသားအဖြစ် လက် မခံဘူး''တဲ့။
သူကပြန်မဖြေဘဲ အားရပါးရ ရယ်ပါတော့တယ်။
''ဟား... ဟား... ဟား... ဟား... မင်းဗိုက်က လူကြီးဗိုက်နဲ့ မတူ ဘဲ အပျိုဗိုက်နဲ့ တူနေတာကိုး''တဲ့။
The Flower News Journal
အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။
ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊
မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ်တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင်
တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြ တယ်။
နောင်တစ်ချိန် ဘာပြဿ နာ ပဲကြုံကြုံ သူ့ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ
တယ်ဆိုတဲ့ အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား
မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ် သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။
လူကြီးတွေ မျိုးဆက်လိုက် ကြီးပွားချမ်းသာကြတဲ့ ကျုပ်တို့နိုင်ငံမှာ ကျုပ်မိန်းမကလည်း ပုထုဇဉ်ပီပီ ကြာတော့ အားကျလာတာပေါ့လေ။ ကျုပ်ကို စာရေးဆရာ မလုပ်ဘဲ လူကြီးလုပ်ဖို့ နေ့တိုင်းတိုက်တွန်း ပါလေရော။ သစ်ငုတ်တိုများတောင်
နှဲ့ပါ များလာရင် နဲ့ချင်လာတာဆိုတော့ ကျုပ် လည်း စိတ်ကူး တဖြည်းဖြည်း
ယဉ်လာ တာ ပေါ့။ လူကြီးတွေ တန်ခိုးထွားလိုက်ပုံများ စိတ်ကူးယဉ်အိပ်မက်ထဲမှာ
နယ်လှည့်ပြီး ပြည်သူတွေကို ပါးရိုက်မိတာဗျ။ ဒါပေမဲ့ လည်း ဘာမှမဖြစ်ဘူး။
ဒါနဲ့ နောက်တစ် ခေါက် ရောက်တဲ့နေရာတိုင်း ပုဆိုးလှန်ပြ ခဲ့ပြီး
ငါနဲ့ချည်းကိုင်တုတ်ခဲ့တာ ဂျာနယ်တွေ သတင်းစာတွေကတော့ ဝိုင်းရေးကြတာပေါ့ လေ။
ဘာမှမဖြစ် ဘူးဗျ။ ကျုပ်အသိုင်းအ ဝိုင်းကလည်း ကျုပ်နဲ့ အကျင့်တူတဲ့သူတွေ
ဆိုတော့ တိုးတိုးတိတ်တိတ်တောင်
မြှောက်ပေးကြတယ်ဗျာ။ အစ်ကိုကြီးဆက်လုပ်၊ ညီ
လေး ဆက်လုပ်တဲ့။ စိတ်ကူးယဉ်ကြည့်မိတာပါ။ စိတ်ကူးထဲမှာတောင် တန်ခိုးသိပ်
ထွားနေပြီ။
ဒါပေမဲ့ ဒီခေတ်ထဲ ကျုပ်လိုအ ရပ်သားတစ်ယောက်
