Friday, March 21, 2014

မြင်သမျှ ကြားသမျှ

Photo: မြင်သမျှ ကြားသမျှ

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။ 

ကမ္ဘာကိုကြော်ငြာပြီး ”တို့နိုင်ငံဟာ လိင်တူချင်းတရားဝင်လက်ထပ်မှုအ များဆုံးနိုင်ငံဟေ့”လို့ ကြွေးကြော်ရဦးမှာလား။ ဒီလိုသာလုပ်ခွင့်ရရင် ထပ်လုပ်ကြမယ့်သူတွေအများကြီးပါ။တရားဥပဒေအရ အရေးယူ ရင်တောင် ကြည့်လုပ်ကြပါဦး။ ”မဟုတ်တာမှန်သမျှ တို့နိုင်ငံက” လို့ ပြောရမှာလား။ စဉ်းစားကြပါဦး။

စီးပွားရေးဆိုတာ လုပ်တတ်မှလား

ဘီလ်ဂိတ်ဟာ ဝန်ကြီးသားမဟုတ်ပါဘူး။ ဘယ်အစိုးရနဲ့မှ မပတ်သက်ပါဘူး။ ဒီလိုဆိုလိုက်တာနဲ့ အားလုံး သဘောပေါက်ပါလိမ့်မယ်။ ဒီမှာကလွဲလို့ ဘယ်နေရာ ဘယ်နိုင်ငံ ကိုပဲ ကြည့်ကြည့်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သန်းကြွယ် သူဌေးအတော်များများဟာ သူတို့ကိုယ်ပိုင်အတွေးအခေါ်၊ အကြံအဆ၊ လုပ်ရည်ကိုင်ရည်နဲ့ ဖြစ် လာကြတာ များပါ တယ်။ အဲအချို့သော လွတ်လပ်ခွင့် မရသောနိုင်ငံများကတော့ ကျွန်တော်တို့ နဲ့တူပါတယ်။ တူနိုင်ပါတယ်။ ဒါပေမဲ့ အတော်များများကတော့ ကိုယ်ပိုင် အစွမ်း အ စနဲ့ အောင်မြင်ကြတာချည်းပါပဲ။ ထူးဆန်းတာက ကျွန်တော်တို့ဆီက လူသိရှင်ကြား စီးပွားရေးသမားတွေဟာ အစိုးရလူကြီးများသားများနဲ့ အာဏာပိုင်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်တဲ့ သူတွေချည်းဖြစ်နေတာဟာ စဉ်းစားစရာပါ။

ငွေတွေကို သန်းပေါင်းဘီလျံနဲ့ချီပြီး အလုပ်လုပ်နေကြတာဆိုတော့ ဒီလူကြီးတွေ ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြတာလား။ အဲဒီလို ချမ်းသာလာတာမှ မဟုတ်ရင် သူတို့ရ တဲ့လခနဲ့ စုပြီး လုပ်ကြတာလား။ ဒါကလည်း ဖြစ်နိုင်ပါ့မလား။ သူတို့ရတဲ့လခဟာ သူတို့တွေ ပိုင်ဆိုင်မှုရဲ့အပုံတစ်သိန်း၊ အပုံတစ်သန်းပုံတစ်ပုံတောင် မရှိပါဘူး။  (ဆိုပါတော့ သူတို့ရဲ့လခလေး ခြစ်ခြုတ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်တင်းပြီးပိုတာလေးကို သားသမီးကို ခွဲပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ခိုင်းမယ်ဆို သူတို့ရဲ့ ပိုငွေ ဟာ စီးပွားရေးလုပ်ချင်တဲ့သားသမီးဟာ လက်ဖက်ရည်ဆိုင်ထောင်နိုင်ဖို့မပြောနဲ့ ကွမ်းယာဆိုင်တောင် အနိုင်နိုင်ဖွင့်ရမှာပါ။ ဒါတောင် အဲဒီလောက်ငွေနဲ့ ကွမ်းယာ ဆိုင်ေ တာင်ပစ္စည်းစုံတင်နိုင်မှာ မဟုတ်ပါဘူး။) ဆိုပါတော့ဗျာ။ ကွမ်းယာလေး ရောင်းရုံနဲ့တော့ မြန်မာနိုင်ငံမှာ ဘီလျံနာတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဒါဆို ဒီငွေတွေ သူတို့ ဘယ်ကရသလဲ။ နိုင်ငံတော်သမ္မတရဲ့လခကမှ မကြာသေးခင်အချိန်ကမှ သိန်းငါးဆယ်ကျော်၊ ဝန်ကြီးတွေရဲ့လခက ဘယ်လောက်လဲ။ သူတို့ရဲ့မိဘ များ ဘယ်လောက်ချမ်းသာခဲ့လဲ။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် သူတို့ လခလေးနဲ့ ဘီလျံနာကြီးတွေ ဖြစ်နိုင်ပါ့မလား။ ဒါဆို ဒီငွေတွေ ဘယ်ကရ လာ ရောက် လာတာ လဲ။ ပြောကြပါသေးတယ်။

