Sunday, March 23, 2014

ပြည်တွင်းနေ ဘာသာခြားများ သိစေရန်

ပြည်တွင်းနေ ဘာသာခြားမိတ်ဆွေတွေကိုလည်း
ပြောချင်ပါတယ်။
ခင်ဗျားတို့တွေ ကျုပ်တို့ဘာသာတူချင်း
ဘာသာရေးအစွန်းရောက်တွေကို ပြောဆိုကြတာတွေ့လိမ့်မယ်။

ဒါဟာ ဘာသာရေးအစွန်းရောက်ရင်
ဘယ်သူ့ကိုမှ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။

ခဏခဏ ပေးဖြစ်တဲ့ ဥပမာကို ထပ်ပေးဦးမယ်။


မတော်တဆ နယ်စပ်မှာ
ကရင်တွေနဲ့ ယိုးဒယားတွေ ပြဿ     .နာတက်ခဲ့ရင်
ကချင်တွေနဲ့ တရုတ်တွေ ပြဿ     .နာဖြစ်ခဲ့ရင်
ကျုပ်တို့တွေ ဘယ်ဘက် လိုက်ကြမယ်ထင်သလဲ?
သေချာတယ် ကိုယ့်တိုင်းရင်းသားဘက်ပဲ ကိုယ်လိုက်မှာ

တကယ်ဆို ယိုးဒယားတို့ တရုတ်တို့ဆိုတာ ဗုဒ္ဓဘာသာ
ကချင်တွေ ကရင်တွေက ကျုပ်တို့နဲ့ ဘာသာကွဲကောင်းကွဲမယ်
ဒါပေမဲ့ တိုင်းရင်းသားချင်းမို့ ရိုင်းပင်းတယ်။
တမြေတည်းသားချင်းမို့ သွေးစည်းတယ်။

ခင်ဗျားတို့လည်း အဲဒီလို စိတ်ရှိစေချင်တယ်။
'ခင်ဗျားတို့' ဆိုတာက ပြည်တွင်းနေဘာသာခြားကို ပြောတာ။

အခုကျတော့ ခင်ဗျားတို့က တဆိတ်ရှိ
လူနည်းစုဘက်မို့ လိုက်တာနဲ့
လူနည်းစုဘက်လိုက်ကြေးဆို ဓားပြအုပ်စုလည်း လူနည်းတယ်
ဒါနဲ့ ဘက်လိုက်မလား?

ရခိုင်ဒေသမှာ ခိုးဝင်လုံးဝမရှိဘူးလို့ ငြင်းရဲသလား?

White Card ၈သိန်းလုံး ခိုးဝင်လာတာ မမြင်ဘူးလားလို့
ကျုပ်တို့ကို ပြန်မေးတယ်။
ဟုတ်တယ်။ ၈သိန်းလုံးမဟုတ်ဘူး။ ကျန်တာက ဒီမှ ပေါက်တာ။
ဒါပေမဲ့ ဒီခေတ်မှ ပေါက်တာ။
ဒီမြေမှာ မွေးပေမယ့် သူ့ဖအေ မအေ ဟိုဘက်က လာတယ်။
ဒါကို ဘယ်လို တိုင်းရင်းသားလို့ သတ်မှတ်မလဲ?
ပြီးတော့ ဒီမှာ လုံးဝ မမွေးတဲ့ ဟိုဘက်က
လုံးလုံးခိုးဝင်လာတာတွေလည်း ရှိတယ်။

ဒါကို ခင်ဗျားတို့က ဘာသာတူလို့ဆိုပြီး ဘက်လိုက်ရင်
ကျုပ်တို့ နိုင်ငံပျောက်သွားလိမ့်မယ်။
ဒါ တိုင်းပြည်ကို ခင်ဗျားတို့ သစ္စာဖောက်နေတာပဲ
သူခိုးဓားရိုးကမ်းနေတာပဲ။

ဘာပဲဖြစ်ဖြစ် ရခိုင်ဆိုတာက ကျုပ်တို့တိုင်းရင်းသားချင်း
ခင်ဗျားတို့နဲ့ ဘာသာတူတူ မတူတူ ရိုင်းပင်းသင့်တယ်
ကိုယ့်တိုင်းရင်းသားချင်းဘက်က စိတ်ကို စာနာနားလည်ပေးရမယ်။

သူတို့ဘယ်လိုခံစားရမလဲ?
အစဉ်အဆက် ခိုးဝင်တာတွေရှိနေတယ်။
အဲဒီခိုးဝင်ပြီး ပြန့်ပွားလာတဲ့ကောင်တွေကလည်း အချိုးမပြေဘူး
သူတို့နဲ့ ခဏခဏခ ပြဿနာတက်တယ်ဆိုရင်
အဲဒီလူတွေကို ဘယ်လို သဘောထားမလဲ?
ငါတို့မြေလည်း ခိုးဝင်သေးတယ်
မင်းတို့ကလည်း လာစွာနေသေးတယ်
... ဆိုပြီး သူသူကိုယ်ကိုယ် ဒေါသထွက်မှာပဲ။

ဒီ Status ကိုရေးရတာ ရိုဟင်ဂျာလော်ဘီဆိုတဲ့ကောင်တွေ
ခဏခဏ Tags လာလုပ်လို့ရေးရတာ။
ရိုဟင်ဂျာလော်ဘီလို့ ကိုယ့်ကိုယ်ကိုပြောရင် ကျုပ်တော့အဲဒီလူကို
ကြိုးစင်သာ တင်ချင်တယ်။
ဒါ တိုင်းပြည်သစ္စာဖောက်တဲ့ကောင်ပါလို့
ကိုယ့်ကိုယ်ကို ကြေငြာနေတာပဲ။

ဘာသာရေးအရ နိပ်ကွပ်တာမျိုးကို မခံနိုင်ရင်
ခင်ဗျားတို့မှန်တယ်။.
အေး ရခိုင်ပြည်က ကိစ္စကတော့ ခွဲမြင်ရလိမ့်မယ်။
ခိုးဝင်ဆိုတာ ဒေသခံ တိုင်းရင်းသားတွေနဲ့ တည့်အောင်နေရမှာပဲ
မနေနိုင်ရင် သွားပဲ။
 

နောက်တစ်ခါ ရခိုင်ဆိုး ဘာညာနဲ့ရေးတဲ့ Post တွေ
ကျုပ်ကို လာ မ Tags နဲ့။ ကျုပ်က ဗမာ
ဒါပေမဲ့ ရခိုင်ကိုပြောရင် ကျုပ်ကို ပြောသလိုပဲ နာတယ်။
ရခိုင်တင်မကဘူး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း
... စတာတွေကို ပြောလည်း နာတာပဲ
ဘာလို့ဆို ကျုပ်တို့ တိုင်းရင်းသားချင်းမို့ပဲ။


သွန်းနေစိုး 

No comments:

Post a Comment