လူကြီးဖြစ်ဖို့ဆိုတာက နတ်ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတွေ့ဖို့ထက်တောင် ခက်တာ သိတဲ့အတိုင်းပါပဲ။ ဒါနဲ့ မိန်းမကို
လက်လျှော့ ဖို့၊ နားပူ နားဆာ မလုပ်ဖို့ပြောတော့ မလျှော့ နိုင်ဘူးတဲ့ဗျာ။
ဇွတ်ပဲ။ ရူးများနေလားအောက် မေ့ရတယ်။ ကျုပ်ကို လူကြီးဖြစ်ဖို့ Camp သွင်းမယ်တဲ့ဗျ။ ငြင်းရင် ကျုပ်ကို ကွာမယ် လို့ အကျပ်ကိုင်တယ်ခင်ဗျ။
ဒီလိုနဲ့ မိန်းမဦးဆောင်ခေါ်သွား တဲ့နေရာကို မယောင်မလည် ပါသွားတာ ပေါ့။
အထင်ကြီးစရာ မရှိပါဘူးဗျာ။ လူသူ မနီးတဲ့ တောစပ်လေးတစ်ခုနားက ထန်းလက်မိုး
ထန်းလက်ကာ တဲအကြီးကြီးတစ်ခုထဲကို ရောက် သွားတယ်။
အညာသားကြီးခင်ဗျ။
မျက်နှာ က အစ်အစ်၊ ပါးစုံ့ကြီးနဲ့ မျက်မှန်လည်း တပ် ထားသေးတယ်။
ယောဂီဝတ်စုံ က သူနဲ့တော့ သိပ်မလိုက်ဖက်သလိုပဲ။ သူ့ကြည့်ရတာ ထုံထုံအအကြီးမို့
အထင်မကြီးမိပေမယ့် ကျုပ်မိန်းမက ဆရာကြီးလို့ ခေါ်ခေါ်နေ တော့ ကျုပ်လည်း
အသားလွတ် ဆရာကြီး လို့ လိုက်ခေါ်ရတာပေါ့။
''မင်းလားကွ လူကြီးဖြစ်ချင်တယ် ဆိုတာ'' သူက လက်ညှိုးထိုးပြီးမေးတယ်။
ကျုပ်မိန်းမက ဟုတ်တယ်လို့ ဖြေစေချင်တဲ့ အမူအရာပြနေတော့ ကျုပ်လည်း ''ဟုတ်ပါတယ် ဆရာကြီး''
ကျုပ်မိန်းမက ဟုတ်တယ်လို့ ဖြေစေချင်တဲ့ အမူအရာပြနေတော့ ကျုပ်လည်း ''ဟုတ်ပါတယ် ဆရာကြီး''
လို့ ဖြေလိုက် ရတာပေါ့။
ဆရာကြီးဆိုသူက ကျုပ်တို့ဝင်ခဲ့တဲ့ အပေါက်မဟုတ်ဘဲ တခြားတစ်ပေါက်ကို လက်ညှိုးထိုးပြပြီး ''မင်း ဟိုတံခါးပေါက်က ထွက်ပြီး ပြန်ဝင်လာစမ်း''တဲ့။
တံခါးပေါက်က နိမ့်ပေမယ့် ကျုပ်က အရပ်ပုတော့ လွတ်လွတ်ထွက်ပြီး လွတ် လွတ်ကျွတ်ကျွတ် ပြန်ဝင်ပြ လိုက်တယ်။
ဆရာကြီးကပြုံးပြီး ''မဆိုးဘူး ကွ၊ မင်း ပထမအဆင့်တော့ အောင်မြင် သွားပြီ''တဲ့။
ကျုပ်က ဘုမသိ ဘမသိ လှမ်း ကြည့်နေတော့ သူကရှင်းပြတယ်။
''ငါက အဲဒီတံခါးနဲ့ မလွတ်တဲ့ ကောင်တွေကို သင်တန်းသားအဖြစ် လက် မခံဘူး''တဲ့။
''ငါတို့နိုင်ငံမှာ နက္ခတ်အသွား အလာအရ အခု ဂျပုတွေအုပ်စိုးတဲ့ ခေတ် ကွ။