”ကျွန်တော်တို့သားသမီးတွေက လုပ်တတ်တာကိုးဗျ” ကျွန်တော်ကတော့ ဒီလိုတွေးမိပါတယ်။

”လုပ်တတ်တယ်ဆိုတာက လာဘ်တုပ်တာပေါ့ဗျာ" နော။

တကယ်ကော ပွင့်လင်းပြီလား

တစ်ဆက်တည်း ပြောချင်ပါသေးတယ်။ ”လွတ်လပ်ပွင့်လင်းတဲ့ အချိန်ကို ရောက်လာပါပြီ”ဆိုပြီး အပြိုင်အဆိုင် ပြောနေကြပါတယ်။ တချို့ဆို အပွင့်လင်းလွန်လို့ Foul စကားလုံးတွေကို ကျွံလာကြတာ မနည်းပါဘူး။

”ဒီအချိန်မှာ ဖုံးကွယ်ထားစရာ မရှိတော့ပါဘူး။ အားလုံး ပွင့်ပွင့်လင်း လင်း ပြောကြဆိုကြဖို့ အချိန်ကျပြီ။ ဒါမှ နိုင်ငံတော်ကြီးတိုးတက်မှာ” ”ဒါဆို ပိုင်ဆိုင်မှု အရင်ပြလေ” ဘာလုပ်ရင် ဘယ်လိုလုပ်ရင် တိုး တက်မယ်တွေ ပြောမနေပါနဲ့။ ပိုင်ဆိုင် မှုတွေ ပြပေးလိုက်ရုံနဲ့ တိုးတက်မှုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပွင့်လင်းမြင် သာလာပါလိမ့်မယ်။

လူရွှင်တော်ခေတ် ဆန်းသစ်လာပြန်ပြီလား

ဟာသခေတ်ဆိုတာကို တွန်းရွှေ့ခဲ့တဲ့အထဲမှာ ကျွန်တော်ထိပ်ဆုံးကပါတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။စာပေ၊ ရုပ်ရှင် စသည်များမှာ ဟာသကို လူစိတ်မဝင်စားတော့ တဲ့ အချိန်မှာ ကျွန်တော်က ဟာသဝတ္ထုတွေ ရေးခဲ့၊ ဟာသရုပ်ရှင်တွေ မြောက်မြားစွာ ဖန်တီးခဲ့ပါတယ်။ ပထမတော့ မင်းသားတွေဟာ ရုပ်ရှင်မှာဟာသလုပ်ဖို့ ဝန်လေးကြ တာကြောင့် လူရွှင်တော်တွေကလည်း ခေတ်ဖြစ်လာဖူးပါတယ်။ နောက်ပိုင်း မှာတော့ မင်းသားတွေလည်း အနည်းငယ်ရဲတင်းလာပြီး ဟာသလုပ်ကြပါတယ်။ ဒီတော့ သြဇာပိုကြီး၊ လူချစ်လူခင်ပိုများ၊ ပေါ်ပြူလာပိုဖြစ်တဲ့ မင်းသား တွေဟာသတွေ ကိုယ်တိုင်လုပ်လာတော့ မူလလူရွှင်တော်တွေဟာ ရုပ်ရှင်မှာတိုး မပေါက်ဘဲအငြိမ့်တွေ၊ ဟာ သပြဇာတ်တွေဘက် လှည့်ကုန်ကြပါတယ်။ ရုပ်ရှင်မှာ သူတို့ဈေးကွက်က ပျက်ပြီကိုး။