မွေးလာတဲ့ ကလေးတွေ ကို နွားနို့သွား မတိုက်နဲ့ လူကောင်ထွားသွားရင် လူကြီး
ဖြစ်ဖို့ ကျိန်းကျေသွားမှာကွ''တဲ့။
''လာစမ်း ငါ့နားတိုးပြီး ရှေ့မှာ
မတ်တတ်ရပ်စမ်း''ဆိုလို့ သူ့ရှေ့မှာ ရပ်လိုက်တယ်။ သူက ဘာမပြော ညာမပြောနဲ့
ပုဆိုး ထဲက အင်္ကျီစကိုဆွဲထုတ်ပြီး ဗိုက်ကို လှန် ကြည့်ပါတော့တယ်။
''အို... ဆရာကြီးဘာလုပ် တာလဲ ခင်ဗျ''။
သူကပြန်မဖြေဘဲ အားရပါးရ ရယ်ပါတော့တယ်။
''ဟား... ဟား... ဟား... ဟား... မင်းဗိုက်က လူကြီးဗိုက်နဲ့ မတူ ဘဲ အပျိုဗိုက်နဲ့ တူနေတာကိုး''တဲ့။
ခေါင်းခါယမ်းရင်း ပြောပါတယ်။
ပြီးတော့ ဆတ်ခနဲ သူ့ပါးစောင် မှာခဲထားတဲ့ ဆေးပြင်းလိပ်မီးနဲ့ ကျုပ်ဗိုက်
ကိုထိုးလိုက်တော့ နာကျင် မှုကြောင့် 'အား' ခနဲ အော်လိုက်မိပါတယ်။
''ဘယ်လို လုပ်လိုက်တာလဲ ခင် ဗျာ''လို့ စိတ်တိုတိုနဲ့ မေးလိုက်ပါတယ်။
''တို့ဆီမှာ လူကြီးလုပ်ချင်ရင် အ နာခံရတယ်ကွ''တဲ့။
ဒီလိုနဲ့ ကျုပ်မိန်းမကို သူက အိမ် ပြန်လွှတ်လိုက်ပြီး ကျုပ်ကို
စခန်းသွင်းလေ့ ကျင့်ပါတယ်။ သူ့သင်တန်းက ဆင်းရင် ကျုပ်လူကြီး ဖြစ် မဖြစ်တော့
မသေချာဘူး။ ရူး မှာတော့ သေချာနေပါတယ်။ ဂျက်ကီချမ်း ရဲ့
အမူးသမား သိုင်းဇာတ်ကားထဲက ဂျက် ကီချမ်းကိုသင်ပေးတဲ့ သိုင်းဆရာကြီးကို
သတိရမိတယ်။
ဟိုအပင်က အရွက်တွေခူး။ ဒီ အပင်က အရွက်တွေခူး။ ဟိုဘုရားသွားလှူ ခိုင်း ဒီဘုရားသွားလှူခိုင်း၊ ယတြာချေတာ တဲ့လေ။ ပြောသေးတယ်။
''ငါတို့နိုင်ငံမှာ ဗေဒင်ယတြာနဲ့ အုပ်ချုပ်နေတာကွ''တဲ့။
သူက ''တို့ဆီမှာ လူကြီးဖြစ်ချင် ရင် ကလေးလို တွေးတတ်ရတယ်ကွ''တဲ့။
မိန့်ခွန်းပြောတတ်ဖို့နဲ့ တွေးခေါ် တတ်ဖို့ ကျုပ်ကို လာသင်ပေးသူတွေက ဘုရား ဘုရား မူလတန်းကျောင်း သားလေး တွေခင်ဗျ။
သူတို့သင်ပေးတာတွေကို ကျုပ် က မှတ်စုစာအုပ်နဲ့ လိုက်မှတ်ရတယ်။ သူတို့က
ကလေးတွေဆိုပေမယ့် ဘယ်နှယောက်တောင် သင်ပေးခဲ့ပြီးပြီလဲမသိဘူး။ မသိတာ၊
နားမလည်တာရှိရင်လည်း အရင်ရှင်း ပြတယ် ဗျ။ ကလေးတစ်ယောက်က ဘာ ပြောလဲဆိုတော့