သိပ်မကြာပါဘူး။ မင်းသားတွေကလည်း ဈေးကွက်အနည်းငယ်ရှိတဲ့ အငြိမ့်တွေ၊ ဟာသပြဇာတ်တွေဘက် ခြေဦးလှည့်လာပြန်ပါတယ်။ ဒီတော့ အင်အားနည်းတဲ့ လူ ရွှင်တော်တွေက နေရာဖယ်ပေးရပြန်ပါ တယ်။ ကျွန်တော်ပြောတာ မယုံရင်ကြည့်ပါ။ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အလုပ်အဖြစ်ဆုံး အငြိမ့်အဖွဲ့ဟာ မင်းသားတွေ၊ နာ မည်ကြီးအဆိုတော်တွေနဲ့ ဖွဲ့ စည်းထားတဲ့ အငြိမ့်အဖွဲ့ပါ။ သူတို့တွေ ချည်း ပွဲချီမြောက်မြားစွာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ခင်ဗျာ၊ ဟာသပါရမီသိပ် ကောင်းလှတာ မ ဟုတ်ပါဘူး။ ပြက်လုံးကို နှုတ်တိုက်ချပေးမှ ပြက်လုံးကို ဝါးခနဲလူပွဲကျအောင် ပြောနိုင်ကြတာပါ။ အခုတော့ သူတို့ဘဝလေးကို ကျွန်တော်စိုးရိမ်နေမိပါတယ်။

သူတို့က လူရွှင်တော်နေရာကို ဝင်ယူခဲ့သလို သူတို့နေရာကိုဝင်ယူမယ့် လူတွေကိုတွေ့နေရပါပြီ။ သူတို့ထက် ဟာသဥာဏ်ပိုပြောင်မြောက်တဲ့ သူတွေ ကိုတွေ့နေရပါပြီ။ ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော်က ဟာသသမားဆိုတော့ နောက်ဖြစ်လာမယ့် လူရွှင်တော်တွေကို ကျွန်တော်တွေ့နေမိပါပြီ။စဉ်းစားကြည့်လေ။ ဝန်ကြီးအချို့ နဲ့ လွှတ်တော်အမတ်အချို့သာ လူရွှင်တော်လုပ်ခဲ့ရင် … သူတို့ဘာပြောပြော အုံးခနဲကို ရယ်နေရတာ။

အဘတဲ့လား

ကျွန်တော်တို့ဆီမှာ အများဆုံး ကြားနေရတဲ့စကားပါ။ ဆယ်အိမ်မှူးကစပြီး ဟိုးအဆုံးစွန်ထိကို ကိုယ့်ထက်ကြီး သူကို ‘အဘ’လို့ ခေါ်ကြပါ တယ်။လေးစား သမှုနဲ့ ခေါ် တာလား၊ ဘာအကြောင်းကြောင့် ခေါ်ကြတာလဲ ကျွန်တော်မသိပါဘူး။ တစ်ခါတလေ ဌာနတစ်ခုရောက်ရင်

”ကျွန်တော့်အဘက အဘကိုပြောခိုင်းတယ်။ ဟိုဘက်အဘနဲ့ တိုင်ပင်ပြီး အဘကိုတင်ပြဖို့”စသည်ဖြင့်ပေါ့။

ကျွန်တော်နားလည်တာ ”အဘ ဆိုတာ အဖေလို့ခေါ်တာပါ”
လေးစားလို့ခေါ်တာ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ နောက်အဓိပ္ပာယ်တစ်မျိုးလည်း ထွက်ပါသေးတယ်။

”အဖေဆိုတာ အမေ့လင်ပါ”
ဒါကြောင့် ”အဘလို့ခေါ်လိုက်တိုင်း အမေ့လင်လို့ ခေါ်တာနဲ့ အတူတူပါပဲ”

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် 
လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ 
အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ 
ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ 
ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ 
ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ 
Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။

ကမ္ဘာကိုကြော်ငြာပြီး ”တို့နိုင်ငံဟာ လိင်တူချင်းတရားဝင်လက်ထပ်မှုအ များဆုံးနိုင်ငံဟေ့”လို့ ကြွေးကြော်ရဦးမှာလား။ ဒီလိုသာလုပ်ခွင့်ရရင် ထပ်လုပ်ကြမယ့်သူတွေအများကြီးပါ။တရားဥပဒေအရ အရေးယူ ရင်တောင်
 ကြည့်လုပ်ကြပါဦး။ ”မဟုတ်တာမှန်သမျှ တို့နိုင်ငံက” လို့ ပြောရမှာလား။ 
စဉ်းစားကြပါဦး။

စီးပွားရေးဆိုတာ လုပ်တတ်မှလား

ဘီလ်ဂိတ်ဟာ ဝန်ကြီးသားမဟုတ်ပါဘူး။ ဘယ်အစိုးရနဲ့မှ မပတ်သက်ပါဘူး။ 
ဒီလိုဆိုလိုက်တာနဲ့ အားလုံး သဘောပေါက်ပါလိမ့်မယ်။ ဒီမှာကလွဲလို့ ဘယ်နေရာ 
ဘယ်နိုင်ငံ ကိုပဲ ကြည့်ကြည့်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သန်းကြွယ် သူဌေးအတော်
များများဟာ သူတို့ကိုယ်ပိုင်အတွေးအခေါ်၊ အကြံအဆ၊ လုပ်ရည်ကိုင်ရည်နဲ့
 ဖြစ် လာကြတာ များပါ တယ်။ အဲအချို့သော လွတ်လပ်ခွင့် မရသောနိုင်ငံများကတော့ 
ကျွန်တော်တို့ နဲ့တူပါတယ်။ တူနိုင်ပါတယ်။ ဒါပေမဲ့ အတော်များများကတော့ ကိုယ်ပိုင် 
 
အစွမ်း အ စနဲ့ အောင်မြင်ကြတာချည်းပါပဲ။ ထူးဆန်းတာက ကျွန်တော်တို့ဆီက 
လူသိရှင်ကြား စီးပွားရေးသမားတွေဟာ အစိုးရလူကြီးများသားများနဲ့ အာဏာပိုင်နဲ့ 
တစ်နည်းတစ်ဖုံ ပတ်သက်တဲ့ သူတွေချည်းဖြစ်နေတာဟာ စဉ်းစားစရာပါ။
 
ငွေတွေကို သန်းပေါင်းဘီလျံနဲ့ချီပြီး အလုပ်လုပ်နေကြတာဆိုတော့ ဒီလူကြီးတွေ 
ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြတာလား။ အဲဒီလို ချမ်းသာလာတာမှ မဟုတ်ရင် 
သူတို့ရ တဲ့လခနဲ့ စုပြီး လုပ်ကြတာလား။ ဒါကလည်း ဖြစ်နိုင်ပါ့မလား။ သူတို့ရတဲ့
လခဟာ သူတို့တွေ ပိုင်ဆိုင်မှုရဲ့အပုံတစ်သိန်း၊ အပုံတစ်သန်းပုံတစ်ပုံတောင် မရှိပါဘူး။
(ဆိုပါတော့ သူတို့ရဲ့လခလေး ခြစ်ခြုတ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်တင်းပြီး
ပိုတာလေးကို သားသမီးကို ခွဲပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ခိုင်းမယ်ဆို သူတို့ရဲ့ ပိုငွေဟာ စီးပွားရေးလုပ်ချင်တဲ့သားသမီးဟာ လက်ဖက်ရည်ဆိုင်ထောင်နိုင်ဖို့မပြောနဲ့ ကွမ်းယာ
ဆိုင်တောင် အနိုင်နိုင်ဖွင့်ရမှာပါ။ ဒါတောင် အဲဒီလောက်ငွေနဲ့ ကွမ်းယာ ဆိုင်တောင်
ပစ္စည်းစုံတင်နိုင်မှာ မဟုတ်ပါဘူး။) ဆိုပါတော့ဗျာ။ ကွမ်းယာလေး ရောင်းရုံနဲ့တော့
 မြန်မာနိုင်ငံမှာ ဘီလျံနာတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဒါဆို ဒီငွေတွေ သူတို့ ဘယ်ကရသလဲ။ နိုင်ငံတော်သမ္မတရဲ့လခကမှ မကြာသေးခင်
အချိန်ကမှ သိန်းငါးဆယ်ကျော်၊ ဝန်ကြီးတွေရဲ့လခက ဘယ်လောက်လဲ။ သူတို့ရဲ့မိဘများ ဘယ်လောက်ချမ်းသာခဲ့လဲ။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် သူတို့ လခလေးနဲ့ ဘီလျံနာကြီးတွေ ဖြစ်နိုင်ပါ့မလား။ ဒါဆို ဒီငွေတွေ ဘယ်ကရ လာ ရောက်လာတာလဲ။
 ပြောကြပါသေးတယ်။