ထမင်းတစ်နပ် လျှော့စား ရင် တိုင်းပြည်တောင် ချမ်းသာ မယ်တဲ့ဗျ။ လူဦးရေ သန်း
၆ဝ ဆိုတော့ ထမင်းတစ်နပ် တန်ဖိုးကျပ် ၅ဝဝ ဆိုရင်တောင် တစ်ရက်ကို
ကျပ် သန်းပေါင်း ၃ဝဝဝဝ သက်သာပြီး ဝင် ငွေတိုးတယ်လို့ မှတ်ရမယ်တဲ့။
အားရစရာပဲ။
ကလေးတစ်ယောက်ကတော့ မီးမလာရင် ဖယောင်းတိုင် ထွန်းရမယ်ဆိုတဲ့ အကြံပေးချက်ကို ကဲ့ရဲ့ရှုတ်ချ တယ်ဗျ။
''ဒါဟာ တိုင်းပြည်ပိုက်ဆံတွေကို ဖြုန်းတီးရာရောက်လို့ ဉာဏ်မရှိရာရောက်တယ်''တဲ့။ ဖြစ်သင့်တာက မီးမလာရင် စော စောအိပ်ပြီး မနက်နေထွက်မှ လုပ်စရာရှိ
တာ လုပ်ကြပေါ့တဲ့။
အဆိုးဆုံးကတော့ ကျုပ်ဗိုက်မှာ အမာရွတ်တွေ
များအောင်ဆိုပြီး နေ့တိုင်း ဆေးပြင်းလိပ်နဲ့ အထိုးခံရတာပဲ။ တစ်ရက် ကျတော့
ကျုပ်လက်ဖဝါးကို မြင်သွားပြီး ဒါ လူကြီးလက်ဖဝါးနဲ့ မတူဘူး လို့ပြောတယ်။
နောက်ရက် ကစပြီး ကရာတေးကျင့်တဲ့ မာကီဝါရားတိုင်ကြီးကို လက်ဝါးနဲ့ ဘယ်
ပြန်ညာပြန်ရိုက်ပြီး လေ့ကျင့်ခိုင်းတယ်။ ပါး စပ်ကကျတော့ အသံချိုကလေးနဲ့
'မိဘ ပြည်သူများခင်ဗျား'လို့ နူးနူးညံ့ညံ့လေး ချော့ရတယ်။ ပါးစပ်ကချော့၊
လက်ကရိုက် ပေါ့ဗျာ။
နောက်ပြီးတော့ ခေါင်းဆောင် လုပ်ချင်ရင်
မြက်စိုက်ဖူးရမယ်ဆိုပြီး နေ့တိုင်း ခြံထဲမှာ မြက်စိုက်ရတယ် ဗျာ။ ဘော်
လီဘောပုတ်တတ်အောင်လည်း နေ့တိုင်း လေ့ကျင့်ရတယ်ဗျာ။
ကျုပ်ရဲ့ဆရာ မူလတန်းကျောင်း သားလေးရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စား စရာ ကောင်းလှပါတယ်။
လွှတ်တော်နဲ့ အစိုးရက စီးက ရက်နဲ့ အရက်အပေါ် အခွန်မတိုးမြှင့်ခြင်းဟာ နိုင်ငံသားတွေ ဆင်းရဲနွမ်းပါးမှု ပပျောက် ဖို့ဖြစ်တယ်တဲ့။
စီးကရက်၊ အရက် ပေါပေါသုံး ဆောင်နိုင်မှ မြန်မြန်သေပြီး မြန်မြန်ဆင်းရဲ တွင်းကလွတ်မယ်ဆိုပြီး ကျုပ်ကို သင်ကြား ပို့ချပါတယ်။
ကျုပ်လည်း ထူးဆန်းတဲ့ 'လူကြီးဖြစ်သင်တန်း'ကို တက်လိုက်တော့မှ
လူကြီးဖြစ်ချင်စိတ် မရှိတော့ဘဲ ဖြစ်ချင် ရာ ဖြစ်ဆိုပြီး အိမ်ကို
ပြန်ပြေးလာခဲ့ရပါ ကြောင်း...။
No comments:
Post a Comment