”ကျွန်တော်တို့သားသမီးတွေက လုပ်တတ်တာကိုးဗျ” 
ကျွန်တော်ကတော့ ဒီလိုတွေးမိပါတယ်။

”လုပ်တတ်တယ်ဆိုတာက လာဘ်တုပ်တာပေါ့ဗျာ" နော။

တကယ်ကော ပွင့်လင်းပြီလား

တစ်ဆက်တည်း ပြောချင်ပါသေးတယ်။ ”လွတ်လပ်ပွင့်လင်းတဲ့ အချိန်ကို
 ရောက်လာပါပြီ”ဆိုပြီး အပြိုင်အဆိုင် ပြောနေကြပါတယ်။ တချို့ဆို အပွင့်လင်းလွန်လို့
 Foul စကားလုံးတွေကို ကျွံလာကြတာ မနည်းပါဘူး။

”ဒီအချိန်မှာ ဖုံးကွယ်ထားစရာ မရှိတော့ပါဘူး။ အားလုံး ပွင့်ပွင့်လင်း လင်း ပြောကြ
ဆိုကြဖို့ အချိန်ကျပြီ။ ဒါမှ နိုင်ငံတော်ကြီးတိုးတက်မှာ” ”ဒါဆို ပိုင်ဆိုင်မှု အရင်ပြလေ” 
ဘာလုပ်ရင် ဘယ်လိုလုပ်ရင် တိုး တက်မယ်တွေ ပြောမနေပါနဲ့။ ပိုင်ဆိုင် မှုတွေ ပြပေး
လိုက်ရုံနဲ့ တိုးတက်မှုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပွင့်လင်းမြင် သာလာပါလိမ့်မယ်။

လူရွှင်တော်ခေတ် ဆန်းသစ်လာပြန်ပြီလား

ဟာသခေတ်ဆိုတာကို တွန်းရွှေ့ခဲ့တဲ့အထဲမှာ ကျွန်တော်ထိပ်ဆုံးကပါတယ်ဆိုရင်လည်း 
မမှားနိုင်ပါဘူး။ စာပေ၊ ရုပ်ရှင် စသည်များမှာ ဟာသကို လူစိတ်မဝင်စားတော့တဲ့ အချိန်မှာ 
ကျွန်တော်က ဟာသဝတ္ထုတွေ ရေးခဲ့၊ ဟာသရုပ်ရှင်တွေ မြောက်မြားစွာ ဖန်တီးခဲ့ပါတယ်။ 
ပထမတော့ မင်းသားတွေဟာ ရုပ်ရှင်မှာဟာသလုပ်ဖို့ ဝန်လေးကြ တာကြောင့် လူရွှင်တော်တွေကလည်း ခေတ်ဖြစ်လာဖူးပါတယ်။ နောက်ပိုင်း မှာတော့ မင်းသားတွေလည်း အနည်းငယ်ရဲတင်းလာပြီး ဟာသလုပ်ကြပါတယ်။ ဒီတော့ သြဇာပိုကြီး၊ လူချစ်လူခင်ပိုများ၊ ပေါ်ပြူလာပိုဖြစ်တဲ့ မင်းသား တွေဟာသတွေ ကိုယ်တိုင်လုပ်လာတော့ မူလလူရွှင်တော်တွေဟာ ရုပ်ရှင်မှာတိုး မပေါက်ဘဲအငြိမ့်တွေ၊ ဟာ သပြဇာတ်တွေဘက် လှည့်ကုန်ကြပါတယ်။ ရုပ်ရှင်မှာ သူတို့ဈေးကွက်က ပျက်ပြီကိုး။

သိပ်မကြာပါဘူး။ မင်းသားတွေကလည်း ဈေးကွက်အနည်းငယ်ရှိတဲ့ အငြိမ့်တွေ၊ ဟာသပြဇာတ်တွေဘက် ခြေဦးလှည့်လာပြန်ပါတယ်။ ဒီတော့ အင်အားနည်းတဲ့ လူ ရွှင်တော်တွေက နေရာဖယ်ပေးရပြန်ပါ တယ်။ ကျွန်တော်ပြောတာ မယုံရင်ကြည့်ပါ။
 မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အလုပ်အဖြစ်ဆုံး အငြိမ့်အဖွဲ့ဟာ မင်းသားတွေ၊ 
နာ မည်ကြီးအဆိုတော်တွေနဲ့ ဖွဲ့ စည်းထားတဲ့ အငြိမ့်အဖွဲ့ပါ။ သူတို့တွေ ချည်း 
ပွဲချီမြောက်မြားစွာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ခင်ဗျာ၊ ဟာသပါရမီသိပ် ကောင်းလှတာ 
မဟုတ်ပါဘူး။ ပြက်လုံးကို နှုတ်တိုက်ချပေးမှ ပြက်လုံးကို ဝါးခနဲလူပွဲကျအောင် ပြောနိုင်ကြ
တာပါ။ အခုတော့ သူတို့ဘဝလေးကို ကျွန်တော်စိုးရိမ်နေမိပါတယ်။

သူတို့က လူရွှင်တော်နေရာကို ဝင်ယူခဲ့သလို သူတို့နေရာကိုဝင်ယူမယ့် လူတွေကို
တွေ့နေရပါပြီ။ သူတို့ထက် ဟာသဥာဏ်ပိုပြောင်မြောက်တဲ့ သူတွေ ကိုတွေ့နေရပါပြီ။ 
ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော်က ဟာသသမားဆိုတော့ နောက်ဖြစ်လာမယ့် လူရွှင်တော်တွေကို ကျွန်တော်တွေ့နေမိပါပြီ။စဉ်းစားကြည့်လေ။ ဝန်ကြီးအချို့ နဲ့ လွှတ်တော်အမတ်အချို့သာ လူရွှင်တော်လုပ်ခဲ့ရင် … သူတို့ဘာပြောပြော အုံးခနဲကို 
ရယ်နေရတာ။

အဘတဲ့လား

ကျွန်တော်တို့ဆီမှာ အများဆုံး ကြားနေရတဲ့စကားပါ။ ဆယ်အိမ်မှူးကစပြီး ဟိုးအဆုံးစွန်ထိကို ကိုယ့်ထက်ကြီး သူကို ‘အဘ’လို့ ခေါ်ကြပါ တယ်။လေးစား သမှုနဲ့ ခေါ် တာလား၊ ဘာအကြောင်းကြောင့် ခေါ်ကြတာလဲ ကျွန်တော်မသိပါဘူး။ တစ်ခါတလေ 
ဌာနတစ်ခုရောက်ရင်
 
 ”ကျွန်တော့်အဘက အဘကိုပြောခိုင်းတယ်။ ဟိုဘက်အဘနဲ့ တိုင်ပင်ပြီး 
အဘကိုတင်ပြဖို့” စသည်ဖြင့်ပေါ့။

ကျွန်တော်နားလည်တာ ”အဘ ဆိုတာ အဖေလို့ခေါ်တာပါ”
လေးစားလို့ခေါ်တာ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ နောက်အဓိပ္ပာယ်တစ်မျိုးလည်း 
ထွက်ပါသေးတယ်။

”အဖေဆိုတာ အမေ့လင်ပါ”
ဒါကြောင့် ”အဘလို့ခေါ်လိုက်တိုင်း အမေ့လင်လို့ ခေါ်တာနဲ့ အတူတူပါပဲ”
 
နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

No comments:

Post a Comment